Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeNewsLocal News၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။

Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ အမျိုးအစား ၁၀၀ ကျော်ကို ပြသရောင်းချသွားမည်ဖြစ်သည်။

ပြပွဲတာဝန်ရှိသူများ၏ အဆိုအရ ယခုလေလံပွဲသည် နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာနိုင်ငံပြင်ပ၌ ပထမဆုံးကျင်းပသည့် မြန်မာ့ကျောက်စိမ်း လေလံပွဲဖြစ်ပြီး ကျောက်စိမ်းကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အသင်းဝင်မှတ်ပုံတင်စနစ်များကိုလည်း ပြပွဲအတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယူနန်ပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံ သဘာဝသယံဇာတဆိုင်ရာ တာဝန်ရှိဌာနတို့သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရုတ်–မြန်မာနယ်စပ် ကျယ်ကောင် (Jiegao) နယ်စပ်ကုန်သွယ်ရေးဇုန်၌ မြန်မာ့ကျောက်စိမ်း လေလံပွဲများ ပူးပေါင်းကျင်းပနိုင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုပြပွဲတွင် ကျောက်စိမ်းအကြမ်းထည်များ ကြည့်ရှုရွေးချယ်နိုင်ခြင်း၊ အချောထည်လက်ဝတ်ရတနာများ ရောင်းဝယ်နိုင်ခြင်းနှင့် အွန်လိုင်းတိုက်ရိုက်ရောင်းချမှုအစီအစဉ်များကို တစ်နေရာတည်း၌ ဆောင်ရွက်ပေးထားပြီး မြန်မာ့ကျောက်စိမ်းကို နိုင်ငံတကာဝယ်လက်များနှင့် ချိတ်ဆက်ပေးနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ဖော်ဆောင်ပေးလျက်ရှိကြောင်း ပြပွဲဘက်က ဆိုသည်။

ဇွန် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ယခုနှစ် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် နိုင်ငံနှင့်ဒေသပေါင်း ၆၈ ခုမှ လုပ်ငန်းပေါင်း ၂,၃၀၀ ကျော် ပါဝင်ပြသနေပြီး ပြည်ပလုပ်ငန်းများ၏ ပါဝင်မှုအချိုးမှာ ၄၂ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။ ထို့ပြင် နိုင်ငံပေါင်း ၄၅ ခုမှ ဝယ်ယူရေးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်မည်ဖြစ်ရာ မြန်မာ့ကျောက်စိမ်းကဏ္ဍအတွက် နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း လုပ်ငန်းရှင်များက မျှော်လင့်ထားကြသည်။

တရုတ်–တောင်အာရှ ကုန်စည်ပြပွဲသည် တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပသည့် အရေးပါသော ဒေသဆိုင်ရာ စီးပွားရေးပြပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပါဝင်လာခြင်းက မြန်မာ့ကျောက်မျက်ကဏ္ဍအတွက် နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်မည့် အလားအလာသစ်တစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့်...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။ ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာခဲ့သည့် နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။        အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းမှ လေယာဉ်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီး တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နူးဇီလန်အသင်းနှင့် ပွဲဦးထွက်ကစားသွားရမည်ဖြစ်သည်။       “ကြီးကျယ်ဂုဏ်ယူဖွယ်ကောင်းပြီး ခိုင်မာတဲ့ အီရန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု အီရန်နည်းပြ အမီယာ ဂါလီနိုအီက အားကစားကွင်းတွင် ပြုလုပ်ခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071