Monday, May 12, 2025

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...

စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး (၆,၆၂၀)ကျပ်သာသတ်မှတ်

ယခုရက်သတ္တပတ် မတ်လ(၁၂)ရက်မှ (၁၈)ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆,၆၂၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို...

လားရှိုးမြို့မဈေးကြီးအပါအဝင် ရပ်ကွက် အချို့တွင် ကျန်းမာရေးပညာပေးခြင်းများ...

ရှမ်း/မြောက် လားရှိုးမြို့၊ မြို့မဈေးကြီးအပါအဝင် မြို့ပေါ်အမှတ်(၁)နှင့် (၃)ရပ်ကွက်တို့တွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်ရှိကြောင်း သိရသည်။ အဆိုပါ ကျန်းမာရေးအသိပေးခြင်းအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကာဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း တဆက်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း...
HomeCelebrities' News၀င်းသပြေထွန်း ကိုအိမ်ထောင် ပြုစေချင်ပြီဆိုတဲ့ဧကရီစုစံ

ဝင်းသပြေထွန်း ကိုအိမ်ထောင် ပြုစေချင်ပြီဆိုတဲ့ဧကရီစုစံ

အနုပညာလောကထဲမှာ အနု ပညာမောင်နှမတွေ၊ အနုပညာညီ အစ်မတွေဆိုတာ သိပ်ကိုချစ်ခင်ကြတဲ့ သူတွေပါ။ သူတို့ဟာလုပ်ငန်းခွင်မှာ အနုပညာအလုပ် တွေ လုပ် ကိုင်ရင်း နေ့စဉ်ထိတွေ့ပြောဆိုနေ ကြသူတွေ ဖြစ်တဲ့အတွက်လည်း ခင်မင် ရင်းနှီးခဲ့ကြတာလည်းဖြစ် ပါတယ်။ ဝင်းသပြေထွန်းနဲ့ ဧကရီစုစံ တို့ နှစ်ယောက် ကတော့ ရွာဇာတ် လမ်းတွဲရိုက်ကူးခဲ့စဉ်ကစလို့ ခင်မင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ဟာ တစ် ယောက်နဲ့ တစ်ယောက်ညီအစ်မအ ရင်းတွေသဖွယ် ချစ်ခင်ခဲ့ကြပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖော်တွေ လည်းဖြစ်ခဲ့ပါတယ်။ နှစ်ဦးသားခရီးတွေလည်း အများ ကြီး သွားဖြစ်ခဲ့ကြသလို ခရီး တိုင်းမှာလည်းအမှတ်တရ တွေများစွာရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပေါ်ပြူလာ အနေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလှပုံရိပ် လေးတွေကို ဓာတ်ပုံရိုက်ရင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းနှစ်ယောက်အမှတ်တရ

ဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ ခင်မင်သွားကြတာ။ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ခဏခဏ လည်း စိတ်ကောက်ကြတယ်။ တည့်ရင်လည်းသူများတွေအမြင်ကတ် လောက်အောင်တည့် တယ်။ သူမပါ ရင် မသွားဘူးလို့ သူမစားရင်ကိုယ်မစားဘူးလို့ အဲဒီလိုတွေလုပ်ကြတာလေ။ (ရယ်လျက်) မတည့်ရင်လည်း နှစ်ယောက်သား စကားမပြောဖြစ် တာ တစ်နှစ်လောက်တောင်ကြာ သွားတယ်။ အဲဒါကရန်ဖြစ်တာလည်း မဟုတ်ဘူး။ သူကလည်းစိတ်ကောက် ပြီးမခေါ်ဘူး။ ကိုယ်ကလည်းစိတ် ကောက်ပြီးမခေါ်ဘူး။ ပြီးတော့ သူကလည်း တနင်္လာ၊ စုကလည်းတနင်္လာ ဆိုတော့ စိတ်ထဲမှာ ကောက်နေကြတာပေါ့။ စိတ်ထဲမှာတစ်ယောက်နဲ့ တစ်ယောက် ကျိတ် ကောက်နေကြတာပေါ့။ အခုကျတော့ ပြန်တည့်သွားတော့ သူမပါရင်ကိုယ်မသွားဘူးဆိုပြီး ပြန်ဖြစ်နေကြပြန်ပြီ။ အဲဒါလေးတွေ ကတော့ အမှတ်တရပါပဲ။

ဝင်းသပြေထွန်းကို မကြိုက်တာ ဘာရှိလဲ

သူကအမှတ်မထားဘူး။ စုကကျတော့မှတ်ထားတယ်။ မှတ်ထားတယ် ဆိုတာက ဥပမာ ကိုယ့်အပေါ်တစ်ယောက်ယောက်က မကောင်းဘူးဆိုရင်လည်း မှတ်ထားတယ်။ ကိုယ့်အ ပေါ်ကောင်းရင်လည်း ကိုယ်ကမှတ်ထားတယ်။ သူက အဲဒီလိုမဟုတ်ဘူး။ သူ့အပေါ်ကောင်းကောင်းမကောင်းကောင်း သူကကောင်းတယ်။ သူ့အ ပေါ် မကောင်းတဲ့လူဆိုရင်လည်း မှတ်မထားဘဲနဲ့ ဒုက္ခတွေ ခံတယ်။ အဲဒါကိုတွေ့ရင် ကိုယ်တွေကသူ့ကို ကြည့်ပြီးအားမရဘူး။ သူ့ကို အဲဒါတော့မကြိုက်ဘူး ။ ပြင်စေချင်တယ်။

သူငယ်ချင်းကိုအားကျရတဲ့အချက်

အားကျရတာကဘာလဲဆိုတော့ သူနဲ့ကိုယ်နဲ့အနုပညာအလုပ်လုပ် ကိုင်နေတာချင်းတူပေမယ့် လမ်းကြောင်းကမတူဘူး။ သူကကျတော့ အငြိမ့်ဘက်မှာ ကတာတွေလည်း တအားကောင်းတယ်။ သူ့နာမည် လေးနဲ့ သူရပ်တည်နေတယ်။ ကိုယ်ကကျတော့ အကနဲ့ပတ်သက်လို့ လုံးဝနား မလည်ဘူး။ ကလည်းမက တတ်ဘူး။ အကပညာကိုဒီလောက် ခက်ခဲမှန်းလည်းမသိဘူး။ သူနဲ့ပွဲလေးတွေ လိုက်ကြည့်တော့ သူက အပြင်မှာနေတာနဲ့ မတူဘူး။ စင်ပေါ်ရောက်ရင် တအားလှတယ်။ ကိုယ့် သူငယ်ချင်းက အဲဒီလိုတော်တဲ့ အခါကျတော့ ကိုယ့်အနေနဲ့က ဂုဏ်လည်း ယူတယ်။ သူကနေတာကို ကြည့်ပြီးလည်း မြန်မာအကက တအား ခက်ခဲပါလား ဆိုတာ တွေးမိလာတယ်။ သူ့ကိုလည်း ပိုပြီးတော့ လေးစားလာတယ်။

ဘယ်သူအရင်အိမ်ထောင်ပြုဖြစ်မလဲ

သူ့ကိုတော့အရင်အိမ်ထောင်ပြု စေချင်တယ်။ ပြုစေချင်တယ်ဆို တာက တစ်ခါတလေကျရင် သူက တအားစိတ်နှစ်လွန်းတယ်။ ကိုယ် တွေလည်း ရည်းစားတော့ထားတာ ပေါ့လေ။ သူလည်းရည်းစားထား တယ်။ သူလည်းအဆင် မပြေ ပြတ်တဲ့အချိန်ရှိတယ်။ ကိုယ်လည်း အဆင်မပြေ ပြတ်တဲ့အချိန်ရှိတယ်။ သူက စိတ်ကြီးတအားနှစ်ပြီးနေတော့ သူစိတ်မချမ်းသာတာမျိုးကို ကိုယ်ကမမြင် ချင်ဘူး။ စုလည်းစိတ် နှစ်တယ်။ ဒါပေမဲ့ အကန့်လေးတွေ ခွဲထားနိုင်တယ်။ သူနဲ့ စာရင်ကိုယ်က စိတ်နည်းနည်း မာတယ်ပြောရမလားပဲ။ အဲဒီတော့ သူပျော်နေတယ်ဆိုရင် အိမ်ထောင်ပြုစေချင်ပြီ။

Ads Space Available


Continue reading

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သင့်ကြောင်း သူကပြောကြားခဲ့သည်။ စစ်ပွဲအဆုံးသ-တ်ရေးအတွက် လက်ရှိအထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသော ရုရှားခေါင်းဆောင်က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် လက်နက်ပြန်လည်အင်အားဖြည့်ခွင့်ပေးသည့် အပစ်ရပ်ခြင်းမျိုးထက် စစ်ပွဲ၏အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းကာ ရေရှည်ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ “ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ ကိဗ်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဆရာဝန်၊ ဆရာမများနှင့်အတူ လက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သား နှစ်ရာကျော်တို့က မေတ္တာဖြင့် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်လည်း မန္တလေးပြည်သူ့ဆေးရုံကြီး (၉)ထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အပျ-က်အစီးများ ရှင်းလင်းခြင်း၊ ပျ-က်စီးခဲ့သည့် အစိတ်အပိုင်းများ ပြုပြင်မွမ်းမံပေးခြင်း၊ လိုအပ်သည့် အဲကွန်းများ ဖြည့်စွက်တပ်ဆင်ပေးခြင်း၊ M&E...

စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး (၆,၆၂၀)ကျပ်သာသတ်မှတ်

ယခုရက်သတ္တပတ် မတ်လ(၁၂)ရက်မှ (၁၈)ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆,၆၂၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို CIF စနစ်ဖြင့် တင်သွင်းနေသည့် စားအုန်းဆီဈေးနှုန်းများသည် လစဉ်ကျဆင်းလာသည်ဟု သိရသည်။ ထိုသို့ ဈေးနှုန်းများ ကျဆင်းလာသည့်အတွက်မြန်မာနိုင်ငံ၌လည်း စားအုန်းဆီရည်ညွှန်းဈေးနှုန်းများသည် လေးလတာကာလအတွင်း ၆၆၀ကျပ် ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့အပြင် စားအုန်းဆီများကို ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071