Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' Newsမြန်မာနိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကိုနိုင်ငံတကာ...

မြန်မာနိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကိုနိုင်ငံတကာ သိအောင် ပြသသွားမယ့်Miss Grand Myanmar 2018 အလှမယ်ဆုမြတ်ဖူး


Miss Grand Myanmar 2018 သရဖူဆုကို ရရှိထားသူကတော့ အလှမယ်ဆုမြတ်ဖူးဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ်အောက်တိုဘာလအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် Miss Grand 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်ရမှာဖြစ်ပါတယ်။ Miss Grand 2018 ပြိုင်ပွဲကြီးအတွက် ဆုမြတ်ဖူးရဲ့ ပြင်ဆင်မှုကတော့…

”Miss Grand 2018 ပြိုင်ပွဲ ကြီးက အောက်တိုဘာလထဲမှာ ကျင်းပ တော့မှာ ဖြစ်တဲ့အတွက် ညီမအနေနဲ့ ပြင်ဆင်ဖို့အချိန်က တစ်လလောက်ပဲ ကျန်ပါတော့တယ်။ အစစအရာရာတော့ ကြိုးစားပြီး ပြင်ဆင်ထားပါတယ်။ ခန္ဓာကိုယ်ပိုင်းကိုတော့ တော်တော်လေးအားရမှုရှိနေပါပြီ။ ဒါပေမဲ့ကိုယ့် ကိုယ်ကိုယ်တော့ အဆင်သင့်ဖြစ်နေပြီလို့ သတ်မှတ်ထားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေက Miss တွေလည်း လာရောက်ယှဉ်ပြိုင် ကြမယ်။ ကိုယ့်ထက်သာတဲ့ Miss တွေလည်း အများကြီးရှိမှာဖြစ်တဲ့အတွက် ပိုကောင်းအောင် အမြဲကြိုးစားနေမှာပါ။ ဒီနေ့ ဒီလောက်ကောင်းနေရင် နောက်နေ့ ဒီထက်ကောင်းအောင် ပိုကြိုးစားသွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် တော့ မျှော်လင့်ထားတယ် ဆိုတာထက် ကိုယ်တတ်နိုင်သလောက် ကြိုးစား သွားမှာပါ။ ပရိသတ်တွေကလည်း ညီမကို ချစ်တဲ့စိတ်နဲ့ပဲဖြစ်ဖြစ် ဝေဖန်အား ပေးကြပါ။ မြန်မာနိုင်ငံမှာလည်း လုပ်မယ်။ မြန်မာဆိုတဲ့ စလွယ်ကိုလွယ်ထား ရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု တစ်ယောက်ဖြစ်တဲ့ ညီမကို အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Miss Grand International 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ အိမ် ရှင်အဖြစ်ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် သူ့အတွက်တာဝန် ပိုကြီးပါတယ် လို့ပြောလာတဲ့ အလှမယ်ဆုမြတ်ဖူး က . ..

”Miss Grand 2018 ပြိုင်ပွဲ ကြီးမြန်မာနိုင်ငံမှာ လုပ်ခြင်း အား ဖြင့် မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းပိုင်းမှာလည်း ပိုပြီးတိုး တက်မှုဖြစ်လာနိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပြသခွင့်ရမယ်။ ပြီးတော့ မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ပြသခွင့် ရမယ်။ မြန်မာနိုင်ငံက နိုင်ငံ သူနိုင်ငံသားတွေက ဘယ်လို နွေးထွေးပျူငှာစွာ ဆက်ဆံ တတ်တယ်ဆိုတာကို တခြားနိုင်ငံက လူတွေသိ အောင် ပြသခွင့်ရမှာ ဖြစ်တဲ့အတွက် ညီမ တအားကို ပျော်နေပါ တယ်။ ကိုယ့်နိုင်ငံမှာ အိမ် ရှင်အဖြစ် ကျင်းပမှာဖြစ်တဲ့ အတွက်လည်း တအား တာဝန်ကြီးပါတယ်။ ညီမ အမှားလုပ်လို့ မရပါ ဘူး။ ညီမအမှားလုပ်မိ တာနဲ့ ညီမတစ်ယောက် တည်း မဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စား ပြုထားတဲ့အတွက် မြန်မာနိုင်ငံက တခြား လူတွေကိုပါ ထိခိုက်နိုင် ပါတယ်။ အဲဒါကြောင့် သူများထက်နှစ်ဆ ပို ကြိုးစားရမှာလည်း ဖြစ် ပါတယ်” လို့ပြောပြ ခဲ့ပါတယ်။

 

ဇော်ဝင်းအောင်

Ads Space Available


Continue reading

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071