Wednesday, April 29, 2026

သမိုင်းဝင်ဆဋ္ဌသင်္ဂါယနာတင်ပွဲအ​ကြောင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ သာသနာဝင်သမိုင်း၏ အထင်ရှားဆုံးသော မှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၌ လွန်ခဲ့သည့် နှစ် ၇၀ ကကျင်းပခဲ့သည့်...

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀)...

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ...

မော်လမြိုင်-ရန်ကုန်သွားကားလမ်းတွင် ခရီးသည်တင်ကားမီးလေ-ာင်ခဲ့မှု ဘီးလင်းမြို့နယ်တွင်ဖြစ်ပွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်သွားကားလမ်းပေါ်၌ ယနေ့ ဧပြီ ၂၉ ရက်မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်က ခရီးသည်တင်ကားမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

Rodtang နှင့် Takeru တို့...

ကမ္ဘာကျော် ONE Championship ၏ ထိပ်သီးဖိုက်တာများဖြစ်ကြသည့် ထိုင်းဖိုက်တာ Rodtang နှင့် ဂျပန်ဖိုက်တာအကျော်အမော် Takeru တို့၏ Flyweight ကစ်ဘောက်ဆင်...
HomeEntertainmentBusinessမြန်မာနိုင်ငံမှာ စီးပွားရေးတွေလုပ်ဖို့ အခွင့်အလမ်းတွေ...

မြန်မာနိုင်ငံမှာ စီးပွားရေးတွေလုပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်သားစိုး

ရောသမမွှေဆိုတဲ့နာမည်နဲ့ စီးရီးလိုက်အောင်မြင်မှုတွေရရှိခဲ့တဲ့ အဆိုတော်သားစိုးက အခုအချိန်မှာတော့ စီးပွားရေးသမားတစ်ယောက်အဖြစ် လုပ်ငန်း ပေါင်းများစွာကို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူဟာ အခုလက်ရှိမှာလည်း ရောသမစင် တာဆိုတဲ့နာမည်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဦးဆောင်ကာ လုပ်ဆောင်ပြီး စီးပွားရေးလောကမှာလည်း အောင်မြင်မှုတွေရရှိတဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လို့ လာခဲ့ပါပြီ။ သူ့အနေနဲ့ အနုပညာဘက်ကနေ စီးပွားရေးဘက်ကို အကူး အပြောင်းမှာတော့ အခက်အခဲတွေများစွာရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း သူဟာဒီအခက်အခဲတွေကို ကြိုးစားဖြတ်သန်းရင်းနဲ့ ရောသမစင်တာအထိ ဖွင့်လှစ်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူကစီးပွားရေးလုပ်ချင်တဲ့ လူငယ် တွေကိုလည်း သူ့ရဲ့အတွေ့အကြုံတွေကိုအခုလိုပြောပြခဲ့တာက . . .

”အခွင့်အလမ်းဆိုတာ ကိုယ့်ဘာသာကိုယ်လုပ်မှရမယ့်အခွင့် အလမ်းတွေရှိပါတယ်။ သူများတိုင်းပြည်မှာ သွားလုပ်ရင်တော့ သူများ လက်အောက်မှာလုပ်ရမယ်။ လစာမြင့်တယ်။ ပြီးရင်ပြန်စုပေါ့လေ။ ဒီနိုင်ငံ မှာတော့ Small Businessအနေနဲ့ လုပ်မယ်ဆိုရင်တောင် လုပ်စရာ အလုပ်တွေအများကြီးပါပဲ။ အင်တာနက်မှာရှာကြည့်ရင်တောင် အသေး စားလုပ်ငန်းတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာက စားသုံးသူတွေအများကြီးရှိတယ်။ Product ကောင်းကောင်း ဘယ်တော့မှမရှိဘူး။ နာမည်ကြီးလာတာနဲ့ အဲဒီ Productက အရည်အသွေးကျလာပြီး ပျောက်သွား တာများတယ်။ လူငယ်တွေအတွက်က အလုပ်တွေအများကြီးရှိပါတယ်။အခွင့် အလမ်းတွေအများကြီးရှိပါတယ်။ ကိုယ်ကလုပ်နိုင်မှပဲဖြစ်မှာလေ။ စနစ်ကိုပဲ အပြစ်တင်နေလို့မရဘူး။ အစိုးရလည်းအပြစ်တင်နေလို့ မရဘူး။ ကိုယ့်ဘာသာ ကိုယ်လုပ်သွားရင် ဖြစ်သွားတာချည်းပါပဲ။ လူငယ်တွေကမလုပ်ဘူးဆိုရင် နိုင်ငံခြားသားတွေကလာပြီးတော့ သူတို့ လုပ်သွားရင်လူငယ်တွေက အလုပ်သမားတွေပဲပြန်ဖြစ်သွားလိမ့်မယ်။ အလုပ်ရှင်ဖြစ်မှာ မဟုတ် ဘူး”လို့ သားစိုးကပြောပြပါတယ်။ စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် စီးပွားရေးနဲ့ပတ်သက်တဲ့ စာများများဖတ်ရမှာဖြစ်ပြီး ကိုယ်ပိုင်ပစ္စည်းထုတ်နိုင်ဖို့အတွက် အားထုတ်ကြိုးစားရမှာဖြစ်ကြောင်း သူကထပ်ပြောပါတယ်။

သူ့အနေနဲ့ကတော့ စီးပွားရေးသာမလုပ်ဖြစ်ခဲ့ဘူးဆိုရင် ဒီအတိုင်းပဲ ဂီတလောကမှာ မျောနေမှာပဲဖြစ်ပြီး ပုံမှန်သွားနေရုံပဲဖြစ်နေမှာဖြစ်ကြောင်း ပြောပါတယ်။

”ဒီတိုင်းပြည်မှာဆိုရင် ကျွန်တော့်အနေနဲ့ ထမင်းငတ်စရာအကြောင်းမရှိဘူးလေ။ အဆို တော်လေးလုပ်လိုက်၊ သီချင်းလေးတီးလိုက် သာသာယာသာလေး နေလိုက်ရုံပဲရတယ်။ ဒါပေမဲ့ အဲဒီလိုဘဝကနေ ရုန်းထွက်မှကိုရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ခိုးကူးဆိုတဲ့ အန္တရာယ်ကရှိလာပြီလေ။ တစ်ခါတလေကျရင် ခိုးကူးတွေကို တအားကျေးဇူးတင်တယ်။ ခိုးကူး တွေသာမရှိရင် ဒီစီးပွားရေးတွေလုပ်ဖြစ်မှာကိုမဟုတ်ဘူး။ ခိုးကူးတွေကြောင့် ကြောက်လန့်ပြီး ကိုယ်စီးပွားရေးလုပ်ရမှာဆိုတဲ့အသိဝင်လာတာ။ ကိုယ့်မှာအသိုင်းအဝိုင်း လည်းမရှိဘဲနဲ့ ရွှေပိုး နန်းတော်ပိုးထည်ဆိုင်ဖွင့်တယ်။ ပြီးရင် ၁၂၃ မီဒီယာလုပ်တယ်။ ရောသမနှပ်လက်ဖက်လုပ်တယ်။ ကိုယ့်ရဲ့ အနာဂတ်ကို ကြိုမြင်တဲ့အခါမှာ ကြောက်သွားပြီးတော့ စီးပွားရေးတွေလုပ်ခဲ့တာပေါ့။ ကျွန်တော်တို့ဆီမှာက လူငယ်တွေက Confort Zone ထဲမှာနေကြတယ်။ အဲဒီ Zone ထဲကနေ ရုန်းထွက်ဖို့လိုပါတယ်”လို့ သားစိုးကပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071