ရုရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အနု ပညာပွဲတော်နဲ့ လူငယ်ပွဲတော်မှာ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက အမြင့်ဆုံး ဆုရရှိခဲ့ပါတယ်။ ဒီလိုရရှိခဲ့တဲ့အတွက် အားလုံးကက လေးတွေကိုယ်စား ဂုဏ်ယူပီတိဖြစ်ခဲ့ရပြီး ဂုဏ်ပြုပွဲတွေလည်းပြုလုပ် ပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ကလေးတွေနဲ့ပတ်သက်တဲ့ Children Centre မျိုးတွေ ရှိလာစေချင်တယ်လို့ လူရွှင်တော်ကြီး ဦးအရိုင်းက သူ့ရဲ့ဖြစ်စေလိုမှုကို ပြောပြပါတယ်။
“ဒါမှလည်းသူများနိုင်ငံတွေက ကျွန်တော်တို့ဆီကို Participate လုပ်မယ်။ လုပ်တဲ့အခါ ကျွန်တော် တို့ဘက်ကလည်း သူတို့ကိုWelcomeလုပ်လို့ ရမယ်။ အဲဒါမျိုးလေးလုပ်ဖို့ သင့်တယ်လို့ ကျွန်တော်ကတော့ထင် တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ နိုင်ငံတွေမှာ ကလေးတွေနဲ့ပတ်သက်တဲ့ Campလုပ်ဖို့ Centre ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်လို့ရတဲ့နေရာမျိုးတွေရှိတာပဲ။ ရှိတဲ့နေရာတွေကို စဉ်းစားပြီးတော့ မှလုပ်ရင် ကောင်းမယ်လို့ မြင်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒီလိုမျိုး အောင်မြင်လာတဲ့ကလေးတွေ ကို မြေတောင်မြှောက်ပေးဖို့ပေါ့။ သူတို့ ဆက်သွားချင်ကြတဲ့သူတွေလည်း ဆက်သွားကြပေါ့။ ပညာ ရေးနဲ့ပတ်သက်လို့ သွားချင်တဲ့ကလေးတွေလည်း သွားကြပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ က Generation အတွက် ဦးစားပေးပြီး စဉ်းစားရမှာပါ” လို့ လူရွှင်တော်ကြီးဦးအရိုင်းကပြောပါ တယ်။
ကလေးတွေကိုငယ်စဉ်ကတည်းက မြန်မာ့ရိုးရာ အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာ ပညာရပ်တွေကို သင်ကြားပြသပေးသွားဖို့ လိုအပ်ပြီး သူတို့ခေတ်ကာလတွေတုန်းကတော့ရှိခဲ့တယ် လို့ ဦးအရိုင်းက ထပ်ပြောပြပါတယ်။
“ဒီဘက်ခေတ်မှာကျတော့ ပညာရေးစနစ်မှာ အဲဒါလေးတွေ နည်းနည်းလိုအပ်လာတယ်။ အဲဒါ လေးတွေကတော့ လုပ်ကိုလုပ်ရမယ်။ ငယ်ငယ်လေးကတည်းကနေ သိနိုင်လောက်ကလေး၊ တတ်နိုင်လောက် ကလေးကို သူတို့ကိုထည့်ပေးထား သင့်တယ်” လို့ ဦးအရိုင်းက ပြောပါတယ်။ ရုရှားနိုင်ငံကလူငယ်ပွဲတော်ကို တက်ရောက်ကာဆုရယူပေးနိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ တွေထဲမှာ ဦးအရိုင်းရဲ့သမီး ပန်းနုပျိုမေလည်း ပါဝင်ပါတယ်။
လင်းအက္ခရာ