Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeCelebrities' Newsမြန်မာပြည် သိန်းတန်ကို မိဘလို...

မြန်မာပြည် သိန်းတန်ကို မိဘလို လေးစားတဲ့ အဆိုတော်သားငယ်

Myanmar Idol Season-2 ရဲ့ Winner ဖြစ်ခဲ့သူ သားငယ် တစ်ယောက်က အခုဆိုရင်ဂီတလောကမှာ ‘လမ်းက လေး’ဆိုတဲ့ တစ်ကိုယ်တော် အခွေနဲ့ ဂီတမှတ်တိုင်စိုက်ထူ နိုင်ခဲ့ပါပြီ။ သားငယ်တို့လို မြန်မာအိုင်ဒေါရဲ့ နောက် ထပ်မျိုးဆက်တွေတောင် အခုဆို ပြိုင်ပွဲ တွေ စတင်နေပါပြီ။ မြန်မာအိုင်ဒေါလို့ ဆိုလိုက်တာနဲ့ စကားလုံးအထူးအဆန်းတွေပြောဆို တတ်တဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်ကို မေ့ထားလို့မရပါဘူး။ အခု ဒီနှစ်မြန်မာအိုင်ဒေါရဲ့ ဒိုင်လူကြီးတစ်ဦးအဖြစ် မြင်တွေ့နေရတဲ့ အန်ကယ်ဦးသိန်းတန်နဲ့ ပတ်သက်ပြီးသားငယ်အတွက် ဘယ်လိုအမှတ်တရရှိခဲ့လဲလို့မေးမြန်းတဲ့အခါ….

”အန်ကယ်နဲ့ကတော့ ဟိုး Judges Audition ကတည်းကပေါ့။ သူ့ရဲ့စကားရှိတယ်လေ။ ‘ခေသူမဟုတ်’တို့၊ နောက်ပြီး ကျွန်တော်ယှဉ်ပြိုင်နေတုန်း ကဆို သူတင်စားတာ ‘ကြယ်ငါးပွင့် သင်္ဘောကြီး’ တို့ စသဖြင့်ပေါ့လေ။ ကျွန်တော်သူ့ကိုချစ်ပါတယ်။ ကိုယ့်မိဘလိုမျိုးကို လေးစား ပါတယ်။ တန်ဖိုးထားပါတယ်” လို့ သားငယ်က ပြောပြပါတယ်။

အခုနှစ် ပြိုင်ပွဲဝင်တွေကိုရော သားငယ်ဘယ်လိုမြင်လဲလို့ မေးကြည့်တော့ …..

”ဝမ်းသာပါတယ်။ သူတို့အတွက်လေ။ သူတို့နေရာကနေလည်း ဝင်ပြီးခံစားပေး လို့ရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်းဒီဘဝကနေတက်လှမ်းလာရတဲ့သူဆို တော့လေ။ အကုန်လုံးကိုလည်း အားပေးပါတယ်။ အမှတ်တရဆိုရင် ပြိုင်ပွဲဝင်နေရတဲ့ နေ့ရက်တိုင်းမှာ ကျွန်တော့်အတွက် အမှတ်တရရှိတယ်။ နေ့တိုင်းအတူတူသွား၊ အတူတူစားပေါ့နော်။ မိသားစု လိုဖြစ်သွားတာကိုး။ အမှတ်တရတွေ တော်တော်များတယ်။ မနက်မျက်လုံးပွင့်ပြီဆိုတာနဲ့ ဖြစ်ပျက်သမျှအရာတွေ အားလုံးကို ကျွန်တော်အကုန်လုံး မှတ်မိတယ်ဗျာ။ အများ ကြီးပါပဲ” လို့ သူကဆက်ပြောပြပါတယ်။

မြန်မာအိုင်ဒေါပြိုင်ပွဲတုန်းကနဲ့ လက်ရှိအဆိုတော်သားငယ်ရဲ့ ကွာခြားချက်ကဘာဖြစ် မလဲလို့ဆိုရင် ….“

”ပြိုင်ပွဲဝင်ပြိုင်နေတုန်းကတော့ ချို့တဲ့တာပေါ့ဗျာ။ အဓိကပြောရရင် ငွေရေးကြေးရေးပေါ့။ အခုပြိုင် ပွဲပြီးဆုံးသွားတော့ ကျွန်တော်တို့ ဆုငွေလေးလည်းရတယ်။ နောက်ပြီး ပွဲလေးတွေလည်း ဆိုခွင့်ရတယ် ဆိုတော့ အနေအစားချောင်တာပေါ့။ ပိုက်ဆံတွေလည်းရတယ်။ ပြိုင်ပွဲဝင်ပြိုင်နေတုန်းကတော့ ကိုယ်ကဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားရတာကိုး။ ဆုကတော့ လိုချင်တာပေါ့။ အကုန်လုံးဆုလိုချင်လို့ ဝင်ပြိုင်ကြတဲ့သူတွေချည်းပဲလေ။ ဆုရ ဖို့အတွက်လည်း ကြိုးစားရတယ်။ အခုလိုမျိုး ရပြီးသွားတော့ ပိုခက်ခဲတယ်။ ကျွန်တော်တို့ ရပ်တည်ဖို့က မလွယ်ကူဘူး။ ဆုရဖို့ကမှ လွယ်ရင် လွယ်လိမ့်ဦးမယ်။ ဒီလောကထဲမှာ ရေရှည်၊ ကောင်း ကောင်းမွန်မွန်၊ ခိုင်ခိုင်ခံ့ခံ့လေး ရပ်တည်နိုင်ဖို့က ပိုကြိုးစားရတယ်။ အဲဒါတော့ ကွာခြားချက်ပေါ့နော်” လို့ သူကအဖြေစကားဆိုခဲ့ပြီးတကယ်လို့များ မြန်မာအိုင်ဒေါသာ ဝင်မပြိုင်ဖြစ်ခဲ့ဘူးဆိုရင် လက်ရှိအချိန်မှာ သားငယ် ဘာလုပ် နေမလဲလို့ဆိုတော့…..”လမ်းဘေးမှာ အကြော် ရောင်းနေရမှာပေါ့ဗျာ (ရယ်လျက်)” လို့ သားငယ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071