Friday, April 24, 2026

ရန်ကုန်ယူနိုက်တက် နည်းပြချုပ်သစ်အဖြစ် အာဂျင်တီးနားနိုင်ငံသား မာဆယ်လိုစီရီလီကို...

မြန်မာနေရှင်နယ်လိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို ဦးဆောင်ရန်အတွက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဂျူအန် မာဆယ်လိုစီရီလီ (Juan Mar celo...

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့...

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း...

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ...
HomeEntertainmentစာပေ Event'မြန်မာ့ရုပ်ရှင် နည်းပညာတိုးတက်ရေး' အတွက်...

‘မြန်မာ့ရုပ်ရှင် နည်းပညာတိုးတက်ရေး’ အတွက် ဒါရိုက်တာ မောင်ဗေဒါ ၏ စာအုပ်

ဒါရိုက်တာမောင်ဗေဒါ ရေး သားတဲ့ ‘မြန်မာ့ရုပ်ရှင်နည်းပညာတိုး တက်ရေး’ စာအုပ်မိတ်ဆက်ပွဲကို ဇွန် လ ၁၉ ရက်နေ့က လမ်းမတော်သံ ဈေးရှိ Yangon Book Plaza မှာ ပြုလုပ်ခဲ့ပါတယ်။ ပေါ်ပြူလာဂျာနယ် မှာ နှစ်နှစ်ကျော်ကြာ ရေးသားခဲ့တဲ့ ရုပ်ရှင်နည်းပညာတိုးတက်ရေးဆိုင်ရာ ဆောင်းပါးတွေကို စုစည်းပြီး မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို အမှတ်တရအဖြစ် စာအုပ်ထုတ်ဝေ တာ ဖြစ်ပါတယ်။

”ဒီစာအုပ်ကို ဘာဖြစ်လို့ ရေး ဖြစ်ခဲ့လဲဆိုရင်၂ဝ၁၂ ခုနှစ်မှာ ဖလင် ဆိတ်သုဉ်းခဲ့ပြီး အပြောင်းအလဲဖြစ် တဲ့ ဒီဂျစ်တယ်ပိုင်းကို ရောက်လာပါ တယ်။ အဲဒီမှာ ဒီဂျစ်တယ်နောက်ကို လိုက်ရမယ်ဆိုတဲ့ အသိလေးတစ်ခု ရပါတယ်။ ကျွန်တော်က ပညာရှင် လည်း မဟုတ်ပါဘူး။ လေ့လာသူ ရှာဖွေသူအဖြစ် လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဒီစာအုပ်ကို လုပ်ပါတယ်။ အချိန်တွေ အများကြီး ပေးပြီး၊ စာတွေ အများ ကြီး ဖတ်ပြီး ကျွန်တော် ဖန်တီးထား ပါတယ်။ ဒီစာအုပ်ထုတ်တဲ့အခါ ရှုံး ခြင်း၊ မြတ်ခြင်းကို ကျွန်တော် ထည့် မစဉ်းစားပါဘူး။ Sharing လုပ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ ထုတ်ဖြစ်ခဲ့တာပါ။ နည်းပညာတင်မဟုတ်ဘဲ တခြား ပြင်ပ ဗဟုသုတတွေပါ ထည့်သွင်းရေး သားထားပါတယ်”လို့ ဒါရိုက်တာ မောင်ဗေဒါက ပြောပါတယ်။

ဒီစာအုပ်မှာ နောက်ခံတေးဂီတ၊ Editing ၊ LED အကြောင်း၊ ကင်မရာ အကြောင်း စသဖြင့် စုံစုံလင်လင် ရေးသားထားပြီး ဒါရိုက်တာတစ် ယောက်အတွက် လိုအပ်တဲ့ နည်း ပညာနဲ့ ဗဟုသုတပိုင်းဆိုင်ရာတွေ ကို အကောင်းဆုံးဝေမျှထားတယ်လို့ ဒါရိုက်တာ မောင်ဗေဒါက ဆက် လက်ပြောပါတယ်။ ဒီစာအုပ်မိတ် ဆက်ပွဲမှာ ဒါရိုက်တာ ကြည်စိုးထွန်း၊ ဒါရိုက်တာ မြင့် ဦးဦးမြင့်၊ ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊ ဦးအောင်သျှံဝိုင်း၊ ဒါရိုက်တာ ဝိုင်း၊ ဆရာညိုသစ်ငယ် အစရှိသူတွေက ‘မြန်မာ့ရုပ်ရှင်နည်း ပညာတိုးတက်ရေး’ စာအုပ်နဲ့ ပတ် သက်ပြီး မုဒိတာစကားများပြောကြား ခဲ့ကြပါတယ်။ အဆိုပါစာအုပ်ကို ကောင်းဆုသာ စာပေက ထုတ်ဝေဖြန့် ချိပြီး တန်ဖိုးကျပ် ၅ဝဝဝ နဲ့ အမြို့မြို့ အနယ်နယ်က စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

စုမွန်၊

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071