Sunday, April 19, 2026

AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းကျင်းပသည့် Shopping in...

နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးရာဦးစီးဌာနမှဦးစီး၍ AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းထားသော Shopping in China 2026 Guangxi “33 Consumption Festival"ဖွင့်ပွဲကို...

ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး...

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။ အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး ...

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...
HomeCelebrities' Newsမြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲမှာ ဆုရရှိခဲ့ကြတဲ့...

မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲမှာ ဆုရရှိခဲ့ကြတဲ့ အငြိမ့်အဖွဲ့တွေအပေါ် ဦးသူရ (ဇာဂနာ)ဘာပြောလဲ

အမျိုးသားဇာတ်ရုံလို နေရာမျိုးမှာ မျိုးဆက်သစ်လူရွှင်တော် အဖွဲ့ တွေအားလုံး ကပြ ဖျော်ဖြေ တင်ဆက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိသလို ပထမဆုံးအကြိမ် မြန်မာ့ ဒီမိုကရေစီပွဲတော်ဆိုတာကို ကျင်းပခွင့်ရတဲ့ အတွက်လည်း ဝမ်းသာမိပါကြောင်း ဦးသူရ (ဇာဂနာ)က ပြောပါတယ်။ အမျိုးသားဇာတ်ရုံလို နေရာမျိုးမှာ မျိုးဆက်သစ်လူရွှင်တော် အဖွဲ့ တွေအားလုံး ကပြ ဖျော်ဖြေ တင်ဆက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိသလို ပထမဆုံးအကြိမ် မြန်မာ့ ဒီမိုကရေစီပွဲတော်ဆိုတာကို ကျင်းပခွင့်ရတဲ့ အတွက်လည်း ဝမ်းသာမိပါကြောင်း ဦးသူရ (ဇာဂနာ)က ပြောပါတယ်။

“ကျွန်တော်ဟာ အမျိုးသားဇာတ်ရုံမှာ တစ်ခါမှမကပြခဲ့ဖူးဘူး။ ကျွန်တော် ကပြချင်တာပေါ့။ ကျွန်တော်လူပြက်ပဲ ကပြချင်ပါတယ်။ အခုသူတို့ ကပြခွင့် ရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်” လို့ ဦးသူရကပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီပွဲတော် အထိမ်း အမှတ်ပြုလုပ်တဲ့ အငြိမ့်ပြိုင်ပွဲ မှာတော့ ဇွဲအငြိမ့်၊ ခေတ်သစ်ကြေးမှုံအငြိမ့်၊ ရွှေညာမြေမှကြယ်ပွင့်များ အငြိမ့်တို့က ဆုများအသီးသီး ရရှိခဲ့ကြပါတယ်။ ဆုရအငြိမ့် အဖွဲ့တွေအပေါ်မှာ ဦးသူ ရ(ဇာဂနာ) ရဲ့ သုံးသပ်ချက်ကတော့ ……………

“ဇွဲအဖွဲ့ကို အုပ်စုပွဲမှာသူတို့ ကိုကြည့်ပါတယ်။ တော်တော်ကို ညံ့ပါ       တယ်။ ဒီလိုအဖွဲ့မျိုးများ အမျိုးသားဇာတ်ရုံမှာ လာကရသလားလို့တောင် ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်ကို ရာခိုင်နှုန်းပြည့် လွဲအောင်လို့ သူတို့ဟာ နောက်ဆုံးဗိုလ်လုပွဲမှာ လုပ်ပြသွားပါတယ်။ အင်မတန်ကောင်းတဲ့ အင်မတန်မြင်ရခဲတဲ့ ဖျော်ဖြေမှုကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ပြက်လုံးကို ချည်းကပ်ပုံနဲ့ သူတို့ရဲ့ ပြက်လုံးကို ချည်းကပ်ပုံ တော်တော်ကွာပါတယ်။ အင်မတန်ရှားပါးတဲ့ အမြင်တစ်ခု ဏသျငအငလန ဠငနတကိုသွား တွေ့ရတယ်။ အဲဒီဏသျငအငလန ဠငနတ ဆိုတာ တော်တော်ခက်ပါတယ်။ သူတို့ဟာ ဏသျငအငလန ဠငနတ နဲ့ ရယ် စရာ လုပ်သွားတယ်။ ကျွန်တော်တို့က နြါအေငလန ဠငနတနဲ့ ရယ်စရာလုပ်ခဲ့တဲ့ လူပြက်တွေပါ။ အဲဒီတော့ ကျွန်တော်ကိုယ်တိုင် လည်းပဲ မှင်သက်မိသွားပါ တယ်။ သူတို့ရဲ့တင်ပြပုံ၊ သူတို့ရဲ့ ဖျော်ဖြေပုံ၊ သူတို့ရဲ့အမြင်က တကယ့် အပေါင်း လက္ခဏဆောင်တဲ့ အမြင်ကနေ ပြက်လုံးကိုချည်းကပ်သွားတာတွေ့ရ တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။

နောက်တစ်ဖွဲ့ကတော့ ခေတ်သစ် ကြေးမုံပေါ့။   အုပ်စုပွဲတုန်း က တော်တော်ကောင်းပါတယ်။ ဖိုင်နယ်ကိုတက် လာတဲ့ အခါကျတော့ ခေတ်သစ်ကြေးမုံက အုပ်စုပွဲလောက်တောင် မကောင်း တော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဖိုင်နယ်လည်းကျကော သူတို့ ဟာအုပ်စုပွဲနဲ့ မတူတာကို ပြောင်းလုပ်သွားတယ်။ သူတို့ဆီမှာလည်း ကျွန်တော်တို့ ဘာမြင်လိုက်ရလဲဆိုတော့ အပေါင်းလက္ခဏာဆောင်တဲ့ ပြက်လုံးမျိုးကို သွားတွေ့ရတယ်။ ကျွန်တော်သူတို့ကို အဲဒါလည်း ချီး ကျုးပါတယ်။ ပြီးတော့ ရွှေညာမြေမှကြယ်ပွင့်လေးများအဖွဲ့ပေါ့။ သူတို့အဖွဲ့ရဲ့ အဓိကအား သာဆုံးအချက်ကတော့ လူရွှင်တော် ထက်စာရင် မင်းသမီးပါ။ မင်းသမီး ဆိုတာ ဟောသလိုဆိုပြရတယ်၊ ဟောသလိုကပြရတယ်ဆိုတဲ့ မင်း သမီးတို့ တတ်အပ်တဲ့အဋ္ဌာရသအကုန်ကိုထုတ်သုံးသွားတယ်။ အဲဒီအတွက် အကောင်းဆုံး မင်းသမီးဆုကို ပြတ်ပြတ်သားသားနဲ့ ယူနိုင်သွားတယ်။ အဲဒီ အဖွဲ့ ၃ ဖွဲ့ကို ပရိသတ်ထံအပ်နှံခွင့် ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071