Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeEntertainmentမြန်မာ့ဒီမိုကရေစီပွဲတော်၊ အငြိမ့်ပြိုင်ပွဲမှာ ပထမဆု...

မြန်မာ့ဒီမိုကရေစီပွဲတော်၊ အငြိမ့်ပြိုင်ပွဲမှာ ပထမဆု အပါအဝင် ဆု၎ ဆုရရှိခဲ့တဲ့ ဇွဲအငြိမ့်အဖွဲ့

ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီး မှူးကျင်းပတဲ့ မြန်မာ့ဒီမိုက ရေစီပွဲ တော်၊ အငြိမ့်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ၂ဝရက်နဲ့ ၂၁ရက်နေ့ တို့က ည၇နာရီကနေ စတင်ကာ ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမြန်မာ့ ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ တက်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့တဲ့ အငြိမ့်အဖွဲ့တွေကတော့ ခေတ်သစ်ကြေးမုံ၊ ဇွဲ၊လူငယ်စတား၊ မန်းစတား၊ ရွှေညာမြေမှကြယ်ပွင့် များ၊ စကားဝါမြေ၊ ဖူးသစ်ကြယ် စင် ၊ မော်ဒယ်လ် ဟားအငြိမ့်အဖွဲ့တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေကတော့ ရန်ကုန်နဲ့ မန္တလေးတို့မှာ အုပ်စုပွဲများ ယှဉ်ပြိုင်ပြီးမှ နောက်ဆုံးအဆင့် ဖိုင် နယ်ပွဲစဉ်အထိ တက်လှမ်းလာခဲ့ကြ တဲ့ အငြိမ့်အဖွဲ့တွေပဲဖြစ်ပါတယ်။ အငြိမ့်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များကို အကဲဖြတ်ပေးခဲ့ကြတဲ့ ဒိုင်တွေက တော့ ဦးမိုးဒီ၊ ဦးပေါ် စိန်၊ ဒေါ်အုံးရီ၊ ဒေါ်နန်းခင်မွှေး၊ ဦးငြိမ်းမင်း၊ ဦးညွန့် လှိုင်လှိုင်၊ ဦးကိုကိုနိုင်တို့ပဲ ဖြစ်ပါ တယ်။

ဒီပြိုင်ပွဲမှာတော့ ဇွဲအငြိမ့်အဖွဲ့ က အဖွဲ့လိုက်အကောင်းဆုံးပထမဆု၊ အကောင်းဆုံးလူရွှင်တော်ဆု၊ ပရိသတ်အကြိုက်ဆုံး လူရွှင်တော်ဆု၊ မျိုးဆက်သစ် အဖွဲ့ဆုတို့ကိုရရှိခဲ့ပြီး ခေတ်သစ် ကြေးမုံအငြိမ့်အဖွဲ့က အဖွဲ့လိုက်အကောင်းဆုံး ဒုတိယဆု နှင့် အကောင်းဆုံးဆိုင်းအဖွဲ့ဆုတို့ ကိုရရှိခဲ့ကာ ရွှေညာမြေမှကြယ်ပွင့် များ အဖွဲ့က အဖွဲ့လိုက်အကောင်းဆုံး တတိယဆုနဲ့ အကောင်းဆုံး မင်း သမီးဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံး တေးသီချင်းဆုကို မော်ဒယ်လ်ဟားအဖွဲ့မှ တေးရေး ဆရာ မန္တလေးသားသူရမှ ရရှိခဲ့ပါတယ်။


“ကျွန်တော်တို့ အပျော်လွန်တာ အိပ် မပျော်တော့ဘူး။ ကျွန်တော်တို့ကို သင်ကြား ပြသပေးတဲ့ ဆရာသမားများ၊ ပံ့ပိုးတီးခတ်ပေး တဲ့ ရွာစားဗိုလ်ဗိုလ်ဆင့်နဲ့အဖွဲ့၊ ပွဲခင်းထဲအထိ လာရောက်အားပေးတဲ့ မိဘပြည်သူများ၊ ရုပ်မြင် သံကြားကအားပေးနေတဲ့မိဘပြည်သူများ၊ မြန်မာ့ဒီမိုကရေစီပွဲတော်ဖြစ်မြောက်အောင် စီစဉ်ပေးကြတဲ့ လူကြီးမင်းများ၊ ဝိုင်းဝန်း ကူညီပံ့ပိုးကူညီပေးကြသူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးအေးချမ်းပါစေ။ ပြည်သူ ပြည်သားများလည်း ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေလို့ ကျွန်တော်တို့ ဇွဲ့အငြိမ့်မိသားစုများမှ မေတ္တာပို့သ လိုက်ပါတယ်”လို့ ဇွဲအငြိမ့်မှ သူတို့ရဲ့ ပီတိစကားကို ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071