Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeMyanmar Theatrical Traditionမြန်မာ့ဇာတ်သဘင်ကို ပြန်လည် တိုးတက်စေချင်ရင်...

မြန်မာ့ဇာတ်သဘင်ကို ပြန်လည် တိုးတက်စေချင်ရင် နှစ်ပါးသွားကို တိတိကျကျ စနစ်လေးနဲ့ လုပ်ပေးပါ သဘင်ပညာရှင် ဦးအောင်တင်ဝင်း

U-Aung-Tin-Win

မြန်မာ့ဇာတ်သဘင်မှာ ‘နှစ်ပါးသွား”ကဏ္ဍဟာ ပြန်လည်ဖော်ထုတ်သင့်နေတာကြာပြီဖြစ်ပြီး ဇာတ်သဘင် ကဏ္ဍ မှေးမှိန်ခဲ့တာဟာ ‘နှစ်ပါးသွား’ကဏ္ဍကျဆင်းမှေးမှိန်ခဲ့လို့ပဲဖြစ်ကြောင်း မင်းသားကြီး စိန်အောင်မင်း မျိုးဆက်တစ်ဦးဖြစ်တဲ့ သဘင်ပညာရှင် ဦးအောင်တင်ဝင်းကပြောပြပါတယ်။

“နှစ်ပါးသွားကတာ ကောင်းနေတယ်။ နှစ်ပါးသွားကို နိုင်နိုင်နင်းနင်း စည်းနဲ့ကမ်းနဲ့ကပြတတ်တယ်ဆို ရင် သူကပြမယ့်နောက်မှာ ဇာတ်ထုပ်ကြီးက သူ့ဘာသာသူ ရှင်းသွားလိမ့်မယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ နှစ်ပါးသွားက မှေးမှိန်နေတယ်။ နှစ်ပါးသွားမှေးမှိန်ခဲ့တဲ့အတွက် နောက်ပိုင်းဇာတ်တော်ကြီးတောင် မရှိတော့ဘူး။ ဒါကြောင့် မြန်မာ့ဇာတ်သဘင်ကို ပြန်လည်တိုးတက်စေချင်ရင်နှစ်ပါးသွားကဏ္ဍကို တိတိ ကျကျစနစ်လေးနဲ့ လုပ်ပေးပါ။ နှစ်ပါးသွားကလည်း ကချင်တိုင်း ကလို့မရပါဘူး ။ သူ့စည်ကမ်းနဲ့သူ ရှိပါတယ်။ ဥပမာပြောရရင် ‘ဟောခြေတော်သံကြားတယ်” တို့ ‘အပါးခစားကြပါစို့ဆိုတဲ့ ‘ လူရွှင်တော်တွေ ပြောတဲ့စကားရဲ့ အဓိပ္ပာယ်က သူတို့က ရှေ့ကလမ်းရှင်းလာတဲ့သူတွေ၊ နောက်ကလိုက်လာတာက သူ့သခင်နှစ်ပါးတဲ့။ အဲဒါကြောင့်မို’့နှစ်ပါးသွား’ဟာ သိပ်စည်းကမ်းကြီးတယ်။ စနစ်ရှိတယ်ဆိုပြီး ကျွန်တော်တို့ ဆရာတွေက အဲဒီလိုပြောကြတယ်။ ဒါကြောင့် ‘နှစ်ပါးသွား’ကို ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ဖော်ထုတ်နိုင်ရင် မြန်မာ့သဘင်ဟာ တစ်ဖန်ပြန်တင့် တယ်လာပါလိမ့်မယ်” လို့ သဘင်ပညာရှင်ဦးအောင်တင်ဝင်းက ပြောပြပါတယ်။ ဦးအောင် တင်ဝင်းက သဘင်ပညာရှင်တစ်ဦးလည်းဖြစ်သလို သဘင်အစည်းအရုံး (ဗဟို)ရဲ့ အတွင်းရေးမှူးတစ်ဦး အနေနဲ့လည်း ယခင်က တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071