Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeArticlesမြန်မာသုံးကြောင်း ကဗျာ

မြန်မာသုံးကြောင်း ကဗျာ

Untitled-2

ဓာတ်ပုံထဲတွင်
မတ်တတ်မြင်သည်
သခင်ညောင်းမှာစိုးမိတကား
(မင်းယုဝေ)
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ
(တင်မိုး)
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည်
(မောင်ယဉ်မွန်)

မြန်မာသုံးကြောင်းကဗျာများ သည် လေးလုံးစပ်ကို အခြေခံပါ သည်။ အထက်ပါကဗျာသုံးပုဒ်၌ ကာရန်ယူပုံမှာ ၄-၃-၂ ဖြစ်ပါသည်။ ဆရာမင်းယုဝေကဗျာမှာ အချစ် ကဗျာ၊ အချစ်ခံစားချက်ဖြစ်ပါသည်။ ဆရာတင်မိုးကဗျာမှာ လောက သဘာဝအဖြစ်အပျက်တို့ အထိ ခံစားရပါသည်။ ဆရာမောင်ယဉ်မွန် ကဗျာမှာ ခေတ်ကိုထင်ဟပ် စေနိုင် သော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ဟိုက္ကူကဗျာ၏ပုံစံမှာ စာ ကြောင်းသုံးကြောင်းရှိပါသည်။ ပထမစာကြောင်းတွင် ဝဏ္ဏ ၅လုံး၊ ဒုတိယစာကြောင်းတွင် ၇လုံး၊ တတိယစာကြောင်းတွင် ၅လုံး၊ စုစု ပေါင်း ဝဏ္ဏ၁၇လုံး ရှိပါသည်။ တစ်ခါတစ်ရံကားြ>ွခင်းချက်ရှိတတ် ပါသည်။ အကြောင်းအရာအားဖြင့် ဆိုလျှင် ဟိုက္ကူစာဆိုတို့သည် ရာသီဥတုကို ထီးခရိုင်အဖြစ်ထား၍ ရာသီဥတု အခြေအနေကို ထီးလက် ထီးအုံအဖြစ် ဆောက်ပြီးလျှင် ခံစားမှုကို ထီးရွက်ပန်းပွား အဆင် တန်ဆာများအဖြစ် မွမ်းမံဆင်ယင် ကြပါသည်။ (မင်းသုဝဏ်- ဟိုက္ကူ ကဗျာ မြည်းစရာ-၃)

ပန်းလှကန်စွန်းနွယ်
ရေငင်ပုံးကို သူကပ်တွယ်
ရေကိုတောင်းယူတယ်

ချီယို (၁၇ဝ၁-၁၇၇၅)ရဲ့ ကဗျာ ဖြစ်ပါသည်။ ချီယိုသည် ဂျပန်အမျိုး သမီးစာဆိုတို့တွင် လူကြိုက်အများ ဆုံးဖြစ်သည်ဟု သိရပါသည်။ သူ့ အတ္ထုပ္ပတ္တိတွင် လွမ်းစရာ၊ ဆွေးစရာ၊ စိတ်ဝင်စားစရာ ပါးစပ်ရာဇဝင်ခန်း အများအပြား ပါဝင်နေသဖြင့် အဖြစ်မှန်ကို သိဖို့ရန် ခက်လှသည် ဟု သမိုင်းဆရာတို့က ရေးကြပါ သည်။

အထက်ပါကဗျာတွင် ရွာသူ အမျိုးသမီးငယ်တစ်ဦး ရေခပ်ထွက် လာသည်။ ရေတွင်းသို့ရောက်၍ ရေ ငင်ရန်ရေပုံးကိုကြည့်လိုက်သောအခါ ရေပုံးကြိုးတွင် ကန်စွန်းရွက်တစ်ပင် တွယ်ကပ်နေသည်ကို တွေ့ရသည်။ ကန်စွန်းနွယ် ပန်းပွင့်လေးသည် နေ ရောင်တွင်လည်း ရွှင်နေသည်။ ဤ ကြိုးကိုဆွဲ၍ ဤရေပုံးနှင့် ရေငင် လျှင် ကန်စွန်းနွယ်ကလေးပြတ်ရှာ တော့မည်။ သဘာဝအလှကို မြတ်နိုး သော အမျိုးသမီးငယ်သည် နောက်ဆုံး၌ အိမ်နီးချင်းမိတ်ဆွေထံ မှ ရေတောင်းယူကာ အိမ်ပြန်သွားပါ တော့သည်။
နောက်တစ်ပုဒ်ကို ဖော်ပြလိုက် ပါသေးသည်။ ဗသျှိုး (၁၆၄၄-၁၆၉၄) ရေးသော ကဗျာဖြစ်ပါသည်။

အိုင်အိုကြီးပါလား
အလိုရွှေဖားခုန်ဆင်းသွား
ပလုံရေသံကြား

အိုမင်းသော အိုင်ကြီးတစ်အိုင် ရှိပါသည်။ အလွန်လည်း တိတ်ဆိတ် ပါသည်။ ထိုအိုင်အတွင်းသို့ ကြာဖက် ပေါ်က ဖားတစ်ကောင် ခုန်ဆင်းသွား ပါသည်။ ပလုံဟု ရေသံကြားရပါ သည်။ ကဗျာက ထိုသို့သာဖော်ပြပါ သည်။

စာဆိုသည် တိတ်ဆိတ်ခြင်းတွင် မေ့မြောနေခိုက် ဖားခုန်သံကြောင့် လန့်နိုးသွားသည်။ လောက၏ တိတ်ဆိတ်ငြိမ်းချမ်းခြင်းကိုလည်း ဤသို့သော ဖားခုန်သံများက ဖျက် ဆီးတတ်ပါကလားဟု တွေးမိပေလိမ့် မည်။

ဆရာတစ်ဦးမူ ဤကဗျာသည် ထာဝရတရားနှင့် တစ်ခဏတရား တို့ကို တစ်ချက်တည်း ဖမ်းယူနိုင် သည်ဟု ဆိုပါသည်။ ထာဝရတရား သည် အိုင်အိုကြီးဖြစ်၍ ဖားခုန် သံသည် တစ်ခဏနှောင့်ယှက်မှု ဖြစ်သည်။ ဖားခုံသံပြီးလျှင် အိုင်အို ကြီးသည် ထာဝရတရားထဲသို့ နစ်ဝင် သွားပြန်သည်။

ကျွန်တော်သည် သုံးကြောင်း ကဗျာလေးများကိုလည်း နှစ်လိုစွာ ဖွဲ့ဆိုဖြစ်ပါသည်။ ဖွဲ့ဆိုဖြစ်သော ကဗျာထဲမှ အောက်ပါကဗျာလေး နှစ်ပုဒ်ကို ဖော်ပြချင်ပါသည်။

လွမ်း
မြက်ဖျားပေါ်က နှင်းစက်ကလေး
နေရောင်ကုတ်လို့ လွင့်ကာပြေး
သဘာဝရဲ့ အလွမ်းတေး
နောက်ဆုံးပုံရိပ်
ကြေးစည်ကိုထုပါ
ရေအိုးကိုခွဲပါ

သံသရာလှည်းကိုတော့ ကိုယ်ကိုယ် တိုင်ပဲ ဆက်ဆွဲသွားပေါ့ဆရာမင်းသုဝဏ်၏ ဟိုက္ကူ ကဗျာမြည်းစရာ ကဗျာစာအုပ်ကို ဖတ်ပြီး ဂျပန်ကဗျာလို ၅-၇-၅ ဖွဲ့ စည်းမှုနဲ့ ကဗျာစပ်လိုစိတ်လည်း ဖြစ် ပေါ်လာပါသည်။ ဖန်တီးကြည့်မိ သောအခါ ကြည်လင်မှု၊ နှစ်သိမ့်မှု ရဲ့ရသကို ခံစားရပါသည်။ ရေးဖြစ် သော ကဗျာနှစ်ပုဒ်ကို ဖော်ပြချင်ပါ သည်။

အိပ်ရာဝင်ချိန်
မျက်စေ့ကိုမှေးမှိတ်
အတွေးတွေကို ရပ်နားအိပ်
ထင်လာတဲ့အတိတ်
အနာတရ မြင်ကွင်း
နေရောင်အောက်မှာပါ
အရေပြားတို့ တွန့်လိပ်တာ
လက်ဖျံရိုးပေါ်မှာ

မြန်မာသုံးကြောင်းကဗျာနှင့် ဂျပန်ဟိုက္ကူကဗျာတို့ကို ကဗျာစပ် ကြည့်သောအခါ ထူးခြားသော စိတ်ခံစားမှုဖြင့် စိတ်ကျေနပ်မှုကို ရရှိ ပါသည်။ ဆရာမင်းသုဝဏ်ကလည်း ဟိုက္ကူကဗျာတွင် ဂျပန်စာဆိုတို့၏ စေ့စပ်သေချာမှု၊ သိပ်သည်းကျစ် လျစ်မှု၊ စနစ်ဇယားရှိမှု၊ စည်းကမ်း ရိုသေမှု၊ ချွေတာခြိုးခြံမှု၊ စွဲလမ်းခိုင်မြဲ မှု၊ ထြ<ွကထက်သန်မှု၊ ကြိုးစားအား ထုတ်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှု စသော ကြည်ညိုဖွယ်ဂုဏ်တို့ကို တွေ့ သည်ဟု ဆိုထားပါသည်။ နောင်တွင် လည်း စိတ်အဆာပြေသလို ဆက် လက်စပ်ဆိုနိုင်လိမ့်မည်ဟု ထင်မြင်မိ ပါသည်။

မောင်ကြည်သာ (တောင်တွင်း)

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071