Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomePoemငြိမ်းချမ်းရေး အသံကြားရင် သရဏဂုံ...

ငြိမ်းချမ်းရေး အသံကြားရင် သရဏဂုံ တင်ထားပါ

လေညင်းက တံခါးခေါက်တာပါ
ဘာလို့ နဂါးမျက်စောင်းနဲ့ ပစ်ရတာလဲ
ဓားဓားချင်းလည်း မဟုတ်ဘဲ
ခွက်ချည်းပဲ ကျန်နေရတဲ့သူပါ။

နှင်းဆီဟာ ဆူးမပါဘဲ နီရဲခွင့်ရှိပါတယ်
ဘာကြောင့် ချိုးငှက်ကို မှ
နျူးကလီးယားနဲ့ ချိန်ချင်ရတာလဲ။

ပတ်စာ ခွာ ခံ လိုက်ရသလို
တရားခံ မရှိဘဲ မြေစာပင်တွေ
ခြေသုတ်ပုဆိုးတစ်ခုလိုလည်း
ဝပ်စင်းပေးထားခဲ့ပြီးပြီ
ခြေသံကြား ရမှာတောင်
အထိတ်တလန့်။

ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို
တံခါးတွေ ပိတ်လိုက်ပါ
လူသံ သူသံ မကြားခင်
ခုတင်ဘေးဝဲယာကို မီးပိတ်ပြီးမှ
သရဏဂုံ ကို
ကျယ်ကျယ်ရွတ်ဖတ် ။

ဘက်ချင်းရိုက်တဲ့ပွဲမှာ
ဘယ်စည်းရိုးမှ မခံ
အိုးမဲလည်း မသုတ်ရဘဲ ခွပ်ရတာ
သိမ်ငယ်စရာ နည်းနည်းတော့
ကောင်းတယ်။

လက်ချင်း တွဲလို့ ရတာပဲ
ဘာလို့ စတေးခိုင်းဦးမှာလဲ
ကျည်ခွံဟာ ကမ္ဘာဈေးကွက်မှာ
ဈေးတက်နေသ၍
ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို
သရဏဂုံ လေးတော့ တင်ထားဖို့လိုမယ် မိတ်ဆွေ။

လမင်းခန့်(ပန်းပျိုးလက်)

Ads Space Available


Continue reading

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော် ၏"ထင်ရှားထူးချွန်ဆရာဝန်"၊ အတ္ထုပ္ပတ္တိစာပေ ဘာသာရပ်တွင် ဗိုလ်အေးမြင့်ကြူ၏ "ကျွန်တော့်ကိုမမေ့ပါနဲ့"၊ ၂၀၁၉ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် သိန်းထွန်း(မြဝတီ)၏ "တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ"၊ ၂၀၂၀ ခုနှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)၏ "ကျန်းမာခြင်းဆုလာဘ်"စာအုပ်တို့ကို ရွေးချယ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ "ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကိုလေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)"၊ ၂၀၂၂...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၉၅၀)အတွက် ထောက်ပံ့ငွေကျပ်(၃၄၂၀)သိန်းလှူဒါန်း

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက နေပြည်တော်ကောင်စီရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ ထောက်ပံ့လှူဒါန်းပွဲ၌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့် ထောက်ပံ့ငွေကျပ်(၃၄၂၀) သိန်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးကလက်ခံရယူခဲ့ပြီးနောက် နေပြည်တော်ကောင်စီ ဝင်ဦးမြင့်စိုးက နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နေပြည်တော်လမ်းကြီးကြပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေများနှင့် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်ကြရန် ဒေါက်တာ သက်သက်ခိုင်တိုက်တွန်း

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ မေလ (၁၁) ရက် ၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ " လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့မှ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071