Saturday, April 11, 2026

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ်...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်...

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA)လမ်းကြောင်းကို မဖြစ်မနေဆက်လက်အကောင်အထည် ဖော်သွားမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအ စိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ စိုးရများမှ ဝန်ကြီးချုပ်များ၊...
HomeArticlesဗြောက်အိုး မဖောက်ရလို့ စည်ကားတဲ့...

ဗြောက်အိုး မဖောက်ရလို့ စည်ကားတဲ့ ခက်သင်ပေါင်ဒါ ရိုက်ပွဲ

ဆီမီးထောင်ပြာ မီးခွက်

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီရေလယ် ကျွန်း ခက်သင်ရွာမှာ အခုနှစ် သီတင်းကျွတ်လပြည့် ညနေပိုင်းက ပေါင်ဒါ ရိုက်ပွဲကို ရှေးမူမပျက် စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ယော၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါ်နယ်တွေဘက်မှာ ကျင်းပတဲ့ ပါးတို့ပွဲတွေက သနပ်ခါးကို သုံးပြီးဧည့်သည်ကို ကြိုဆိုကြတာမျိုးပါ။ အဲဒီ ဒေသတွေရဲ့ သနပ်ခါးပါးတို့ပွဲမှာ ဆိုရင် ဘုရားလွင်ပြင်မှာ ဝါးတွေ နဲ့ ပတ်ခွေပြီး ဝင်္ကဘာလုပ်ထားတယ်။ ခရုပတ်တစ်ခွေကို တစ်ပြည် ထောင် လို့ခေါ်ပြီး ၇ ပြည်ထောင်၊ ၁၆ ပြည်ထောင် စသည်ဖြင့် ဝင်္ကဘာ ရှည်ပေ မယ့်အလယ်မှာဘုရား ဆင်းထုတော်သီတင်း သုံးတော်မူတယ်။ ဝင်္ကဘာ ထဲမှာ လှည့်ပြီးတော့ ဘုရားရှင်ကို ဆီမီးပူဇော်တာပေါ့။
ကိုင်ဆောင်တဲ့ ဆီမီးတွေက တစ်နယ် နဲ့တစ်နယ်၊ တစ်ရွာနဲ့ တစ် ရွာမတူကြပါဘူး။ တချို့က ကြာမီးခွက်၊ ထီးလင်းမြို့နယ်က ဖယောင်း တောင် (သို့မဟုတ်) ဆီမီးထောင်ချကို ကိုင်ဆောင်ပူဇော်ကြတယ်။ ဆီမီး ထောင်ဆိုတာက ငှက်ပျောတုံးလေး လက်မလောက်ကို ခွာခံပြီး ငှက်ပျော ပင်ငယ် စိုက်ထားတယ်။ အပင်ငယ် မှာ ဖယောင်းတိုင်များ၊ စက္ကူပန်းရောင်စုံထိုးရိုက် အလှဆင်ထားတာပါ။ တချို့က မောင်း ထောင်ချိုင့်ထဲကို ငှက်ပျောရွက်စိုက်ပြီး ပန်းလိတ်လေး တွေ၊ ဆီမီးခွက် တွေနဲ့အလှဆင်ကြတယ်။

သနပ်ခါးပါးတို့ပွဲ

ကြာမီးခွက်၊ ဆီမီးထောင်လှည့်  ကြပေမယ့် ပွဲတိုင်းမှာ ပါးတို့ပွဲ ပါဝင် လေ့မရှိပါဘူး။ ဘုရားလွင်ပြင်မှာရှိ တဲ့ ၁၆ ပြည်ထောင်ဝင်္ကဘာ ရှည်ကြီးထဲကို ဆီမီးပူဇော်ဖို့ အပျိုမများက ကြာမီးခွက်များနဲ့ စီတန်းဝင် ရောက်တာကို ရွာခံအပျိုမများက ပါးပြင်ကို သနပ်းခါးတို့ ပေးတယ်။ တို့လိုက်တဲ့ သနပ်ခါးကို လှလှပပဖြစ်စေဖို့ လူပျိုနှစ်ယောက်က မှန်ထောင်ပြီးပြပေးတယ်။ မျက်နှာချေနဲ့ အလှပြင် အပြီး မှန်ကိုမြှောက် ပေးလိုက်တဲ့အခါ ရှေ့ဆက်သွားပြီး ဝင်္ကဘာဝန်းကျင် မှာ သနပ်ခါးပါး တို့သူနဲ့ မှန်တန်းပေါင်း ၅ဝခန့်အထိ ရှိတာပါ။
သက်တော်ရှည်ဆရာတော်ကြီး များ သီတင်းသုံးတော်မူရာ ဘုန်းတော်ကြီးကျောင်းရှိတဲ့ ရွာတွေ ကို သွားရောက် ကန်တော့တဲ့အခါ ကျောက်ထုမြို့နယ်က ဓလေ့တစ်မျိုး ပါ။ ၄-၅ ရွာဆက်ကူးပြီး လမ်းမှာ တစ် ည၊ နှစ်ညအိပ်ရတဲ့ ခရီးမျိုးပါပဲ။ အပျို၊ လူပျိုတစ်တွဲစီကို အပျိုကိုင် မယ့်ဆီမီးခွက် အတွက် စရိတ်ကို လူပျိုကကျခံရတယ်။ ကျောင်းကန် တော့သွားတော့လည်း အပျိုရဲ့ဘေးကနေ ဆီမီးငြိမ်းရင် မီးတို့ပေး ပေါ့။ ကျောင်းကန်တော့ဖို့ သွားတော့ ကြိုတင် အကြောင်းကြား ထားတာမို့ ရွာခံတွေက သနပ်ခါးပါး တို့ဖို့ကြိုဆိုတယ်။ ဘုန်းတော်ကြီး ကျောင်း ဝန်းထဲမှာလှည့်တာနဲ့ တစ်တွဲစီကို ပါးတို့ ပါပြီ။ တစ်တွဲမှာ လူပျိုကပါးတို့ တာ ကျေနပ်ပါပြီ ပြောပေမယ့် သူနဲ့တွဲ လာတဲ့အပျိုက စိတ်တိုင်းမကျသေး ဘူးဆိုလို့ကတော့ သနပ်ခါးတွေ၊ ပေါင်ဒါတွေနဲ့ အကျအန ကျေနပ်တဲ့ အထိ ဧည့်လူပျိုကို အလှပြင်ပေးတယ်။ သူတို့ဒေသ သနပ်ခါးပါးတို့ ပွဲရဲ့ ပျော်စရာဓလေ့ တစ်မျိုးပေါ့လေ။

ပေါင်ဒါတဝဆော်တီး

ခက်သင်ရွာပေါင်ဒါ ရိုက်ပွဲကတော့ တောင်တက်စောင်းတန်း အတိုင်း တက်သူဆင်းသူ မှန်သမျှကို ပေါင်ဒါရိုက်တာပါ။ ခေါင်းကိုမငုံ့ မမော့ပဲလျှောက်လို့ ကတော့ ပုံမှန်ပဲပေါင်ဒါ ကို ရိုက်ကြပါမယ်။ ပေါင်ဒါ ရိုက်လို့ ရှောင်မယ်၊ မျက်နှာလွှဲမယ် ဆိုရင်တော့ ခေါင်းလုံးဖွေးဖွေးဖြူပါ ပြီ။ ကိုယ့်ရည်းစား ဆိုရင်တော့ အပျိုမက ပါးပြင်နှစ်ဖက်မှာ ပေါင်ဒါ တစ်ချက်စီပဲ လှလှပပ ဝိုင်းဝိုင်းစက်စက် တို့ပေးမှာပါပဲ။ တချို့လူပျိုက လက်ကိုင်ပုဝါထဲ ကို ပေါင်ဒါမှုန့်ဖြူး ညှပ်ပြီးကိုယ်ရည်ရွယ် ထားတဲ့ အပျိုမ ကို ပြန်တို့တာမျိုး ဆိုရင်တော့ လူပျိုရဲ့ဂုတ်ကနေ နှိမ့်တဲ့ပြီး တဝ ဆော် တီးကြတယ်။ သင်္ကြန်တုန်းက ရေလောင်းခံရတဲ့ အပျိုမတွေက ပေါင်ဒါ ရိုက်ပွဲမှာ လူပျိုတွေကို ကလဲ့ စားချေတာပေါ့။ တောင်ပေါ်ကို ရောက် တော့မှန်၊ ကျောက်ပြင်၊ သနပ်ခါးတွေ၊ အသင့်ပြင်ထားတယ်။ ကိုယ် လက်သန့်စင် အလှပြင်ပြီးတာနဲ့ ဘုရားမှာ ဆီမီးပူဇော်၊ ကန်တော့ ကြတာပါပဲ။ ပေါင်ဒါရိုက်ပွဲ စတင်ဖြစ်ခဲ့တာကတော့ရှေးအခါက သီတင်း ကျွတ်လပြည့်နေ့ ညနေပိုင်းမှာ လှူဖွယ် ပစ္စည်းတွေကို ပဒေသာပင်သီးပြီး ရွှေတောင်ဦး စေတီတော်ကို ပူဇော်ဖို့ ကာလသားတွေ တက်ကြတာကို အပျိုတွေက ဗြိဇင်ခက်နဲ့ သနပ်ခါး ရေကျဲပက် ဖြန်းကြိုဆိုကြတယ်။ နောက်တော့ သနပ်ခါးသွေးဖို့ အချိန်ပေးရတာရယ်၊ အင်္ကျီပေါ်က သနပ်ခါးစက်တွေကို ချက်ချင်းသန့် ရှင်းလို့ မရတာတွေ ရယ်တို့ကြောင့် အဲဒီတုန်းက ခေတ်စားတဲ့ မျက်နှာ ချေ၊ ပေါင်ဒါမှုန့်တို့ကို ပြောင်းလဲသုံး စွဲခဲ့တာပါ။       ကိုညိုလုံး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071