Saturday, January 18, 2025

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း...

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက်...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ...

ထိုင်းကုန်သွယ်မှုပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပြခန်း အခမဲ့ရရှိမည်

"Thai FEX-Anuga Asia 2025” တွင် ပြသမည့် မြန်မာလုပ်ငန်းရှင်များအား ပြခန်းအခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်...
HomeArticlesအေဖန့်ဖန့်ရဲ့ကမ္ဘာ

အေဖန့်ဖန့်ရဲ့ကမ္ဘာ

၁။သူ့ရဲ့ဦးခေါင်းကတော့ အခွံ မာသီးလို တစ်ဝက်တစ်ပျက် ကွဲထွက် နေပြီး အဲဒီနေရာမှာ အနားစပ်တွေ မညီမညာ ပေါက်ထွက်သွားတဲ့ အခေါင်းတစ်ခု ဖြစ်နေတယ်။အဲဒီအ ခေါင်းပေါက်ထဲမှာ နှစ်ထပ်သဘောနဲ့ နောက်ထပ်ရှိနေတဲ့ ဒုတိယမြောက် ဦးခေါင်းရဲ့ဘယ်မျက်လုံးဟာ အိပ် ပျော်လက်စ ဖြစ်နေတာကို မြင်ရ မယ်။ ညာမျက်လုံးကတော့ မူလအ ပေါ်ယံခေါင်းရဲ့မျက်လုံးဖြစ်တာ ကြောင့် မအိပ်စက်ခဲ့ဘူး။သဘောက တော့ အခွံမာသီးတစ်လုံး တစ်စွန်း တစ်စ ပေါက်သွားပြီး သူ့အထဲက အရသာရှိတဲ့ သစ်ကြားသီးစေ့ကို တစ်စွန်းတစ်စ လှမ်းမြင်နေရတဲ့ အချိန်မျိုးပဲ။ သစ်ကြားသီးရဲ့ အသား တွေကို အမှုန့်ကြိတ်ပြီး ပရိဘောဂ လုပ်ကြမယ်ဆိုရင် သူ့မျက်နှာကို ပြန်တည်ဆောက်ဖို့ ဆန္ဒရှိနေလိမ့် မယ်။ဒါပေမဲ့ ပြင်းထန်တဲ့ခေါင်းကိုက် ရောဂါဟာ သစ်ကြားသီး ဦးခေါင်း တွေမှာသာ အဆက်မပြတ်ဖြစ်နေ တတ်မှာပါ။ ( Walnut )

၂။ ဒီမနက်တော့ ကျွန်တော့်အခန်း တံခါးဝကို မြင်းကျားတစ်ကောင် ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အခန်းဟာ ရုရှားနိုင်ငံရဲ့အထင်ကရအဆောက်အအုံကြီးတစ်ခုထဲက အတွင်းခန်းတစ်ခန်းနဲ့အလွန်တူညီ နေခဲ့တယ်။ မြင်းကိုတော့ တော်လှန် ရေးခေါင်းဆောင်ထရော့စကီးရဲ့ မြင်းကျားလို့ ကျွန်တော်က ယာယီ နာမည်ပေးထားလိုက်ရတာပါပဲ။ ပြီး တော့ ကျွန်တော့်အခန်းထဲမှာ သူ့ကို လှည့်ပတ်သွားလာစေလိုက်တယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ စိတ်မသက်မသာဖြစ်မိကြတဲ့အခါ ကိုယ့်အနီးအနားမှာရှိတဲ့ အရာတချို့ ကို တွေ့ကရာနာမည် တပ်ခဲ့ကြတယ် မဟုတ်လား။ ကျွန်တော်ဟာ အာဏာ ရှင်တွေရဲ့အကြောင်းလုံးစေ့ပတ်စေ့မသိသူဖြစ်ပြီး တြိဂံပုံစံ ပြုလုပ်ထားတဲ့ ဂစ်တာတွေကိုလည်း မတီးခတ်တတ် ခဲ့ပါဘူး။ မနက်ခင်းဟာ မြူခိုးတွေနဲ့ စွတ်စို ထိုင်းမှိုင်းနေခဲ့ပေမယ့် ပြတင်း ပေါက် တစ်ခုဆီမှာတော့ လက်ရှိ အခြေအနေနဲ့ အလွန်အမင်း မလိုက် ဖက်ဘဲဖြစ်နေတဲ့ မြင်ကွင်းတစ်ခုကို ကျွန်တော် တွေ့မြင်နေရပါတယ်။ နေရောင်ခြည်တွေတောက်ပနေပြီး စိမ်းလန်းတဲ့သစ်ပင်တန်းကြီး ပေါက် ရောက်နေတဲ့ လမ်းဖြူးဖြူးကို ကျွန်တော်မြင်ရတယ်။ သေမင်းတွေ ဟာ အဲဒီလမ်းပေါ်မှာ 3D ဂိမ်းတွေ ထဲမှာ ဖန်တီးထားတဲ့ လူပုံတွေလို အသက်မဲ့နေတဲ့ ပရိုဂရမ်ရဲ့ ရှင်သန်မှု တစ်ခုနဲ့ ခေါက်တုံ့ခေါက်ပြန်လမ်း လျှောက်နေကြတယ်။ ကျွန်တော်က တော့ အစီအစဉ်မဲ့နေသူတစ် ယောက်ဖြစ်နေခဲ့ပါတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီတို့ပါဝင်တဲ့ စွပ်ပြုတ်တစ် မျိုးကို ကြိုက်နှစ်သက်ယောင်ဆောင် ပြီး ကျွန်တော်ကတော့ မသောက် နိုင်တော့ပါဘူး။ တစ်ခုရှိတာက ကျွန်တော်ဟာ ကျွန်တော့်ကိုယ် ကျွန်တော် ဦးထုပ်ရောင်းသမားတစ် ယောက်လို ခံစားနေရတာပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တကယ့်အရှိမှာတော့ ဘာဦးထုပ်မှ ဆောင်းလေ့ဆောင်းထ မရှိတဲ့ လူတစ်ယောက်ပဲဆိုတာ သိ သာပါတယ်။ ပင့်ကူတစ်ကောင်ဟာ သူ့ရဲ့အမျှင်တွေကို ပေါက်ကရ အတွေးအမျှင်တွေလို့ ယူဆနေမှာ မဟုတ်ဘူး။ ပြီးတော့ကျွန်တော်ဟာ ဇာဘုရင်တစ်ပါးလည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ ခရီးဝေးတစ်ခုကိုထွက် လာခဲ့ပြီးမှ အိမ်ပြန်မရောက်နိုင်တဲ့ စွန့်စားသူတစ်ယောက်လို မျက်စိ လည်နေပြီး သစ်သားထိုင်ခုံပေါ်မှာ သာ ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက် ရပါတယ်။ မကြာခင်မှာ မိုးကြီးသည်း ထန်စွာရွာသွန်းလာနိုင်မယ့် အလား အလာရှိပါတယ်။
(zebra)

၃။ ကျေးလက်တစ်ခုရဲ့ဖုန်းဆိုးမြေပေါ်မှာ ဒီနေ့တော့ မိုးရေတွေ ပါဝင် ခြင်း အလျဉ်းမရှိတဲ့ လျှပ်စစ်မိုးကြိုး ခြောက်တွေချည်းသာ ပစ်ခတ်နေခဲ့ ပါတယ်။ နေ့စဉ်လုပ်နေကျ အတိုင်း အဘိုးအိုဟာ လျှပ်စစ်မိုးကြိုးတွေကို ဖန်ပုလင်းတွေထဲ ထ ည့်သိမ်းနေခဲ့ပြီး အဘွားအိုကတော့ တံချူတစ်ချောင်း အသုံးပြုကာ မိုးပေါ်က ပစ်ချပေးတဲ့ လျှပ်စစ်မိုးကြိုးအကိုင်းအခက်တွေ ကို ချူယူနေပါတယ်။ မိုးကောင်း ကင်ဟာ ခဲသားရောင် လျှပ်စစ်တိမ် တိုက်တို့ကို သူတို့ နှစ်ဦးနဲ့ ပိုမိုနီးကပ် အောင် နိမ့်ဆင်းပေးနေသလိုပါပဲ။ မိုးသားတိမ်တိုက်အလွှာချပ်ကြီးဟာ ကောင်းကင်အပြည့် ပျံ့နှံ့နေပြီး လျှပ်စစ်မိုးကြိုးတွေ တစ်ချောင်းပြီး တစ်ချောင်း ထစ်ချုန်းပစ်ချနေပါ တယ်။ ပစ်ချသမျှ မိုးကြိုးတိုင်းဟာ လည်း အဘွားအိုရဲ့တံချူဖျားမှာ ပါသွားပြီး ဖန်ပုလင်းတွေထဲ တစ်ခု ပြီးတစ်ခုရောက်ကုန်ခဲ့တာပါပဲ။ ဖလန်နယ်အင်္ကျီဝတ်ထားတဲ့ အဘိုး အိုရဲ့မျက်လုံးတွေမှာ မျက်ဖြူသား မရှိဘဲ အနက်ရောင်ဂျယ်လီလို နက်မှောင်နေပြီး အဘွားအိုကတော့ စကတ်ကြီးတဖားဖားနဲ့ လျှပ်စစ်မိုး ကြိုးတွေကို ပိုးစုန်းကြူးသာသာလို သဘောထားပြီး တံချူနဲ့ချူ ယူကာ ဖန်ပုလင်းတွေထဲထည့်ဖို့ အဘိုးအိုဆီ တစ်ခုပြီးတစ်ခု လှမ်းလှမ်းပေးနေပါ တော့တယ်။ အဘိုးအိုဟာ အငြိမ်း စား ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး အဘွားအိုကလည်း အငြိမ်းစား အစိုး ရ ရုံးစာရေးမကြီးတစ်ယောက် ဖြစ် တယ်လို့ ဆိုပါတယ်။ သူတို့ဇနီးမောင် နှံမှာ သားတစ်ယောက်ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့သားဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကတည်းက သူတို့ကို စိတ်ပျက်လက်ပျက် ခွဲခွာ သွားခဲ့ပြီး ကျေးလက်ကနေ အပြီး အပိုင် ပျောက်ဆုံးသွားခဲ့ပါတယ်တဲ့။ သူတို့ရဲ့သားဟာ ငှက်ဖမ်းသမားတစ် ယောက်ပုံစံမျိုးလို ဝတ်ဆင်ထားပြီး ငှက်လှောင်ချိုင့်ကြီးတွေကို ကြိုး တွေနဲ့ သီဆိုင်းထမ်းပိုးကာ အဝေးကို ထွက်ခွာသွားတာ ဖြစ်တယ်လို့ဆိုကြ ပါတယ်။ သူဟာဘာအလုပ်တွေ လုပ်ဖို့ ဘယ်ဒေသကို ထွက်ခွာသွား သလဲဆိုတာ လူတွေ မသိကြရပေမယ့် အဲဒီသူ့ရဲ့ ငှက်လှောင်ချိုင့်ကြီးတွေ တိုင်းထဲမှာတော့ အရောင်အသွေးပုံ သဏ္ဌာန်မျိုးစုံရှိတဲ့ တိမ်တွေကို ထည့် ယူသွားခဲ့တယ်လို့ ဆိုနေကြပါသေး တယ်။ (countryside)

အေဖန့်ဖန့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071