Tuesday, May 5, 2026

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...
HomeCelebrities' Newsဝေဖန်ခြင်းနဲ့ နှိမ့်ချပြောဆိုခြင်းခံရတာတွေအပေါ် ...

ဝေဖန်ခြင်းနဲ့ နှိမ့်ချပြောဆိုခြင်းခံရတာတွေအပေါ် ရိုးသားစွာတုံ့ပြန်လိုက်တဲ့ ရွှေထူး


အနုပညာရှင်ဖြစ်တဲ့အခါကျတော့ အကောင်းပြောတာခံရသလို အဆိုးပြောတာလည်း ခံရတယ်။ ဆဲဆိုစကားတွေ၊ ဝေဖန်မှုတွေ၊ နှိမ့်ချပြောဆိုတာတွေစသဖြင့် စကားလုံးပေါင်းစုံနဲ့ နေ့စဉ်ရှုပ်ထွေးနေတဲ့ ဖေ့စ်ခ်ဘွတ်ခ်စာမျက်နှာထက်မှာဆိုရင် ပိုဆိုးပါတယ်။ ရွှေထူးတို့လို င်္သူသတနမျ များတဲ့ အနုပညာရှင်တွေဆိုရင် ဆဲဆိုစကားတွေကို ဥပေက္ခာပြုရုံကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး။

”ဝေဖန်တယ်ဆိုတာ ကျွန်တော်တို့ကိုကောင်းစေချင်လို့ဝေဖန်တာ။ နှိမ့်ချပြောဆိုတယ် ဆိုတာကတော့ ပြောတဲ့သူအပေါ်မှာပဲမူတည်တာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အရင် တုန်းကဆိုရင် ကျွန်တော့်ကိုလာပြီးပြောရင် ပြန်ပြီးတုံ့ပြန်တယ်။ နောက်ပိုင်းကတော့ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်ကျွန်တော်တို့ကောင်းကောင်း လုပ်ရမယ်။ ပြောတာကသူတို့အပိုင်း။ သူတို့မှာလည်းပြောပိုင်ခွင့်ရှိတယ်။ အဲဒီတော့ ကျွန် တော့်ကို အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ ကျွန်တော်ကတော့ ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေရမှာပဲ” လို့ ရွှေထူးက သူ့အင်တာဗျူးမှာ ပြောပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိတတ်ကြပါတယ်။ ဘေးကကြည့်နေလို့ အမြင် တူချင်မှတူမှာပါ။ ရွှေထူးကတကယ်တော့ ပွင့်ပွင့်လင်းလင်းနဲ့ အင်တာဗျူးဖြေတတ်တဲ့ အနု ပညာရှင်တစ်ယောက်ပါ။ ပြီးခဲ့တဲ့ သူ့ရဲ့အသက် ၂၆ နှစ်ပြည့်မွေးနေ့မှာတုန်းက မေးမြန်း ဖြစ်ခဲ့စဉ် ”ကြားထဲမှာလည်း အကုန်လုံးသိတဲ့အတိုင်း ကျွန်တော့်ဘာသာ ကျွန်တော်စိတ်ကို ပြန်ပြင်ဆင်ရတဲ့အပိုင်းလေးတွေရှိတယ်။ ဒါဘယ်သူ့ကိုမှ အပြစ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်အပြစ်ပါ။ အားလုံးကျွန်တော့်အပြစ်လို့ပဲ ကျွန်တော်ခံယူတယ်။ ကျွန်တော် မကောင်းတာလို့ပဲ ကျွန်တော်ပြောချင်တယ်”လို့ ရိုးသားစွာပြော ပြပါတယ်။

အရွယ် ၃ ရွယ်ရှိတာ တစ်ရွယ်ကုန်သွားပြီပေါ့လို့ဆိုတဲ့ ရွှေထူး က သူ့ဘက်ကနေမားမားမတ်မတ် ရပ်တည်ပေးကြတဲ့ ပရိသတ်တွေ ကိုလည်း . . .

”ကျွန်တော့်ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်အထိကျွန်တော့်အကြောင်းကိုလည်း အ ကုန်လုံးသိကြတယ်။ ကျွန်တော်က လုပ်ချင်ရင်တစ်ဇွတ်ထိုးလုပ်တတ် တာဆိုတော့ ကျွန်တော့်ကို တော်တော်များများပြောကြတယ်။ အဓိက က သူတို့ချစ်တဲ့အဆိုတော် အပြောခံရတယ်ဆိုတော့ ဘယ်သူမဆိုတော့ မခံချင်ကြဘူးလေ။ ဒါပေမဲ့လည်း ကျွန်တော့်မျက်နှာကြောင့် သူတို့ငြိမ် ခံနေပေးတယ်။ ကျွန်တော့်ကို အခုချိန်အထိအားပေးနေသေးတယ်။ ကျွန် တော့်အနုပညာကိုအားပေးတဲ့ပရိသတ်တွေ သီးသန့်ကျန်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်အနုပညာကိုကြိုက်တဲ့ ပရိသတ် တွေအတွက် ကျွန်တော်အများကြီးကြိုးစားဦးမှာပါ။ အရင်ထက်သာလွန် ကောင်းမွန်တဲ့သီချင်းတွေ အများကြီးထုတ်သွားဦးမှာပါ။ ကျွန်တော့်အနုပ ညာကို ကြိုက်တဲ့ ပရိသတ်တွေအတွက်ပါ” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။ ​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071