Monday, July 13, 2026

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ် မလေးရှားနိုင်ငံသို့...

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ်သည် မလေးရှားဘုရင် စူလ်တန် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ...

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ...

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင်...

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...
HomeCelebrities' Newsရွှေထူး ပြောတဲ့ သူ့ဘဝအကြောင်း

ရွှေထူး ပြောတဲ့ သူ့ဘဝအကြောင်း

shwe-htoo

အဆိုတော် ရွှေထူးလို့ဆိုရင် နယ်ရော၊ မြို့ပါ ပရိသတ်ကြိုက်နှစ်သက်အားပေးကြပြီး ဒီဘက်ခေတ် ဂီတလောကမှာ အောင်မြင်တဲ့အဆိုတော်တစ်ယောက် လို့ဆိုရမှာပါ။ သူဟာ လက်ရှိမှာတော့ စိတ်ကူးယဉ် စာအုပ်တစ်ကိုယ်တော်စီးရီးခွေထွက် ရှိထားပြီး နေတိုး၊ မိုးစက်ဝိုင်တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ အတွက်လည်း ပြင်ဆင်နေသူပါ။ ဒါအပြင် သူက Ve Ve အချိုရည်နဲ့ OPPO Smart Phone တို့ရဲ့ Brand Ambassador တစ်ယောက်လည်းဖြစ်ပါတယ်။ ရွှေထူး အခုလိုမအောင်မြင်ခင် သူဘယ်လို ကြိုးစားခဲ့ရလဲဆိုတဲ့ သူ့ရဲ့ ဂီတဘဝ အစကိုပြန်လည် မေးမြန်းဖြစ်တဲ့အခါ……..

” ဆယ်တန်းကာလမှာတော့ မိသားစုစီးပွားရေးကျတယ်ပေါ့နော်။ ကျောင်းတက်လို့ မုန့်စားကျောင်း ဆင်းရင်တောင်မှ ကျွန်တော် ထမင်းချိုင့်မထည့်နိုင်ဘူး။ ကျွန်တော်ဆယ်တန်းတစ်နှစ်ကျသွားတယ်။ ကျွန်တော် နောက်တစ်နှစ်ကြိုးစားပြီး ပြန်ဖြေတယ်။ ဒါပေမဲ့ ကျွန်တော်ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ အဲဒီအတွက် ဆယ်တန်းထပ်ကျတယ်။ အဲဒီအချိန်မှာ ငါတစ်ခုခုကို လုပ်မှရတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ဝင်လာတယ်။ အဲဒီဆုံးဖြတ်ချက်က သီချင်းဆိုတဲ့အလုပ်ဖြစ်နေတယ်။ သူများ တွေ ကိုယ့်သီချင်းကိုနားထောင်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ အမေကတော့ ကျွန်တော့်ကို ပညာတတ် ပဲဖြစ်စေချင်တယ်။ အဲဒီအချိန် မှာ ကျွန်တော်က သီချင်းဘက်ကို ရောက်သွားတဲ့အတွက် စာမလုပ်ချင် တော့ဘူး။ မိသားစု စီးပွားရေးအရ ကျွန်တော်အလိုက် သိပေးရ တာတွေ အများကြီးရှိပါတယ်။ ကျွန်တော် အိမ်က ထွက် သွားခဲ့တယ်။ သူငယ်ချင်းတွေအိမ်နေလိုက်၊ ကျွန်တော့် အဒေါ်အိမ်နေလိုက်၊ ကျွန်တော့် ဦးလေးဆီက မုန့်ဖိုး တောင်းလိုက်နဲ့ ကျွန်တော်သီချင်းလေးတွေစလုပ်တယ်။ အဲဒီသီချင်းတစ်ပုဒ်က ဂိမ်းဆိုင်ကနေ ပြန့်ရင်း၊ ပြန့်ရင်းနဲ့ ကျွန်တော့် ဂိမ်းဆော့တဲ့နာမည်က ရွှေထူးဆိုတော့ အခုချိန်ထိ ရွှေထူးဆိုပြီး ဖြစ်လာတာပါ” လို့သူက ပြောပါတယ်။

တချို့ဆို ကိုယ့်အားနည်းချက်ကို ထုတ်ဖော်ပြော ပြလေ့မရှိတတ်ဘူးလို့ဆိုတဲ့အခါ ” ဒါကလိမ်ထားပြီးတော့လည်း ကျွန်တော့်အတွက်ဘာ အကျိုးအမြတ်မှ မရှိတာ။ ဒါတွေကဖြစ်ခဲ့ပြီးသွားပြီပဲလေ။ ကျွန်တော့် ကိုချစ်တဲ့ပရိသတ် ကျွန်တော့်အကြောင်းကို အကုန်သိရ မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်ချပြတယ်။ ကျွန်တော့်ပရိ သတ်တော်တော်များများလည်း ကျွန်တော့် စိတ်ဓာတ် ကိုသိကြသလို ကျွန်တော့်ဘဝအကြောင်းကိုလည်းသိ တယ်။ ဆယ်တန်းမအောင်တာ ရှက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆယ်တန်းအောင်ဖို့လိုအပ်တယ်။ ကျွန်တော့် ဒီအင်တာဗျူးကို ဖတ်နေကြတဲ့ ညီငယ်၊ ညီမငယ်တွေကို ပြောချင်တာက ဆယ်တန်းအောင်အောင်ဖြေကြပါ။ ကိုယ့်ဘာသာကိုယ် အဆိုတော်ကြီးပဲဖြစ်ဖြစ်၊ ဘာကြီးပဲ ဖြစ်ဖြစ်ဆယ်တန်းမအောင်လို့ရှိရင် ပွဲလမ်းသဘင်သွား တဲ့အခါ မျက်နှာငယ်ရတတ်ပါတယ်။ ကျွန်တော်လည်း ဆယ်တန်းမအောင်ပေမယ့် ပျက်စီးနေတဲ့ သူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော့်မိဘကို ကျွန်တော် ရှာကျွေးနိုင် တယ်။ ကျွန်တော့်ညီတွေ၊ ညီမတွေကို ကျောင်းထားပေး နိုင်တယ်။ ပြီးတော့ ကျွန်တော့် သူငယ်ချင်းတွေကို စိတ် ချမ်းသာအောင်ထားပေးနိုင်တယ်။ ကျွန်တော်ဟာ တအားအသုံးဝင်တဲ့ သူမဟုတ်ပေမယ့် တတ်နိုင်တဲ့ အသက်အရွယ်မှာတတ် နိုင်သလောက် အသုံးဝင်နေပါပြီ” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071