Tuesday, June 24, 2025

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....

စစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ အီရန်တို့ သဘောတူညီခဲ့ကြတယ်လို့...

အစ္စရေးနဲ့ အီရန်တို့ဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ ထရမ့်ရဲ့...

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃)...

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...
HomeCelebrities' Newsမွေးနေ့မှာ ချစ်သူဆီက စိန်လက်စွပ်...

မွေးနေ့မှာ ချစ်သူဆီက စိန်လက်စွပ် လက်ဆောင်ရခဲ့ တဲ့ သန္တာဗို

သရုပ်ဆောင်သန္တာဗိုရဲ့ ၂၅နှစ် ပြည့်မွေးနေ့မှာ ချစ်သူဖြစ်တဲ့ ကောင်းပြည့် က Surprise Birthday Party လေးပြုလုပ်ပေးခဲ့ပါတယ်။ ဇန်နဝါရီလ ၁ရက်နေ့က ကျရောက်ခဲ့တဲ့ သန္တာဗိုရဲ့မွေးနေ့မှာတော့ သူတို့ချစ်သူ နှစ်ဦး ရဲ့ ချစ်သူသက်တမ်း ၅နှစ်နဲ့ ဆယ်လပြည့်တဲ့နေ့တော့လည်း ဖြစ်တယ်လို့ သန္တာဗို က ဆိုပါတယ်။

ဖြတ်သန်းခဲ့တဲ့မွေးနေ့ပွဲအမှတ်တရတွေက “New Year ညက ပင်ပန်းခဲ့ကြတဲ့အတွက် ဇန်နဝါရီလ ၁ရက်နေ့ မွေးနေ့မှာဒီအတိုင်းပဲ နှစ်ယောက် အတူတူ ညစာပဲစားကြမယ်ဆိုပြီး တွေးထား တာပါ။ ကောင်းပြည့်က ကိုယ်မသိအောင် သူငယ်ချင်း တွေကိုခေါ်ပြီး ညီမကို Surprise လုပ်ပေးခဲ့တယ်။ ကောင်းပြည့်က ပုံမှန်ဆိုရင် Surprise တွေ၊ ဘာတွေကိုလုပ်လည်း မလုပ်တတ် ဘူး။ အရင်နှစ် ညီမမွေးနေ့တုန်း ကလည်း လုပ်တော့လုပ်ပေးတယ်။ သိပ်ပြီးထူးထူးခြားခြားကြီးမရှိပါဘူး။ ဒီနှစ်တော့ သူက သေသေချာချာ လေးကို ပြင်ဆင်ပြီးလုပ်ပေးခဲ့တာပါ။ ညီမရဲ့မွေးနေ့က နှစ်ယောက်စလုံးရဲ့Anniversary လေးလည်းဖြစ်တော့ အမှတ်တရတွေလည်း အများကြီးရခဲ့ပါတယ်။ Anni ကတော့ ငါးနှစ်နဲ့ဆယ်လပါ”လို့သန္တာဗိုကဆိုပါ တယ်။  ကောင်းပြည့်က သန္တာဗိုအတွက်စိန်လက်စွပ်ကို မွေးနေ့လက်ဆောင် အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ ချစ်သူဆီကနေ ရရှိခဲ့တဲ့မွေးနေ့လက်ဆောင်အပေါ် သန္တာဗိုရဲ့ခံစားချက်က မွေးနေ့လက်ဆောင်အနေနဲ့ကတော့ လက်စွပ်လေးရတယ်။ သူလည်းပေးဖို့ကို အစကတည်းက စီစဉ်ထားတယ်။ သူကဒီလိုလေး ဖန်တီးပေးတော့ညီမတအား ပျော် တယ်။ ညီမလည်း အမြဲတမ်းပြောပါ တယ်။ မွေးနေ့လက်ဆောင်ထက် မွေးနေ့မှာအတူ တူ ပျော်ပျော်ရွှင်ရွှင် ရှိနေပေးရင် ရပြီလို့ အမြဲတမ်းပြောပါတယ်။ ဒါပေမဲ့ လည်း ကောင်းပြည့်က အမှတ်တရ အနေနဲ့ ဖန်တီး ပေးတဲ့ အတွက်လည်း ကျေးဇူးတင် တယ်။ လက်ဆောင်အနေနဲ့ပေးတဲ့ လက်စွပ် ကလေး ကိုလည်း ညီမတအား ကြိုက် ပါတယ်” လို့ပြောပြပါတယ်။ ချစ်သူ ဖြစ်တဲ့ကောင်း ပြည့်ကို သန္တာဗိုပြောပြချင်တဲ့ စကား က “Surprise လုပ်ရ တာသိပ်ပြီး ဝါသနာ မပါတဲ့သူ။ လုပ်လည်း မ လုပ်တတ်တဲ့သူ တစ် ယောက်က ညီမကိုဒီလို လေးမွေးနေ့မှာ အမှတ် တရဖြစ်အောင် ကြိုးစားပြီး စီစဉ်ပေးတဲ့အတွက်လည်း တအားကျေးဇူးတင်တယ်။ အလွန်လည်း ပျော်ရွှင် ခဲ့ရ တာက အမှတ်တရပါပဲလို့ ကောင်းပြည့်ကိုပြောချင် ပါတယ်” လို့ပြောပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071