Monday, September 21, 2026

System Breakdown ဖြစ်ရခြင်းမှာ အကြမ်းဖက်အဖွဲ့များ၏ဖျက်ဆီးမှုများနှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System Breakdown မကြာခဏဖြစ်ပေါ်နေရခြင်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။ ဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ် လျှောက် မိုးကြိုးလျှပ်စစ်အန္တရာယ်မှအကာအကွယ်ရရှိနိုင်ရန်...

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့...

နေပြည်တော်၊ စက်တင်ဘာ ၂၁ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌...

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...
HomeMusicဖေ့စ်ဘုတ်အကောင့် ဟက်ခံလိုက်ရလို့ ခံစားသွားရတဲ့...

ဖေ့စ်ဘုတ်အကောင့် ဟက်ခံလိုက်ရလို့ ခံစားသွားရတဲ့ Ice Cold

ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတွေပါပဲ။ အနုပညာ ရှင်တစ်ယောက်ရဲ့ ဖေ့စ်ဘုတ်ခ်အကောင့်တစ်ခုဟာ Followers တွေ များစွာရှိတဲ့ အတွက်ကြောင့် အကောင့်ပျက်သွားပြီဆိုရင် နစ်နာဆုံး ရှုံးမှုတွေရှိတတ်စမြဲပါ။ ဒီတစ်ခါ အလှည့်ကျသွားတာက ဗပန Chan Min ဆိုတဲ့ နာမည်နဲ့သုံးနေတဲ့ ဟစ်ဟော့ပ် အဆိုတော် Ice Coldရဲ့ အကောင့်ပါပဲ။ အကောင့်သစ်ဖွင့်ဖို့ တော့ရှိပါတယ်ဆိုတှဲု့ Ice Coldက…

”ပြောချင်တာက ၂မျိုးရှိတယ်။ အကောင့်ပျက်သွားတဲ့အတွက် ကြောင့်မို့လို့ ကျွန်တော်နဲ့ အရမ်းရင်းနှီးနေတဲ့ Friends တွေကျတော့ ပြဿနာမရှိဘူး။ လာ Add တာနဲ့ သိနေပြီလေ။ တချို့လူတွေကျတော့ ဒီအတိုင်းပဲအားပေးနေပြီး ကျွန်တော်က မမှတ်မိလို့ လက်မခံတာမျိုးကျရင် သူတို့အတွက်မကောင်းဘူး။ နောက်တစ်ခုကျတော့ Friend မဖြစ်ရသေးတဲ့သူတွေကျတော့ သူတို့ အတွက် အခွင့်အရေး ပိုရှိသွားတာပေါ့။ နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့ဖေ့စ်ဘုတ်ခ် စသုံးတယ်ဆိုတာ အဆိုတော်မဖြစ်ခင် ကတည်းကပေါ့။ ကျွန်တော့်အတွက် ကတော့ ဒီဟာလေးက ဒိုင်ယာရီ စာအုပ်လိုပဲ။ သုံးခဲ့တဲ့ Activity တွေ၊ အမှတ်တရတွေ အဲဒါတွေ အားလုံး ဆုံးရှုံးသွားတယ်။ ကျွန်တော့်ကို အားပေးတဲ့ပရိသတ်တွေပေါ့။ Followers ၁သိန်း ၆သောင်းလောက် ဆုံးရှုံးသွားတယ်ပေါ့။ အဲဒီ ၂ ခုကတော့ တော်တော်ပြန်လုပ်ဖို့ ခက်ခဲပါတယ်။ ကျန်တာတွေကတော့ ကျွန်တော့်အကောင့်အသစ်ဖွင့် မယ်ဆိုရင် ကျွန်တော့်သူငယ်ချင်း တချို့ အနုပညာရှင်တွေက ဒါဟာ Ice Cold အကောင့်ပါ။ ဝိုင်း Add လိုက်ကြပါဦးဆိုရင်တော့ တော်တော် များများက ပြန်ရလာမယ်ထင်ပါတယ်”လို့ သူက ပြောပါတယ်။

”အမြဲတမ်းမေးနေကျ အခွေ ဘယ်တော့ထွက်မလဲ၊ သီချင်းသစ် တွေ အွန်လိုင်းပေါ်တင်ဦးမလားဆိုတဲ့ မေးခွန်းအပေါ်ကိုလည်း Ice Cold က …

”အခွေကတော့ ထုံးစံအတိုင်း ပြောရမယ်ဆိုရင် စာမေးပွဲပေါ့။ ကျွန်တော့်စာမေးပွဲက ဒီဇင်ဘာ ၁၈ဆိုရင်တော့ ပြီးပါပြီ။ ဖြေစရာလည်း ဘာမှ မကျန်တော့ဘူးဆိုတော့ ဒီဇင်ဘာ ၁၈နောက်ပိုင်းက စပြီးတော့ အခွေ မထွက်မချင်း ဆက်တိုက်ပဲ လုံးပန်းပါတော့မယ်။ အခု ကျွန်တော့်သူငယ်ချင်း G.Fatt သူ့ အခွေ အရင်ထွက်မယ်။ သူထွက်မယ့် ဒုတိယအခွေထဲမှာ ကျွန်တော်ရယ်၊ သူရယ်၊ J.Fire ရယ် ပေါင်းပြီးတော့ ‘မချောကသုံးယောက် ကိုယ်တစ်ယောက်’ဆိုတဲ့ သီချင်းလေး လုပ်ထားပါတယ်။ အဲဒီဟာလေးတော့ အရင်ထွက်မှာပါ။ ကျွန်တော့်စာမေးပွဲ ၁၈ရက်နေ့နောက်ပိုင်း G.Fatt အခွေမထွက်သေးခင် မီရင်တော့ ‘စာမကျက်ချင်ဘူး’ ဆိုတဲ့ သီချင်းတစ်ပုဒ်တော့ ဖြန့်ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071