နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ သတ်မှတ်ရွေးချယ်လေ့ရှိတဲ့ ဖော့ဘ်စ်မဂ္ဂဇင်းကြီး ရဲ့အချမ်း သာဆုံး အမေရိကန် ဆယ်လီစာရင်းထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
စတားဝါးရုပ်ရှင်ဒါရိုက်တာ ဂျော့ခ်ျလူးကပ်စ်က နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ခိုင်လီဂျန်နာက အဆင့် (၅) နေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး နှစ်တစ်နှစ်လုံးရဲ့ အပြီးသတ် ရွေးချယ်တဲ့ ဖော့ဘ်စ်ရဲ့  စာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ ခိုင်လီဂျန်နာအဖို့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်လို့ သိရပါတယ်။ ဒီအတွက်လည်း သူ့အနေနဲ့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်နေတယ်လို့ ဆိုပါတယ်။
ခိုင်လီတစ်ယောက် ဒီလိုကြွယ်ဝလာရတဲ့အဓိကဝင်ငွေလမ်းကြောင်းက သူ့ရဲ့ အလှကုန်ပစ္စည်းတွေဆီက ဖြစ်ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၆၃ဝ အထိ ရှာခဲ့ပါတယ်။ လက်ရှိ ခိုင်လီ့ရဲ့ လူမှုမီဒီယာတွေမှာ ဖော်လိုဝါပေါင်း ၁၆၈ သန်းအထိ တိုးပွားလာခဲ့တယ်လို့လည်း သိရပါ တယ်။
အခုနှစ် ဖော့ဘ်စ်ရဲ့ ၂ဝ၁၈ နှစ် ချုပ်စာရင်းတွေအရ ဒါရိုက်တာ ဂျော်ခ်ျလူးကပ်စ်က ၅.၄ ဘီလီယံ၊ ဒါရိုက်တာ စတီဖင်စပီးလ်ဘတ်ခ်က ၃.၇ ဘီလီယံ၊ အော်ပရာဝင်းဖရေး က ၂.၈ ဘီလီယံ၊ မိုက်ကယ်ဂျော်ဒန် က ၁.၇ ဘီလီယံ၊ ခိုင်လီနဲ့ဂျေဇီတို့က သန်း ၉ဝဝ စီ၊ ဒေးဗစ်ကောပါ ဖီးလ်က ၈၇၅ သန်း၊ ဒစ်ဒီက ၈၂၅ သန်း၊ တိုက်ဂါးဝုဒ်နဲ့ ဂျိမ်းပက်တာဆင်တို့က သန်း ၈ဝဝ အသီးသီး ကြွယ်ဝလျက်ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။
Ref:Hollywood Life