Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeMoviesနောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်မှာ မြန်မာမှုနဲ့...

နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်မှာ မြန်မာမှုနဲ့ ခေတ်ပေါ် ဂီတတွေ နှစ်မျိုးလုံး ခံစားရမယ်ဆိုတဲ့ ရွာစားစိန်မွတ္တား

နောင်တွင်ဥဒါန်းတွင် စေသတည်း ရုပ်ရှင်ကားမှာ သီချင်း ၇ ပုဒ်ပါဝင်ပြီး နောက်ခံတေးဂီတကို မြန်မာမှုဂီတနဲ့ ခေတ်ပေါ်တေးဂီတကို ပေါင်းစပ်ပြီး ခေတ်နှစ်ခေတ်ရဲ့ ဂီတသံနှစ်မျိုးကို ခံစားနားဆင်ရမယ်လို့ ဂီတမှူး အကယ်ဒမီရွာစားကြီး စိန်မွတ္တားက ပြောပါတယ်။

”ဒီဇင်ဘာ ၂၁ ရက်မှာ ရုံတင်တော့မယ့် နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားကြီးက ကျွန် တော်ရယ် ဆရာမောင်ယဉ်အောင်ရယ် ကောင်းနိုးရာရာတွေကို စုစည်းပြီးတော့ ပြင်ကာ ပြုကာ လုပ်ကာနဲ့ ၁၁ နှစ် ကြာခဲ့တယ်။ အခုမှ ရိုက်ဖြစ်တယ်။ ဒီဇာတ်ကားကြီးမှာ သီချင်း ၇ ပုဒ်ပါတယ်။ တစ်ပုဒ်က ကိုသော်ဒီ ဝေရေးတယ်။ ရှေးသီချင်း ၁ ပုဒ်ပါတယ်။ ကျွန်တော်သား နောင်နောင် (ယဉ်ကျေးမှုတက္ကသိုလ်) တစ်ပုဒ်ရေးတယ်။ ကျန်တဲ့ ၄ ပုဒ်က ကျွန်တော် ရေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၃ဝ က ဇာတ်လမ်းနဲ့ အခုခေတ်ဇာတ်လမ်းနဲ့ နှစ်ခေတ်ခွဲထားတယ်။ အဲဒီလိုနှစ်ခေတ်ခွဲတဲ့အချိန်မှာ ကျွန်တော်တို့ တေးဂီတတွေကလည်း ပြောင်းရတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၃ဝ က တေးဂီတသံက တစ်မျိုး၊ ဒီနေ့တေးဂီတကျတော့ ကျွန်တော်တို့ နည်းနည်း အလှမ်းဝေးသွားပြီ။ အဲ့ဒါကြောင့် ယဉ်ကျေးမှုတက္ကသိုလ်က ကိုနောင်နောင် သူ့ကိုလည်း ကျွန်တော် ဂီတမှူး တင်လိုက်ပါတယ်။ မြန်မာမှုကတော့ ကျွန်တော်ပေါ့။ မန္တလေးကို အခြေပြုတဲ့ ကားကြီးဖြစ်တဲ့အတွက် မန္တလေးဆိုင်းသံထွက်အောင် အဲ့ဒီခေတ်က မြို့ကျက် သရေဆောင်မြို့မ တူရိယာအသင်းကြီး အသံမျိုးထွက်အောင် ကြိုးစားရပါတယ်။ အဲဒီကနေ ဒီဖက်ခေတ်ရဲ့ အသံမျိုးဖြစ်အောင် ပြောင်းရတယ်။ ဂီတအားဖြင့် ထူးခြားချက်က ဘာလဲဆိုတော့ မြန်မာမှုနဲ့ ခေတ်ပေါ် အတော်လေး ရောကုန်တာတွေ ပါပါတယ်။ ဂီတအကူးအပြောင်းတွေကို ခဲခဲယဉ်းယဉ်း လုပ်ထားရတယ်”လို့ ရွာစားကြီးစိန်မွတ္တားက ပြောပါတယ်။

နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားက ”ကိုးဆယ်ဆ သာလိမ့်မယ်”ရုပ်ရှင်ကားလို ပရိသတ် အကြိုက်တွေ့နိုင်လားဆိုတာ ”ဒီဇာတ်ကားကို ဦးယဉ်အောင်လည်း အတော်လေးကြိုးစားထားတယ်။ ကျွန်တော်ကတော့ အားလုံးကို ဖိတ်ခေါ်ပါတယ် ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့။ ”ကိုးဆယ်ဆ သာလိမ့်မယ်”က အရသာတစ်မျိုး ဒီကားက အရသာတစ်မျိုး။ ဆရာဝန်တစ်ယောက်ရဲ့  သစ္စာတရား၊ မေတ္တာတရားတွေကို ဖော်ပြထားတယ်။ ပရိသတ်အကြိုက်တိုးမယ်လို့ မြင်ထားပါတယ်။ ဆရာဒေါက်တာ အောင်ကြီးလည်း ပြောထားပါတယ်။ မိမိလူ့ဘဝထဲ ရောက်မလာအောင် ပြုလုပ်ခဲ့တဲ့ သူကိုတောင် အတေးအညိုးမထားပဲ လူသားချင်းစာနာပြီး ဆရာဝန် တစ်ယောက်ရဲ့ သစ္စာကို ပြသွားတဲ့ကားဖြစ်တယ်”လို့ အကယ်ဒမီ ဂီတမှူးရွာစားကြီး စိန်မွတ္တားက ဆိုပါတယ်။

ချမ်းသာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071