Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeCelebrities' Newsနောက်ထပ် ကလေးယူဖို့ အ...

နောက်ထပ် ကလေးယူဖို့ အ စီအစဉ် မရှိ သေးပါဘူး မယ်လိုဒီ

အကယ်ဒမီ မယ်လိုဒီ က သရုပ် ဆောင်မင်းဦး ပထမဆုံးဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ‘ချူဆီ’ ရုပ်ရှင် ဇာတ်ကားမှာ ကျော်ထက်အောင် ၊ အေးမြတ်သူ၊ အိချောပို ၊ မေ၊ နန်းဆုဦး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတွင် မယ်လိုဒီရဲ့ အအဝတ်စား ဒီဇိုင်းနဲ့ ဆံပင်ပုံစံဒီဇိုင်းတွေက ခေတ်မီဆန်းသစ်လှတဲ့ အလန်းစားဒီဇိုင်းတွေကို မြင်တွေ့ကြရ မှာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်မှာလည်း အတူတူတွဲဖက် ရိုက်ကူးခဲ့တဲ့ အနုပညာ ညီအစ်မတွေအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အလျှော့ပေး ကူညီရင်း ပျော်ပျော်ပါးပါးရိုက်ကူးခဲ့တယ်လို့ မယ်လိုဒီက ဆိုပါတယ်။  အကယ်ဒမီ မယ်လိုဒီ က သရုပ် ဆောင်မင်းဦး ပထမဆုံးဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ‘ချူဆီ’ ရုပ်ရှင် ဇာတ်ကားမှာ ကျော်ထက်အောင် ၊ အေးမြတ်သူ၊ အိချောပို ၊ မေ၊ နန်းဆုဦး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတွင် မယ်လိုဒီရဲ့ အအဝတ်စား ဒီဇိုင်းနဲ့ ဆံပင်ပုံစံဒီဇိုင်းတွေက ခေတ်မီဆန်းသစ်လှတဲ့ အလန်းစားဒီဇိုင်းတွေကို မြင်တွေ့ကြရ မှာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်မှာလည်း အတူတူတွဲဖက် ရိုက်ကူးခဲ့တဲ့ အနုပညာ ညီအစ်မတွေအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အလျှော့ပေး ကူညီရင်း ပျော်ပျော်ပါးပါးရိုက်ကူးခဲ့တယ်လို့ မယ်လိုဒီက ဆိုပါတယ်။

“အောင်ခေတ်မင်းက အစ်ကိုနဲ့ အစ်မရယ် ဒါရိုက်တာ ကိုမင်း ဦးရယ်က ဒီလိုပုံစံလေးလုပ်ပါဆိုတာနဲ့ လုပ်ဖြစ်လိုက်တာပါ။ ဝါရင့် ဆိုပေမဲ့ ကလေးတွေက သရုပ်ဆောင်တာက ကိုယ့်ထက်ပိုတော် ပါတယ်။ ညှာတာတာ၊မညှာတာထက် တကယ်တမ်းကျတော့ အသက် အရွယ်ကလည်း ကိုယ့်ထက်ငယ်ကြတယ် ။ကိုယ့်ညီမ တွေလိုပါပဲ။ ပြီးတော့ သူတို့တွေက ချစ်ဖို့ကောင်းတယ်။ သူတို့တွေနဲ့ တစ်ခါမှလည်း မဆုံးဖူးဘူး။ အခုဆုံတဲ့အချိန်မှာ ပျော်ဖို့လည်းကောင်းတယ်။ သူတို့ကလည်း ဖြူစင်တယ်။ကိုယ် ကလည်း အစ ကတည်းက ပျော်ပျော်နေတက်တဲ့သူဆိုတော့ ပျော် စရာကြီးပါ။ နောက်လည်း အဲဒီလိုဇာတ်ကားမျိုး သူတို့နဲ့ ရိုက်ကူးချင်ပါ သေးတယ်။ အိုက် တင်ပိုင်းမှာလည်း  မသင်ရပါဘူး သူတို့က တော်ပြီး သားပါ” လို့ မယ်လိုဒီကပြောပြပါတယ်။ မယ်လိုဒီက အခုလတ်တလောမှာတော့ ကြော်ငြာများကိုပဲ လက်ခံ ရိုက်ကူးဖြစ်နေပြီး ဒီဇင်ဘာလလောက်မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူး သွားမယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း မိသားစု တာဝန်တွေရှိနေတဲ့ မယ်လိုဒီက သားဖြစ်သူ သိဒ္ဓိစစ်အတွက် မိခင်ဖြစ်သူတစ်ယောက်အနေနဲ့ အချိန်ပေးဖြစ်ပုံ အကြောင်းကို …

“သားကို ပြုစုစောင့်ရှောက်တာကတော့ ပုံမှန် မိခင်တွေလိုပါပဲ။ ပုံမှန်ပဲပြုစုစောင့်ရှောက်ဖြစ်တာပါ။ သားလေးကို အချိန်ပေးပေးနိုင် သလောက် သားလေးအနားမှာပဲ  အမြဲအတူနေပေးဖြစ်တယ်။ ဂျင် သွားရင်လည်း အမြဲနီးပါးပဲ ခေါ်သွားဖြစ်ပါတယ်။နောက်ထပ် ကလေးယူဖို့ တော့ လောလောဆယ်မရှိသေးပါဘူး” လို့ပြောပြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071