Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeMusicတေးရေး၊ တေးဆို သဟာအောင်ရဲ့...

တေးရေး၊ တေးဆို သဟာအောင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေအကြောင်း

တေးရေး၊တေးဆို သဟာအောင်ရဲ့  ပထမ ဆုံး တစ်ကိုယ်တော်ခွေဖြစ်တဲ့ ‘ဟောကြည့်ပါ’ Audio CD Album ကို စက်တင်ဘာလ ၉ ရက် နေ့ကစပြီး လှိုင်းတေးသံသွင်းကနေ မြန်မာ တစ်ပြည်လုံးကို ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်ရဲ့ ပထမဦးဆုံး တစ်ကိုယ် တော်ခွေလေးက ‘ဟောကြည့်ပါ’ ဆိုတဲ့ Title လေးနဲ့ စက်တင်ဘာလ ၉ ရက်နေ့က လှိုင်းတေး သံသွင်းကနေပြီး ထွက်ရှိထားပါတယ်။ အခုခွေ လေးက ကျွန်တော်ရဲ့ ပထမဆုံး တစ်ကိုယ်တော် Albumလေးပါ။ အရင်က ကိုနန်းအောင်နဲ့တွဲပြီး ‘ထိပ်တုံးဖူးစာ’ ဆိုတဲ့ Album လေး ထွက်ရှိထားပါ သေးတယ်။ ‘ဟောကြည့်ပါ’ စီးရီးထဲမှာ ကိုယ်တိုင် ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်း ၁၂ ပုဒ်ပါပါ တယ်။ သီချင်းပုံစံလေးတွေက အလွမ်း သီချင်း တွေလည်းပါတယ်။ အပျော်သီချင်းလေးတွေ လည်းပါပါတယ်။ ဒီသီချင်းတွေထဲမှာ ကျွန်တော် အား ရကျေနပ်တဲ့ သီချင်းတွေပါပါတယ်။ စီးရီး Title သီချင်းကိုလည်း အားရတယ်။ တော်တော် များက ကျွန်တော့်စိတ်ကြိုက်ဖြစ်ပါတယ်။

လူ ကြိုက်များတဲ့ ‘တစ်နေ့မှ မေ့မရပါ’ သီချင်းဟောင်း လေးလည်း ပြန်ထည့်ပေးထားပါတယ်”လို့ သဟာ အောင်က သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်စီးရီး    ဖြစ်တဲ့ ‘ ဟောကြည့်ပါ’ အခွေနဲ့ပတ်သက်ပြီး ပြော ပြပါတယ်။ သီချင်းရေးတာနဲ့ သီချင်းဆိုတာမှာ သီချင်းရေးတာကို ပိုပြီးအားသန်တဲ့အကြောင်းနဲ့ လက်တလော အနုပညာလှုပ်ရှားမှုအကြောင်းတွေ ကို သဟာအောင်က  “သီချင်းရေးတာနဲ့ သီချင်းဆိုတာနဲ့ဆိုရင် ကျွန်တော်ကအစကတည်းက တေးရေးဆိုတော့ သီချင်းရေးတာကို ပိုပြီးအားသန်ပါတယ်။ သီချင်း ရေးတာကတော့ ကျွန်တော်လုပ်နိုင်တဲ့ ကာလ အထိ လုပ်နိုင်သမျှ ဖန်တီးပြီး ရေးသွားမှာပါ။ သီချင်းကတော့ ကာလ တစ်ခုထိတော့ဆိုဖြစ်မှာပါ။ အမြဲတော့ဆိုဖြစ်ချင်မှ ဆိုဖြစ်ပါလိမ့်မယ်။ အခု လက်တလောအနေနဲ့ နယ်ပွဲတွေလည်း လိုက်ဆို နေပါတယ်။ သီချင်းတွေလည်း ရေးနေပါတယ်။ နောက်ထပ်သီချင်းခွေ ထွက်ဖို့လည်း လုပ်နေပါ တယ်။’ ဟောကြည့်ပါ’ စီးရီး VCD ကို စတင်ရိုက် ကူးနေပါပြီ။ ဒီနှစ်ကုန်လောက်မှာ ထွက်ရှိနိုင် အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071