ပတ္တမြားကေခိုင်က မောင်ဖြစ်သူဇံဟိန်း စိန် မဟာသဘင်ကို ပြန်လည် ဖွဲ့စည်းတည် ထောင်ပြီး ကပြဖြစ်တဲ့အချိန်မှာ သူ့အနေ နဲ့လည်း တစ်တပ်တစ် အား ပါဝင်ကူညီနေသူပါ။ မောင်နှမနှစ်ယောက် စည်းလုံး ညီညွတ်စွာနဲ့ ဇာတ်အဖွဲ့ကို တိုးတက်အောင် လုပ်ဆောင်နေပြီး အခုနှစ်မှာတော့ စိန်မဟာ သဘင်က တောင်ပြုန်းပွဲတော်ကြီး မှာ ကပြတော့ မှာဖြစ်ပါတယ်။ အဲဒီ အတွက်လည်း စိန်မဟာသဘင် ဇာတ်အဖွဲ့က ဇာတ်တိုက်နေကြပြီ ဖြစ်ပြီး တောင် ပြုန်းပွဲတော်ကြီးမှာ တောင်ပြုန်းမင်း ညီနောင်ကို အကောင်းဆုံး ကြိုးစား တင်ဆက် ကြဖို့ အတွက်လည်း သူတို့က ပြင်ဆင်နေကြပါပြီ။ ဂရိတ်ဦးဘိုးစိန်ရဲ့ မြစ် တစ်ဦးဖြစ်တဲ့ ပတ္တမြားကေခိုင် က ငယ်စဉ်ကတည်း က ဖခင်ဖြစ်သူ ဦးရဲစိန်ရဲ့ ကက်ဆက်ဇာတ်လမ်းတွေ နဲ့ကြီးပြင်း ခဲ့ရသူလည်း ဖြစ်ပါတယ်။ ကက်ဆက် ဇာတ်လမ်းတွေ ထဲမှာတော့ သူ့အနေ နဲ့ “တောင်ပြုန်း မင်းညီနောင်”အော်ပရာကဇာတ်ကို အကြိုက်ဆုံး ဖြစ်ခဲ့ပါတယ်။
“အနော်ရထာမင်း က မြှောက်စားလေတယ် ဆိုတဲ့ အော်ပရာသီချင်းသံ ကြားရရင်ကို အလိုလိုမြူး ကြွလာတာ မျိုးပေါ့။ နောက် ပြီး ရွှေဖျဉ်းကြီး ရွှေဖျဉ်း လေးကိုသတ်တဲ့ အခန်းများ ရောက်ရင် ဆက်နားမ ထောင်နိုင် လောက်အောင် သနားရတာလည်း မရိုး နိုင်သော ခံစားမှုမျိုး ပါ။ ဖေဖေ(ဦးရဲစိန်) နဲ့ ဦးညီ (ညီဝင်းစိန်)ကို နှိပ်စက်တဲ့ ဗီလိန် အခန်းမှာ သရုပ်ဆောင်ရတဲ့ ဘဘ ဦးရန်လင်းကို ဆိုရင် အပြင်မှာပါ ကြောက်နေခဲ့တာ။ ဘိုးဘိုး ဦးဘိုးစိန်ရဲ့ ပွဲမှာ ဇံဟိန်းနဲ့ ဆန်းမင်းက ပြကြတော့ ဖေဖေရော ဦးရန်လင်းကိုရော လွမ်းမိတယ်။ တစ်ချိန်က တောင်ပြုန်း ပွဲတော်ကြီးမှာ စိန်မ ဟာသဘင် အောင်ပွဲခံခဲ့ဖူးတယ်ပေါ့။ အခု ဒီနှစ် မောင်လေး ဇံဟိန်းက စိန်မဟာသဘင်ကို ပြန်ဦးစီးတဲ့ ဒုတိယ မြောက်နှစ်ပါ။ ဒုတိယမြောက်နှစ် မှာ စိန်မဟာ သဘင် ကတောင် ပြုန်းပွဲကို ဝင်ခွင့်ရ တယ်။ တကယ်တော့ အခုလို အချိန်အခါမှာ တောင်ပြုံးကို ဝင်တိုးဖို့ ဆိုတာ အဘက်ဘက်က မလွယ်တာ သဘင် အသိုင်းအဝိုင်းက အားလုံးအသိပါ။ စိန်မဟာသဘင် အနေနဲ့ အင်အားဖြည့်တင်း ကာစလည်း ဖြစ်ပါ တယ်။ ဒါကြောင့် အခုလို တောင်ပြုန်း ပွဲကပြခွင့်ရ တာဟာ မမြင်နိုင်တဲ့ အကြောင်းတရား အမျိုးမျိုးက ဆွဲခေါ်ခဲ့တာလို့ ကျွန်မယုံနေမိတယ်။ ပျော်တာရော၊ စိုးရိမ်တာတွေ ရောပေါ့လေ။ စိန်မဟာသဘင်ကို ချစ်ခဲ့ဖူးတဲ့ ချစ်နေကြတဲ့ ပရိသတ်တွေကိုလည်း အပ်နှံပါတယ်။ မောင်လေး ဇံဟိန်းကို အားပေးကြ ပါဦး”လို့ ပတ္တမြား ကေခိုင်က စိန်မဟာသဘင်အနေ နဲ့တောင် ပြုန်းပွဲမှာ ကပြမယ့်အကြောင်းနဲ့ အားပေး ဖို့အကြောင်းကို အခုလို ပြောပြခဲ့တာပါ။
“တောင်ပြုန်း မင်းညီနောင်” အော်ပရာက ဇာတ် ဟာ စိန်မဟာသဘင်မှ မင်းသားကြီး ဦးရဲစိန်နဲ့မင်း သား ကြီးဦးညီဝင်းစိန်တို့ ကပြခဲ့တာလည်းဖြစ်ပါ တယ်။
လင်းအက္ခရာ