သရုပ်ဆောင်ကောင်းတဲ့မင်းသားအဖြစ် ပရိသတ်က အသိအမှတ်ပြုထားသူကတော့ ခန့်စည်သူပါ။ သူကိုယ်တိုင် ပါဝင်သရုပ်ထားကာ ကိုယ်တိုင်ထုတ်လုပ်ထားသော ‘ဝေါ်အိုက်နီ’ ရုပ်ရှင်ဇာတ်ကားကြီးက လည်း ရုံတင်ပြသ နေပြီဖြစ်ပါတယ်။ ‘ဝေါ်အိုက်နီ’ရုပ်ရှင်ဇာတ်ကား ရုံတင် နေပြီဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတယ်ဆိုတာကို ခန့်စည်သူ က ”ကိုယ့်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဇာတ်ကားလေး ရုံတင်နေပြီဆိုတော့ ရင်တအားခုန်နေတယ်။ ရှုံးတာ၊ မြတ် တာကြောင့်မဟုတ်ဘူး။ ပရိသတ်က လက်သင့်မခံမှာ၊ ပရိသတ်က မကြိုက်မှာကိုစိုးရိမ်တာ ပါ”လို့ ပြောပြခဲ့ပါတယ်။ ထုတ်လုပ်ရေး ထူထောင်ဖြစ်တဲ့ အကြောင်းကိုလည်း ခန့်စည်သူက . . .
”ကျွန်တော်တို့ ထုတ်လုပ်ရေး စတင်တည် ထောင်လိုက်ကတည်းက ရုပ်ရှင်ခေတ်က တအား ကောင်းတဲ့ အချိန်မဟုတ်ဘူး။ ဗီဒီယိုကလည်း စုန်းစုန်းမြုပ်သွားပြီ။ အရင်တုန်းက ခေတ်ကောင်း တဲ့အချိန်တုန်းက ဒီအလုပ်တွေ ကျွန်တော်တို့ လုပ်ခဲ့တယ်။ ပရိသတ် တွေက လက်ခံခဲ့တယ်။ ရတဲ့ငွေကြေးနဲ့ပဲ ကိုယ့်ရဲ့မိဘတွေကို လုပ်ကျွေးခဲ့တယ်။ အလှူအတန်း တွေလည်း လုပ်နိုင်ခဲ့တယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ခဲ့တယ်။ ခေတ်ပျက် တဲ့အချိန်ကျမှ ကျွန်တော်တို့ ဘေးထွက်ထိုင်ပြီး တာဝန်မဲ့သလို မနေချင်ဘူး။ ခေတ်ပျက်တဲ့ အချိန်မှာ ရုပ်ရှင်ကုမ္ပဏီထောင်တယ်၊ ရုပ်ရှင်ရိုက်တယ်ဆိုတာ ကိုယ့်လောက သားတွေကို တစ်ဖက်တစ်လမ်းက အလုပ်အကိုင် အခွင့်အလမ်း လေးများ ရမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ ပါ။ ကုမ္ပဏီတစ်ခုတိုးလာရင် ကျွန်တော်တို့လော ကသား တွေအတွက် ထမင်းအိုးတစ်အိုး ပိုတိုး လာသလိုပါပဲ”လို့ ပြောပြခဲ့ပါသေးတယ်။ နောက်ထပ်လည်း ခသုံးလုံး ရုပ်ရှင်ထုတ်လုပ် ရေးကရိုက်ကူးမယ့် ဇာတ်ကားအကြောင်းကို လည်း ”ကျွန်တော်တို့ ခသုံးလုံး ရုပ်ရှင်ထုတ် လုပ်ရေးက ငပလီမှာ သွားရိုက်ထားတဲ့ ဇာတ် ကားတစ်ကားရှိတယ်။ ဟာသဇာတ်ကားလေး ပါ။ ဒီဇာတ်ကား ပြီးသွားရင် ဆရာမ ခင်ခင်ထူးရဲ့ ‘ဆူးပန်း ခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နား တောင်းဆင်’ကို ဇာတ်လမ်းတွဲ ရိုက်ကူး မယ်” လို့ ခန့်စည်သူက ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း၊ ဓာတ်ပုံ – မင်းမင်းထွန်း