Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး...

ခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး မေခလာ ဘယ်လိုမြင်သလဲ

လက်ရှိခေတ်ကာလမှာ သီချင်းဆိုပြိုင်ပွဲတွေ ခေတ်စားလာတာကတော့ မြန်မာနိုင်ငံဂီတလောကရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခုပါပဲ။ သီချင်းဆိုပြိုင်ပွဲတွေကနေတစ်ဆင့် ဂီတလောကထဲကိုရောက်ရှိလာတဲ့ အဆိုတော်တွေကလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ မေခလာက ခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

“သီချင်းဆိုပြိုင်ပွဲတွေ ပေါ်လာတာ ကောင်းပါတယ်။ ပြိုင်ပွဲတွေကနေ ထွက်ပေါ်လာတဲ့ Winner တွေက ရသင့်ရထိုက်တဲ့ Winner တွေဖြစ်တဲ့အတွက် ကလေးတွေအတွက် ဂုဏ်ယူပါတယ်။ အဲဒါကြောင့် ပြိုင်ပွဲတွေပေါ်လာကတော့ ကောင်းတယ်။ အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ငယ်တို့ အနုပညာလော ကမှာ Star တွေက အများကြီးပဲ။ ကောင်းကင်မှာလည်း Star တွေကအများ ကြီးပဲ။ ကောင်း ကင်ပေါ်မှာလည်း ကြယ်တွေမရှိရင် မလှဘူးလေ။ ဒီလိုပါပဲ။ အနုပညာ လောကမှာလည်း Star တွေ အများ ကြီးရှိရင် ပိုလှတာပေါ့။ Star တစ်ခုပေါ်လာတိုင်း အရင် Star တွေက ပျောက်ကွယ်သွားတာမဟုတ်ဘူး။ သူ့နေရာနဲ့သူရှိပြီးသား။ အဲဒါကြောင့် ချစ်ငယ်ကဘယ်တော့မဆို အနုပညာ မျိုးဆက်သစ်တွေကိုကြိုဆိုတာ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့နော်။ တစ် ယောက်နဲ့တစ်ယောက် ဆိုးတူကောင်းဖက်တိုင်တိုင်ပင်ပင် လေးလေးစားစားနဲ့ သွားကြရင်တော့ကောင်းတာပေါ့။ အကြီးကလည်း အငယ်တွေကို လက်တွဲခေါ်၊ အငယ်တွေကလည်း လေ့လာသင်ယူ၊ ဆည်းပူး၊ ရိုသေလေးစားမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ အနုပညာပန်းခင်းကြီးပေါ့”လို့ ပြောပါတယ်။

ဂီတလောကပြောင်းလဲတိုးတက်လာမှုတွေနဲ့ပတ်သက်ပြီးလည်း မေခလာ ကို ဆက်လက်မေးမြန်းကြည့်တော့ …

“အရင် ချစ်ငယ်တို့ခေတ်တုန်းက အနုပညာအရ တိုးတက်မှုလည်းမရှိပါ ဘူး။ စက်ပစ္စည်းတွေအရလည်း အားနည်းပါတယ်။ ချစ်ငယ်တို့ ခေတ်တုန်းက တော့ စက်ပိုင်းဆိုင်ရာတွေရော၊ လေ့လာမှုတွေရော ဘာမှမရှိဘူး။ နားထောင် ရတာပဲရှိတယ်ဆိုတော့ အခုခေတ်လိုပြိုင်ပွဲတွေလည်းမရှိဘူး။ ကာရာအိုကေ တွေလည်းမရှိဘူး။ နည်းနည်းတော့ တိုးရတာခက်ခဲတယ်။ သို့သော်လည်း အဲဒီ ခေတ်တုန်းက အဆိုတော်တွေမများဘူးလို့တော့ထင်တာပဲ။ အခုခေတ်က တော့ အဆိုတော်တွေများလာတယ်။ အသံကောင်းတဲ့ အဆိုတော်တွေလည်း များလာတယ်။ အခုခေတ်ကွှု ခေတ်ဆိုတော့ စက်ပိုင်းဆိုင်ရာတွေ တအားကို တိုးတက်သွားပြီ။ အောင်မြင်မှုလည်းချက်ချင်းရတယ်။နောက်ပြီး ချက်ချင်း လည်း ပျောက်လွယ်တယ်။ အဲဒီလိုလေးတွေရှိတယ်ပေါ့နော်။ ပျောက်လွယ် တယ်ဆိုတာကလည်း အကြောင်းအမျိုးမျိုး ကြောင့်ပါ။ ရေရှည်ရပ်တည်နေတဲ့ အဆိုတော်တွေလည်း အများကြီး ရှိပါတယ်”လို့ မေခလာက ပြောပြခဲ့ပါတယ်။

သတင်း

၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071