Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsကောလဟလတွေ ထွက်တဲ့အတွက် အားပေးတဲ့...

ကောလဟလတွေ ထွက်တဲ့အတွက် အားပေးတဲ့ ပရိသတ်ကြီးကို အရမ်းအားနာတယ် ပက်ထရစ်ရှာ

ပက်ထရစ်ရှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဇွတ်ကျား’ ရုပ်ရှင် ဇာတ်ကား ကြီးလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က အနုပညာဖန်တီးပုံဖော်ရိုက် ကူးထားတာ ဖြစ်ပြီး ကျော်ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေး၊ ထက်အောင်သျှိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ပက်ထရစ်ရှာနဲ့ သန္တာဗိုလ်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပက်ထရစ်ရှာက…

ပက်ထရစ်ရှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဇွတ်ကျား’ ရုပ်ရှင် ဇာတ်ကား ကြီးလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က အနုပညာဖန်တီးပုံဖော်ရိုက် ကူးထားတာ ဖြစ်ပြီး ကျော်ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေး၊ ထက်အောင်သျှိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ပက်ထရစ်ရှာနဲ့ သန္တာဗိုလ်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပက်ထရစ်ရှာက…

“ဒီဇာတ်ကားလေးက ဟာသဇာတ်ကားလေးပါ။ ပရိသတ်တွေ လည်း အရမ်းကြိုက်ကြမှာပါ။  မြင်နေကျ ဇာတ်ပုံစံမျိုးလည်း မဟုတ် ဘူး။ မိန်းမရှာပုံစံမျိုး ရိုက်ကူးထားတယ် ဆိုပေမယ့်လည်း ပရိသတ် တွေက အရမ်းကြိုက်ကြမှာပါ။ အဓိကပြောချင်တာက ပေါကား မဟုတ်ပါဘူး။ ဟာသဇာတ်ကားတိုင်း ပေါကားမဟုတ်ပါဘူးလို့ ပြော ချင်ပါတယ်” လို့ ပြောပါတယ်။

အနုပညာလောကမှာ  အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု နေရာတစ်နေရာကို  ပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ရှာကတော့ ပရိသတ် တွေ အားပေးမှုလည်းအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ သူမနဲ့ပတ်သက်ပြီး  ဘယ်လိုကောလာ ဟလတွေ ထွက်နေပါစေ၊ အခုချိန်ထိ အားပေးကြတဲ့ အတွက် ကျေးဇူး တင်ကြောင်းကိုတော့…

“ပက်ထရစ်ရှာကို ငယ်ငယ်တုန်းကတည်းက အခုချိန်ထိ လူတွေဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက်၊ ဘယ်လောက် နာမည် ဖျက်ဖျက် ခုချိန်ထိ ပက်ထရစ်ရှာဘက်ကနေ အမာခံ အားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ ပက်ထရစ်ရှာပြောသလို ပက် ထရစ်ရှာကိုနာမည်ဖျက်တဲ့ သတင်းတွေထွက်လာတဲ့ အတွက် လည်း ပက်ထရစ်ရှာကို အားပေးနေတဲ့ ပရိသတ်တွေအပေါ် ပက် ထရစ်ရှာအရမ်းအားနာပါတယ်။ ဒီကနေ ပက်ထရစ်ရှာ တောင်းပန် ပါတယ်”လို့ ပက်ထရစ်ရှာက ပြောပြခဲ့ပါတယ်။ လတ်တ လောမှာတော့ ကြော်ငြာတွေ ရိုက်ကူးဖို့ လက်ခံထားပြီး ရုပ်ရှင် ဇာတ်ကားကြီးလည်း ရိုက်ကူးဖို့ရှိ ကြောင်း ပက်ထရစ်ရှာကပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ-သီဟ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071