Friday, July 10, 2026

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့...

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် အဓိကပြဿနာတစ်ခုဖြစ်သော ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုများကို ရှင်းလင်းပြီး မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉...

မုံရွာ(ညောင်ပင်ကြီး) – ပုလဲ –...

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့်အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး) - ပုလဲ - ဂန့်ဂေါ - ဟားခါးလမ်း (၃၁၃.၄၆၀ ကီလိုမီတာ မှ ၃၁၃.၅၈၀ ကီလိုမီတာ)ကြား...

ရန်ကုန်တွင် ရက် ၁၀၀ စီမံချက်ကာလအတွင်း...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ ကျူးလွန်သူ တရားခံ...

ချင်းဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့ တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု...

17th Annual Fighters Only World MMA Awards ဆုပေးပွဲတွင် ချင်းလူမျိုး MMA ဖိုက်တာ ဂျိုရှုအာဗန် (Joshua...
HomeCelebrities' Newsကောင်းကောင်းရဲ့ အဆိုးထဲက အကောင်းက...

ကောင်းကောင်းရဲ့ အဆိုးထဲက အကောင်းက ဘာဖြစ်မလဲ

ပရိသတ်ရှေ့မှောက်ဆီ ဂီတအနုပညာကို ကိုယ်ပိုင်ဟန်အပြည့်နဲ့ ကောင်းကောင်းက ရဲဝံ့ စွာချပြခဲ့ပါပြီ။ အဆိုးထဲကအကောင်း တေး စီးရီးက ဘာတွေဖြစ်နေလဲဆိုတာကိုပေါ့။ ပရိုမိုး ရှင်း ပြုလုပ်ခဲ့တဲ့ လှည်းတန်းစင်တာမှာတော့ သူ့ပရိသတ်နဲ့သူ စည်ကားနေခဲ့တာဟာ ကောင်းကောင်းရဲ့ ခေါင်းစဉ်လို အဆိုးထဲကအကောင်းလို့ဆိုရမှာပါ။ သူ့ရဲ့ တတိယ မြောက်တေးအယ်လ်ဘမ်မှာတော့ J.Me၊ နီနီခင်ဇော်နဲ့ စိုင်းစည် တွမ်ခမ်းတို့က Featuring ပါဝင်သီဆိုပေးထားကြပါတယ်။

”ကျွန်တော့်ရဲ့ ဒုတိယအခွေကို အမ်တီဗီမထွက်တော့ဘဲ အခု တတိယအခွေကို စီစဉ်ဖြစ်တာပါ။ အားလုံးလည်း သိတဲ့အတိုင်း ကျွန်တော်က ဒီဘက်ပိုင်းမှာ အခက်အခဲ လေးတွေအနည်းငယ် ရှိခဲ့တော့ ဂီတဘက်မှာ နည်းနည်းကြန့်ကြာ သွားတာမျိုးတွေရှိပါ တယ်။ ဒီအခွေလေးကို ကျွန်တော် စိတ်တိုင်းကျပြီဆိုတော့မှ ပရိသတ်ရှေ့ကို ချပြတာဖြစ်ပါတယ်” လို့ ကောင်းကောင်းက ပြော ပါတယ်။ အခုခေတ်လို စီးပွားရေးကျပ်တည်းနေတဲ့ခေတ်မှာ တေးစီး ရီးခွေ တစ်ခွေထွက်ဖို့ဆိုတာမလွယ်ပါဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုက ကောင်း ကောင်းတို့အဆိုတော်တွေအပေါ် သက်ရောက်မှုရှိမလား လို့ဆိုတော့…

”အများကြီးရှိတာပေါ့။ ကျွန်တော်ဆို ဒီအခွေကို စီစဉ်တာ သိန်း ၂ဝဝ နီးပါးလောက်ကုန်တယ်။ ဒါပေမဲ့ ပြန်ရဖို့က မလွယ်ဘူး လေ။ ကျွန်တော့် သီချင်းလေးတွေ ပရိသတ်နားထောင်လို့ ခံစားမှု တစ်ခုခု ရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ” လို့ ကောင်းကောင်းက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071