Saturday, July 18, 2026

ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့်...

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနေပြီး ၎င်းတွင် ညဏ်ရည်တု AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်နှင့်...

ကမ္ဘာ့သကြားဈေးကျဆင်းမှုကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်ကျဆင်း

ရန်ကုန်၊ ဇူလိုင်-၁၈ ကမ္ဘာ့သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မြန်မာ့သကြားပို့ကုန် တင်ပို့မှုလျော့ကျနိုင်ပြီး ယင်း၏အကျိုးဆက်အဖြစ် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ လျော့ကျနေခြင်းကြောင့်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များ၏ ကဏ္ဍစုံတွင်...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ဇူလိုင် ၁၇ ရက်မွန်းလွဲပိုင်း၌ လက်ခံတွေ့ဆုံစဥ် အထက်ပါအတိုင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်...

ပင်လယ်ကမ်းရိုးတန်း သယံဇာတ ကာကွယ်ရေး ဘက်စုံစီမံချက်များဖြင့်...

နေပြည်တော်၊ဇူလိုင်-၁၈ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရန်အတွက် တရားမဝင် ငါးဖမ်းဆီးမှု လျော့နည်းစေရေး ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့်မည်ဟု ဒုတိယသမ္မတ ဦးညိုစောက...
HomeMoviesဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေး နှစ်အလိုက်ဦးစားပေးအစီအစဥ်ဖြင့်ဆောင်ရွက်ပေးမည်

ဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေး နှစ်အလိုက်ဦးစားပေးအစီအစဥ်ဖြင့်ဆောင်ရွက်ပေးမည်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပါအဝင် စက်မှုဇုန်များ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဥ်များနှင့်ပတ်သက်၍ အထက်ပါအ တိုင်းပြောကြားခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး(၂၅)ရက်မြောက်နေ့ဖြစ်သော ဇူလိုင် ၁၇ ရက်က ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း ၏ MSME လုပ်ငန်းများနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်မည့်အစီအမံများကိုသိရှိလိုခြင်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းရှိစက်မှုဇုန်များ၏ လိုအပ်ချက်များကို စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဝင် ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေခွဲဝေရရှိမှုအရ၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများ၏ စက်မှုဇုန်ဖွံ့ဖြိုးရေးရန်ပုံငွေမှ နှစ်အလိုက်ဦးစားပေးအစီအစဉ်အနေဖြင့် လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ ကျွမ်းကျင်လုပ်သားများလေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ လိုအပ် ချက်များအား ပိုမိုဖြည့်ဆည်းပေးနိုင်ရေးတို့ကို အစီအ မံများချမှတ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြား သည်။

ထို့ပြင် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ခြင်းနှင့် အခက်အခဲများကိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် အနီးကပ်ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြင့် အုပ်ချုပ်မှုပိုင်း၊ ပေါင်းစပ်ညှိ နှိုင်းမှုအပိုင်းများကို Zone Level, Regio-nal Level, State Level အလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟုလည်း ပြောကြားသည်။

ထို့အတူ နိုင်ငံတော်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်စေရေးအတွက် အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ထုံး၊ လုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့် ဆက်ဆံရေး မြှင့်တင်မည်

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနေပြီး ၎င်းတွင် ညဏ်ရည်တု AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်နှင့် အခြား အနာဂတ်စက်မှုလုပ်ငန်းများကို အဓိကထားလျက်ရှိသည်။       တရုတ်နိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီချုပ် အနူတင် ချန်ဗီရာကူလ်သည် ကြာသပတေးနေ့က ရှန်ဟိုင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။     ဆွေးနွေးပွဲများသည် နယ်ပယ်ကျယ်ပြန့်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်ဒီရက်က ပြောကြားခဲ့သည်။      ထိုင်းနှင့် တရုတ်နိုင်ငံသည် တစ်မိသားစုတည်း ဖြစ်ကြောင်း မစ္စတာရှီက ထပ်လောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရန်...

ကမ္ဘာ့သကြားဈေးကျဆင်းမှုကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်ကျဆင်း

ရန်ကုန်၊ ဇူလိုင်-၁၈ ကမ္ဘာ့သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မြန်မာ့သကြားပို့ကုန် တင်ပို့မှုလျော့ကျနိုင်ပြီး ယင်း၏အကျိုးဆက်အဖြစ် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ လျော့ကျနေခြင်းကြောင့် မြန်မာ့သကြား၏ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာကာ ပြည်ပဝယ်လိုအား လျော့နည်းခဲ့ပြီး ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ကြံကြိတ်ရာသီကုန် မေလအထိ မြန်မာနိုင်ငံတွင် သကြားတန်ချိန် လေးသိန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။ အချို့ဒေသများတွင် နယ်မြေအခြေအနေများကြောင့် ကြံများကို အချိန်မီ မကြိတ်ဝါးနိုင်ခဲ့ခြင်းသည်လည်း ထုတ်လုပ်မှုလျော့ကျရသည့်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များ၏ ကဏ္ဍစုံတွင် အဓိကထားပူးပေါင်းဆောင်ရွက်သွားလိုဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ဇူလိုင် ၁၇ ရက်မွန်းလွဲပိုင်း၌ လက်ခံတွေ့ဆုံစဥ် အထက်ပါအတိုင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှစ်ရပ်ရှိရာ အိန္ဒိယနိုင်ငံနှင့် လွှတ်တော်ဖွဲ့စည်းမှုတူညီပြီး မြန်မာနိုင်ငံလွှတ်တော်တွင် လွှတ်တော်ငယ်များဟုတင်စားခေါ်ဆိုသည့် ကော်မတီ(၂၂)ခုဖွဲ့စည်းထား၍ လွှတ်တော်ကိုယ်စားလှယ်များစွမ်းဆောင်ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ တစ်ဆင့်တက်ဆောင်ရွက်ရန်ဆန္ဒရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ Federalism စနစ်ကိုလေ့လာလိုကာ နှစ်နိုင်ငံအစိုးရချင်း ချစ်ကြည်ရင်းနှီးမှုရှိ၍ လွှတ်တော်အချင်းချင်း ရင်းနှီးစွာထိတွေ့ဆောင်ရွက်ရေးကဏ္ဍကိုတိုးမြှင့်ဆောင်ရွက်လိုကာ ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များ၏ ကဏ္ဍစုံတွင် အဓိကထားပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောသည်။ "...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071