နိုင်ငံတော်သမ္မတရုံးမှ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ကြေညာချက်အရ ပုသိမ်အကျဥ်းထောင်မှ ကျား (၂၅) ဦး၊မ (၅) ဦးအပါအဝင် အကျဥ်းသား/သူ ( ၃၀ ဦး) ၊ မြောင်းမြအကျဥ်းထောင်မှ ကျား (၂၂) ဦး မ (၃) အပါအဝင် အကျဥ်းသား/သူ (၂၅) ဦး၊ မအူပင်အကျဥ်းထောင်မှ ကျား (၂၀) ဦး မ (၁၁) ဦးအပါအဝင် အကျဥ်းသား/သူ (၃၁) ဦး၊ ဟင်္သာတအကျဥ်းထောင်မှ ကျား (၁၇) ဦး မ (၁၂) ဦးအပါအဝင်အကျဥ်းသား/သူ (၂၉) ဦး၊ ဖျာပုံအကျဥ်းထောင်မှ ကျား (၆) ဦး ကစကဲစိုက်ပျိုးရေးစခန်းမှ ကျား (၁၈) ဦးနှင့် ဆားမလောက်စခန်းမှ ကျား (၇) ဦး စုစုပေါင်း အကျဥ်းသား (၁၁၅) ဦးနှင့် အကျဥ်းသူ (၃၁) ဦး တို့အား ပြစ်ဒ-ဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒ-ဏ်မှ ကျန်ရှိသည့်ပြစ်ဒ-ဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒ-ဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
