Saturday, May 30, 2026

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု...

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပ ဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များနှင့် မေ ၂၉...

ငလျင်ဒ-ဏ်သင့် စစ်ကိုင်းနှင့် မန္တလေးက MSME...

တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား...

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker...

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀)ရက်နေ့ မနက်...
HomeNewsLocal Newsဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည့်...

ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည့် တောင်သူများကို မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွန် (၂၃) ရက်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးအဆက်မပြတ်ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးဧကများရေကြီး နစ်မြုပ်ခဲ့ရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီးနစ် မြုပ်ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအတွက်မျိုး စပါးနှင့် သွင်းအားစုများကို နည်းလမ်းအသွယ်သွယ်ဖြင့်အချိန်မီကုစားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည်စိုက်ဧကများအား မိုးစပါးများပြန်လည်ထွန်ယက်စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့်စိုက်ဧကများအတွက် အထွက်နှုန်းများထိ ခိုက်မှုမရှိစေရေးကုစားခြင်းများဆောင်ရွက်လျက်ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီကုစားဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါး၊ သွင်းအားစုများကို ဝယ်ယူကြိတ်ခွဲရေးအစုအဖွဲ့များ၊ သွင်းအားစုကုမ္ပဏီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ ဖိတ်ခေါ် ၍ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီ ကုစားစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး အတွက်အားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားရန်ပြောခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပ ဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များနှင့် မေ ၂၉ ရက်တွင်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဥပဒေအကာအကွယ်အောက်တွင် ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကာ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် မိမိတို့နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြောသည်။ "လတ်တလောအနေနဲ့ နိုင်ငံ‌တော်အတွက် လက်ရှိအ ခြေအနေတွေနဲ့ကိုက်ညီမယ့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို စောလျင်စွာပြဋ္ဌာန်းနိုင်ဖို့ဦး စားပေးဆောင်ရွက်သွားမှာပါ"ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။ ထို့နောက် ရန်ကုန်ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင်(ငြိမ်း)များက ဥပဒေပြုရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ Photo-Ko...

ငလျင်ဒ-ဏ်သင့် စစ်ကိုင်းနှင့် မန္တလေးက MSME လုပ်ငန်းများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ Impact Hub Yangon ထောက်ပံ့မည်

တစ်ဦးလျှင် ကျပ်သိန်း(၂၀)ကနေ သိန်း(၅၀) ထိ ထောက်ပံ့မည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွာခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ပြန်လည်နာလန်ထူလာစေရန်အတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Impact Hub Yangon အဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ MSME Support အစီအစဉ်အရ စစ်ကိုင်းနှင့် မန္တလေးဒေသရှိ ငလျင်ဒ-ဏ်ကြောင့် လုပ်ငန်းများ ရပ်တန့်သွားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးသွားခြင်းများ ကြုံတွေ့ခဲ့ရသည့် လုပ်ငန်း...

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်တွေကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ ရုရှားနိုင်ငံ ROSATOM အဖွဲအစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071