Friday, May 23, 2025

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...
HomeCelebrities' News'ဥ'ရုပ်ရှင် ဇာတ်ကားကြီးကို ...

‘ဥ’ရုပ်ရှင် ဇာတ်ကားကြီးကို နံပါတ်၂ အဖြစ်ထပ်မံရိုက်ကူးတော့မယ့်အကြောင်း ပြောပြတဲ့ ခန့်စည်သူ

‘ဥ’ရုပ်ရှင် ဇာတ်ကားကြီးကို  နံပါတ်၂ အဖြစ်ထပ်မံရိုက်ကူးတော့မယ့် ၂ဝ၁၂ ခုနှစ် အကယ်ဒမီထူးချွန်ဆုဆုပေးပွဲမှာ ဒါရိုက်တာဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ရုပ်ရှင်တည်းဖြတ် ဆုစတဲ့ဆု ၃ ဆုရရှိခဲ့တဲ့  ‘ဥ’ရုပ်ရှင်ဇာတ်ကားကြီးကို အခုတစ်ခါ ပြန်လည်ပြီး ‘ဥ -၂’ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဟိုးအရင် ဒီဇာတ်ကားကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ကျော်ရဲအောင်၊ ခန်စည်သူ၊ ချောရတနာ တို့နဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး အခုတစ်ခါမှာတော့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ကျော်ရဲအောင်၊ ခန့်စည်သူ၊ ဇေရဲထက်၊ ညီထွဋ် ခေါင်၊ အိချောပိုတို့နဲ့ ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။အခုရိုက်ကူးမယ့် ‘ဥ’ ဇာတ်ကား ၂ မှာပါ ထပ်မံပါဝင်လာခဲ့တဲ့ ခန့်စည်သူက…

‘ဥ’ ဇာတ်ကားကတော့ ပေါက်ခဲ့တယ်။ အခု ‘ဥ’ဇာတ်ကား ၂ ကိုထပ်ရိုက်မယ်။ ပုပ္ပါးမှာ သွားရောက်ရိုက်ကူးရမှာပါ။ ကိုဇော်တို့ ချောရတနာတို့ အကယ်ဒမီရတဲ့ဇာတ်ကားပါ။ ပြန်လည် ရိုက်ကူးမယ်ဆိုတော့လည်း ကိုဇော်တို့လည်းကျွမ်းကျင်ပါတယ်။ ကိုဇော်တို့က ရုပ်ရှင်လည်း ရိုက်တတ်တယ်။အနုပညာလည်းဖန်တီးတက်တယ်။ ပိုက်ဆံလည်းရှာတက်ပါတယ်။ အကယ်ဒမီ အတွက်မှန်းပြီး ရိုက်ကူးတာမဟုတ်ဘဲ ကိုဇော်တို့ ချောရတနာတို့က ဒီလိုပဲ ကြိုးစား ရင်းနဲ့အသိအမှတ်ပြုခံရတာပေါ့။ အခုလည်း ကိုယ်ပြလိုက်တဲ့ အနုပညာပရိသတ် လက်ခံသွားတယ်ဆိုရင် ပီတိပါပဲ။ ဒီဇာတ်ကားမှာပါဝင်ကြမယ့် သရုပ်ဆောင်အားလုံးက လည်း အစွမ်းကုန်ကြိုးစားသွားကြမှာပါ”လို့ ပြောပါတယ်။

သရုပ်ဆောင် ချောရတနာ နေရာမှာ ပါဝင်လာတဲ့ သရုပ်ဆောင်အိချောပိုက ခန့်စည်သူတို့ အနုပညာပျိုးခင်း  ၁ ကနေ စင်တင်ပေးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒီတော့ ဆရာသမား တစ်ယောက်အနေနဲ့ ဒီဇာတ်ကားမှာ အိချောပိုကို ဘယ်လိုကူညီပံ့ပိုးပေးသွားမလဲဆို တော့ ခန့်စည်သူက…

“သူတို့ကလည်း အတွေ့အကြုံတွေများလာပါပြီင်္။ ပျိုးခင်း ၁၊ ၂ က စုစုပေါင်း ၆ ယောက်က အခုဆိုလို့ရှိရင် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေတော်တော် များများလည်းရိုက်ကူးနေရတယ်။ ကျွန်တော်တို့အနေနဲ့ အထူးတလည်သင်တာတို့ ပံ့ပိုး တာတို့ သိပ်လုပ်ပေးစရာမလိုတော့ပါဘူး။ တစ်ခါတလေကျရင်တော့ သူတို့မသိတာ လေးတွေကို ဆရာကြီးတော့ လုပ်တာမဟုတ်ပါဘူး။ ကိုယ်နားလည်သလောက်လေးပြန်ပြီး ဝေမျှပေးပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်   

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071