Tuesday, May 5, 2026

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ...

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ...

မေလ မတိုင်ခင်  ခွင့် ၁...

၂၀၂၆ ခုနှစ် မေလ ၁ ရက်မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ ၁ လ အထက် ကျော်သူများ...

ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr....

ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ ဆွေးနွေး မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim...
HomeCelebrities' Newsဦးဂိုအင်ကာ တရားစခန်းက အတွေ့အကြုံတွေကို...

ဦးဂိုအင်ကာ တရားစခန်းက အတွေ့အကြုံတွေကို ပြန်လည်ပြောပြတဲ့ ဂုဏ်ရည်အေးကျော်

ပြီးခဲ့တဲ့ ဧပြီလလယ်သင်္ကြန်ကာ လမှာ တရားစခန်း ၀င်ဖြစ်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်က သူ့အနေနဲ့ တရား စခန်းဝင်ခဲ့စဉ်က အတွေ့အကြုံတွေကို အခုလိုပြန်လည် ပြောပြပါတယ် . . .

”ဂုဏ်ရည်ထိုင်တာက ဦးဂိုအင်ကာရိပ်သာပါ။ ဦးဂို အင်ကာရိပ်သာမှာကျတော့ မွတ်ဆလင်တွေလည်း ပါတယ်။ ဂျူး၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ပြီးတော့ ဂုဏ်ရည်တို့ ဗုဒ္ဓဘာသာတွေ နိုင်ငံပေါင်းစုံကနေ လာထိုင်ကြတယ်။ ပြီးခဲ့တုန်းကဆို Twitter ရဲ့Founder လည်းလာထိုင်တယ်။ နိုင်ငံတကာမှာ ထိုင်ဖူးတဲ့ လူတိုင်း မြန်မာပြည်မှာ လာလာ ပြီးတော့ထိုင်ကြတယ်။ မြန်မာပြည်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့ တိုင်းပြည်၊ ဘာသာတရားနဲ့ပတ်သက်ရင် Vibration တွေကောင်းတယ်ပေါ့နော်။ ဂုဏ်ရည် တို့ခန္ဓာကိုယ်မှာ Vibration တွေရှိတယ်ဆိုတော့ အဲဒီ Vibration တွေကို လာလာခံစားကြ တာ ပေါ့။ ကိုယ်တွေကကျတော့ မြန်မာပြည်ထဲမှာတင် အဲဒီအခွင့်အရေးတွေရှိထားပြီးသားပါ။ လူတစ် ယောက်ဆီ၊ တစ်ယောက်ဆီတိုင်းမှာ ကိုယ်ပိုင် Vibration တွေရှိတယ်။ အရမ်းမြန်တယ်။ ပူ လောင်တယ်။ အေးချမ်းတယ်။ ဂုဏ်ရည်တို့ အဲဒီ Vibration တွေကိုခံစားရင် စိတ်ငြိမ်အောင် ထိုင်တာပါ”လို့ ဂုဏ်ရည်အေးကျော်က ပြောပါ တယ်။ လက်ရှိကာလမှာ လှုပ်ရှားဖြစ်နေတဲ့ ဂုဏ် ရည်အေးကျော်ရဲ့ လှုပ်ရှားမှုတွေက …

”ပွဲတွေအများကြီးလက်ခံထားတယ်။ အထူး သဖြင့် ဂုဏ်ရည် ဧပြီတစ်လလုံးမှာ သင်္ကြန်တုန်းက တရားစခန်းဝင်တယ်။ ပြီးတဲ့အခါကျတော့ မန္တလေး အိမ်ပေါ့။ အိမ်ကအခုပြင်နေတယ်ဆိုတော့ အိမ်ပြောင်းသွားပြီ။ ဂုဏ်ရည် ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ ဂုဏ်ရည့်အိုင်ဒီယာပေါ့။ ဒီနေရာမှာအပင်စိုက်မယ်။ ဟိုနေရာမှာ အဖြူရောမယ်။ အဲဒါမျိုးတွေပေါ့ နော်။ ဂုဏ်ရည်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီးလုပ်နေရတာဆိုတော့ အဲဒီမှာ တစ်ပတ်ကျော်ကျော်လောက် နေဖြစ်ခဲ့တယ်။ အခု မေ ၁ ရက်နေ့ ကစပြီး ပွဲတွေဆက်တိုက်လက်ခံထားတယ်။ နှစ်သစ်မှာတော့ အများကြီးပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်နိုင်စိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071