ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။
“ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ အပြည့်အဝသဘောတူညီထားတဲ့ ကုန်သွယ်ရေးစာချုပ်ကို လိုက်နာခြင်းမရှိတဲ့အတွက်၊ လာမည့်အပတ်မှာ အမေရိကန်နိုင်ငံထဲကို တင်သွင်းလာမယ့် ဥရောပသမဂ္ဂရဲ့ ကားတွေနဲ့ ထရပ်ကားတွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားတွေကို တိုးမြှင့်သွားမယ်လို့ ကြေညာရတဲ့အတွက် ဝမ်းသာပါတယ်။ အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာပါ” ဟု အမေရိကန်ခေါင်းဆောင်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် သောကြာနေ့က ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
