လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးကစီစဉ်ပြီး ဇာတ်လမ်း ဘရဏီကျော်၊ ဇာတ်ညွှန်း မောင်မြတ်ဆွေ၊ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် “တည် ကြက်” ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၁၉ရက်ကစတင်ပြီး ပြင်ဦးလွင်မြို့မှာ သွားရောက်ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ နေတိုး၊ နေမျိုး အောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ကြယ်ဖြူရှင်းသန့်၊ ချောကလျာ နှင့် သရုပ်ဆောင် များစွာပါဝင် သရုပ်ဆောင်မှာဖြစ် ကြောင်း သိရပါတယ်။ဒီဇာတ်ကားကို ပုံဖော်သွားမယ့် ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က …
” ဒီဇာတ်ကားက သည်းထိပ် ရင်ဖိုအက်ရှင် ဇာတ်လမ်းပေါ့။ မင်းသမီးတွေက မုဆိုးတစ်ယောက်ကို တည်ကြက်လုပ်သွားတဲ့ ဇာတ်ကားပေါ့။ တည်ကြက်ဆိုတဲ့ သဘောက ကြက်တစ်ကောင်ကိုလိုချင်ရင် နောက်ထပ်ကြက် တစ် ကောင်ကို ကြိုးချည်ပြီး မျှားထားရတယ်။ အဲဒီသဘောတရားပေါ့။ အားလုံးက သူ့ကို ဝိုင်းကပ်ထားပြီး တော့မှ သူတို့ဖြစ်ချင်တဲ့ အကြောင်း အရာကို လုပ်သွားတာကြောင့် ဒီဇာတ်ကားကို တည်ကြက်လို့ပေးထားတာပါ’ လို့ပြောပါတယ်။ ဒီဇာတ်ကားမှာ အန္တရာယ် များတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တယ်လို့ ဆိုတဲ့ နေတိုးက ..
” ဒီဇာတ်ကားက စိတ်ရော လူရော ပင်ပန်းမယ့် ဇာတ်ကားလို့ မြင်ပါတယ်။ နှစ်တွေကြာကြာ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပြီးတော့မှ ခဏနားထားတဲ့ဇာတ်ကားရဲ့ လမ်း ကြောင်းတစ်ခုကို ရုပ်ရှင်မှာ ပြန်ပြီး အသက်သွင်းခွင့်ရတဲ့အတွက်ကျေ နပ်ပါတယ်။ ရီဟာဇယ်တွေ၊ လုပ် ရမယ့် အက်ရှင်ခန်းတွေ၊ စွန်စားခန်း တွေ အများကြီးပါတယ်။ ထွေထွေ ထူးထူးပြင်ဆင်ရမှာတော့ ဝတ်စား ဆင်ယင်မှုအပိုင်း၊ မြင်းစီး တာတို့၊ တောင်တက်တာတို့၊ ဖိုက်တင်ထိုး တာတို့၊ ကြိုးတန်းတွေဆွဲပြီး တောင် ပေါ်တက်ရတဲ့ ဇာတ်ဝင်ခန်းတွေ ပါတယ်။ ဒီလိုဇာတ်ဝင်ခန်းတွေက တော့ အန္တရာယ်များတယ်။ အတတ် နိုင်ဆုံး လုံခြုံစိတ်ချရမှုရှိအောင်လို့ တော့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
P-060