ချစ်စရာကောင်းတဲ့ သရုပ် ဆောင် မော်ဒယ်လ် စုလင်းရှိန်က အခုလက်ရှိ မှာ MTV နဲ့ ကြော်ငြာတွေ ရိုက်ကူး ဖြစ်နေပြီး MMDC မှာ သရုပ်ဆောင် သင်တန်း တက်ရောက်နေပါတယ်။ သရုပ် ဆောင်လိုင်းဘက်ကိုပဲ တစိုက်မတ်မတ်သွား မှာဖြစ်ပြီး အနုပညာဝမ်း စာပြည့်တဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်တဲ့အတွက် သရုပ်ဆောင် သင်တန်းမှာ သေချာလေ့လာ ဖြစ်နေသူပါ။
”ရိုက်ကွင်းတွေရောက်ရင် ဒါ ရိုက်တာက သင်ပေးတာရှိတယ်။ ကိုယ့်ရဲ့စီနီယာ တွေကလည်း သင်ပေးတာရှိပါတယ်။ သူတို့တွေပြော တာတော့ စာအုပ်တွေဖတ်၊ ဇာတ် ကားတွေ ကြည့်ပေါ့။ ညီမဇာတ် ကားတွေကြည့်ရင် မင်းသမီးတွေ မင်းသားတွေရဲ့ မျက်လုံးအသွား အလာတွေ စကားလုံးအနေအထားတွေ ကိုလေ့လာဖြစ်တယ်။ စာအုပ်တွေများများဖတ်ဖြစ်ပါ တယ်” လို့သရုပ်ဆောင်ပညာကိုသင်ယူဖြစ်နေပုံ အကြောင်းကို စုလင်းရှိန်က ပြောပါတယ်။ အနုပညာ လောကမှာ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်နဲ့ ဝတ်မှုံရွှေရည်တို့ကို သဘောကျပြီး သူတို့လိုမျိုး သရုပ်ဆောင်တတ်ချင် တယ်လို့လည်း ဆိုပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါတဲ့ စုလင်းရှိန်က ဒီအလုပ် ကိုပဲအောင်မြင်တဲ့အ ထိကြိုးစားသွားမှာဖြစ်ကြောင်းကို လည်း…
”အနုပညာအလုပ်ကို စလုပ်ပြီ ဆိုကတည်းက တစိုက်မတ်မတ်နဲ့ အောင်မြင်ချင်တယ်။ အောင်မြင်ချင် တယ်ဆိုတာက နာမည်ကြီးချင် တာကို ပြောတာမဟုတ်ဘူး။ ကိုယ်လုပ်တဲ့အ လုပ်ကို ဘာပဲလုပ်လုပ် အောင်မြင်ချင်တယ်။ ဒီအလုပ်ကိုပဲအာရုံစိုက်ထားပါတယ်” လို့ပြော ပါတယ်။
အောက်တိုဘာလ ၁၈ရက်နေ့ က စုလင်းရှိန်ရဲ့ မွေးနေ့ပါ။ မွေးနေ့ အလှူအဖြစ် ဟယ်လ်ပင်ကလေးဆေး ရုံကြီးမှာ ဆေးကုသ မှုခံယူနေရတဲ့ ကလေးငယ်များကို မုန့်များနဲ့ အရုပ် များ လှူဒါန်း ခဲ့သလို လူနာအယောက် ၂၂ဝ စာအတွက် နေ့ လယ်စာကိုလည်း စုလင်းရှိန်ကကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း