Tuesday, June 24, 2025

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း...

အပစ်အခတ်ရပ်စဲရေး “အကောင်အထည်ဖော်နိုင်ခဲ့ပြီ” ဟု အီရန်နိုင်ငံပိုင်ရုပ်သံ...

အီရန်၏ ထိုးစစ်များစွာအပြီး အစ္စရေးလ်အပေါ် အပစ်အခတ်ရပ်စဲရေးကို "အကောင်အထည်ဖော်နိုင်ခဲ့ပြီ" ဟု အီရန်နိုင်ငံပိုင်ရုပ်သံက ဒေသစံတော်ချိန် ၁၂:၀၉ တွင် ကြေညာလိုက်သည်။ အပစ်အခတ်ရပ်စဲရေး မစတင်မီ "နောက်ဆုံးဒုံးကျည်များ"...
HomeMyanmar Theatrical Traditionအနုပညာသမား စစ်စစ်ဖြစ်ချင်တဲ့ ...

အနုပညာသမား စစ်စစ်ဖြစ်ချင်တဲ့ သဘင်မင်းသား ဝင်းနောင်

သဘင်မင်းသားဝင်းနောင်က ဂီတနဲ့ ပတ်သက် လို့ ပထမတေးစီးရီး ထွက်ရှိပြီးတဲ့ နောက်မှာတော့ ဒုတိယ တေးစီးရီးကို ထွက်ရှိဖို့ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။ ဒုတိယ တစ်ကိုယ်တော်အခွေကိုတော့ ပထမတစ်ကိုယ်တော်အခွေထွက်ရှိပြီးပြီးချင်းမှာပဲ အခွေအတွက် သီချင်းတွေကို စတင်စုစည်းခဲ့ တာဖြစ်ပြီး အခုလက် ရှိအချိန်မှာတော့ တော် တော်များများ ပြီးစီးနေပြီလို့ သိရပါတယ်။

ဒုတိယ တေးစီးရီးရဲ့ နာမည်ကိုတော့ ‘ပွဲခင်းထဲက မခင် နှင်းဆီ’ လို့ အမည်ပေးထားပြီး တေးရေးတွေကတော့ ပထမ အခွေက တေးရေးတွေပဲဖြစ်ပါတယ်။ ဒုတိယအခွေ ကတော့ ပထမအခွေနဲ့ပုံစံမတူတဲ့ သီချင်းပုံစံ မျိုးလေးတွေ ပါဝင်မှာဖြစ်ပြီး တစ် ခွေနဲ့တစ်ခွေကို မတူအောင်လည်း လုပ်ဆောင်ထား တယ်လို့ သူက ပြောပါတယ်။  သဘင်မင်းသားဝင်းနောင်က ဂီတနဲ့ ပတ်သက် လို့ ပထမတေးစီးရီး ထွက်ရှိပြီးတဲ့ နောက်မှာတော့ ဒုတိယ တေးစီးရီးကို ထွက်ရှိဖို့ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။ ဒုတိယ တစ်ကိုယ်တော်အခွေကိုတော့ ပထမတစ်ကိုယ်တော်အခွေထွက်ရှိပြီးပြီးချင်းမှာပဲ အခွေအတွက် သီချင်းတွေကို စတင်စုစည်းခဲ့ တာဖြစ်ပြီး အခုလက် ရှိအချိန်မှာတော့ တော် တော်များများ ပြီးစီးနေပြီလို့ သိရပါတယ်။ ဒုတိယ တေးစီးရီးရဲ့ နာမည်ကိုတော့ ‘ပွဲခင်းထဲက မခင် နှင်းဆီ’ လို့ အမည်ပေးထားပြီး တေးရေးတွေကတော့ ပထမ အခွေက တေးရေးတွေပဲဖြစ်ပါတယ်။ ဒုတိယအခွေ ကတော့ ပထမအခွေနဲ့ပုံစံမတူတဲ့ သီချင်းပုံစံ မျိုးလေးတွေ ပါဝင်မှာဖြစ်ပြီး တစ် ခွေနဲ့တစ်ခွေကို မတူအောင်လည်း လုပ်ဆောင်ထား တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော် မတူတာကို ပေးချင်တာက အခွေ မှမဟုတ်ပါဘူး။ ဇာတ်သဘင်မှာလည်း ပရိသတ်        ကို တစ်နှစ်ထက်တစ်နှစ် မတူတာကိုပေးဖို့ကို အမြဲတမ်း ကြိုးစားတယ်။ အမြဲတမ်း အလုပ် လုပ်တယ်ပေါ့။ အခွေဆိုရင်လည်း အရင်အခွေ နဲ့အခုခွေကို ဘယ်လိုမတူအောင်ပြန်ပေးမလဲဆို တာကို စဉ်းစားပါတယ်။ အနုပညာနဲ့ ပတ်သက် ပြီး ပရိသတ်တွေအတွက် အမြဲတမ်းအသစ် အသစ် တွေပေးဖို့ ကြိုးစားနေပါတယ်” လို့ အခွေနဲ့  ပတ်သက်ပြီး ဝင်းနောင်က ပြောပြပါတယ်။ ဒုတိယအခွေကိုတော့ ဒီနှစ်ထဲ ထွက်ဖြစ်မှာ မဟုတ်သေးဘဲ ဒါကလည်းအချိန်ယူချင်သေးတာ ရယ်၊ ဇာတ်ပွဲတွေနဲ့ မအားလပ်တာတွေရယ်၊ လူမှုရေးအလုပ်တွေရယ်ကြောင့်ဖြစ်တယ်လို့ သိရပါ  တယ်။ မအားလပ်ပေမယ့်လည်း ယုံကြည်လို့ အပ် နှံလာတဲ့ အလုပ်တစ်ခုကိုတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုလာတဲ့သူက

“ကျွန်တော် ကတိပေးထားပြီးပြီဆိုရင် ကျွန်တော် ကတိမဖျက်ဘူး။ကျွန်တော့်ကို ယုံ ကြည်လို့ ဒီနေရာဒီရက်ကို လာခဲ့ပါဆိုရင် ကျွန်တော် သေချာစွာလုပ်တယ်။ ကျွန်တော့်  ကြောင့် နှောင့်နှေးသွားတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော်က အနုပညာသမား စစ်စစ်ဖြစ်ချင်တဲ့ အတွက် ဝင်းနောင်ကို အနုပညာအနေနဲ့ပဲ ကြည့် ပေးပါ။ ကျွန်တော့်ဘဝရဲ့ အားကိုးအားထားရာ အစစ်မှန်က ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ သမား ပြီးရင် ပရိသတ်ကြီးပါပဲ” လို့ ကိုဝင်း နောင်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071