ဖေဖော်ဝါရီလလယ်ရောက်တဲ့အချိန်ကျရင် မန္တလေးမြို့၊ Yadanabon Event Park မှာ စိုးသူပါဝင်ဖျော်ဖြေမယ့် ဂီတဖျော်ဖြေပွဲတစ်ပွဲရှိတယ်။ ပွဲရဲ့ရည်ရွယ်ချက် ကလည်း ကောင်းတယ်။ ဗိုလ်ချုပ်ကျောက်ဆစ်ရုပ်တု ဂီတပွဲဖြစ်တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စိုးသူက….”ကျွန်တော်တို့ ဖေဖော်ဝါရီ ၁၃၊ ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ အဆိုတော်အနုပညာရှင်တွေ အများကြီးနဲ့ ဖျော်ဖြေရမှာပေါ့။ ကျွန်တော်တို့ တီးဝိုင်း Majesta Music Band လည်းပါတယ်။တခြား Music Band တွေလည်း ပါတယ်။ နောက်ပြီး Hip Hop တွေ ဆိုမယ့်အဆိုတော်တွေ လည်းပါတယ်။ သီချင်းတွေလည်း ရွေးထားပါတယ်။ ပရိသတ်က ဆိုစေချင်တဲ့သီချင်းတွေလည်း ဆိုရမှာပေါ့နော်။ ကျွန်တော်ကတော့ ဝမ်းသာတယ်။ အနုပညာသမားက အနုပညာ အလုပ်လုပ်နေရ ရင်ပျော်တာပေါ့နော်။ ဂီတသမားကလည်း တီးလုံးအသံကြားရင်ကို ဆိုချင်နေတာဆို တော့ ကိုယ့်အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့လည်း တွေ့ရမယ်။ လူငယ်အသစ် တွေနဲ့လည်း ဆုံရမယ်ဆိုတော့ ပျော်စရာကောင်းပါတယ်”လို့ ပြောပါတယ်။
ရုပ်ရှင်ပိုင်းမှာတော့ စိုင်းစိုင်းနဲ့ရိုက်ဖို့က သဘောတူညီမှုရရှိထားသလို နောက် ထပ်ရိုက်ဖို့ ၃ ကား လောက်လည်း ကမ်းလှမ်းထားတာမျိုးရှိကြောင်း စိုးသူက ပြော ပါတယ်။ ရှေ့မှာ ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ ‘တရားလား’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီးလည်း သရုပ်ဆောင်ရတာ ဘယ်လိုအခြေအနေရှိခဲ့လဲဆိုတာကို မေးဖြစ် တော့ …”ကျေနပ်အားရပါတယ်။ အထူးသဖြင့် ပရိုဂျူဆာကိုထွန်းကလည်း ကျွန်တော်နဲ့ ညီအစ်ကိုလိုပဲ။ နောက်ပြီး ဒါရိုက်တာ ကိုကျော်ဇောလင်းကလည်း ကျွန်တော်ထင်ထားတာထက် ပိုတော်တယ်။ စိတ်လည်းရှည်တယ်။ သူက တကယ်ကို Artist ပဲ။ ပြီးတော့ သူနဲ့ ကျွန်တော်နဲ့က အခုမှသာ ထိပ်တိုက် အနုပညာအနေနဲ့ လက်တွဲခဲ့ပေမယ့် ဟိုးရုပ်ရှင်စရိုက်ကတည်းက ၁၉၈၃ မှာ သိပ်မကြာဘူး။ ရုပ်ရှင် ကားကြီးတွေရိုက်တော့ အဖြူအမည်းပေါ့။ ၁၉၈၅ လောက်မှာ အေဝမ်းဆရာ ဦးတင်ယုရဲ့ ဇာတ်ကားရိုက်တဲ့အချိန်မှာ ကိုကျော်ဇောလင်းတို့က အဖွဲ့ဝင်၊ အဖွဲ့သား တွေထဲမှာ ပါလာခဲ့တာ။ အဲဒီတော့ သူတို့ကလည်း ကျွန်တော့်အကြောင်း ကောင်း ကောင်းသိတယ်။ ကျွန်တော်ကလည်း သူတို့အကြောင်း ကောင်းကောင်းသိတယ်။ နောက်ပြီး ဇာတ်အပေါ်ဝင်စားမှုတွေ ဘာတွေကလည်း အားလုံးအဆင်ပြေခဲ့ပါ တယ်”လို့ စိုးသူက ပြောပြခဲ့ပါတယ်။
မျိုးမောင်၊ ဓာတ်ပုံ-ချမ်းသာ