Thursday, July 10, 2025

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ်...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...

နိုင်ငံပြင်ပတွင် မွေးဖွားသည့် ကလေးများမှတ်ပုံတင်ရန် တိုကျိုမြို့ရှိ...

မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသည့် ကလေးအား မွေးဖွားကြောင်း မှတ်ပုံတင်ရန် တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည် မြန်မာသံရုံး၊ တိုကျိုမြို့သည် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်...
HomeCelebrities' Newsအနုပညာလမ်းခရီးမှာ တိုက်ခိုက်မှုတွေအပြင် ခြိမ်းခြောက်မှုတွေပါခံခဲ့ရတဲ့...

အနုပညာလမ်းခရီးမှာ တိုက်ခိုက်မှုတွေအပြင် ခြိမ်းခြောက်မှုတွေပါခံခဲ့ရတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

သရုပ်ဆောင် ပိုးကြာဖြူခင်က တော့ လက်ရှိ MRTV-4 မှာ ထုတ် လွှင့်ပြသလျက်ရှိတဲ့ ‘မိုးကောင်းကင် အိပ်မက်’ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိ သတ်အသိအမှတ်ပြု ခံထားရသူပါ။ ဒီရုပ်သံဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး …

“မိုးကောင်းကင်အိပ်မက်ဇာတ် လမ်းတွဲ စတင်ရိုက်ကူးကတည်းက ပရိသတ်ရဲ့အားပေးမှုကို တအားမျှော် လင့်ခဲ့ပါတယ်။ မိုးကောင်းကင်အိပ် မက်တစ်ဖွဲ့သားလုံးလည်း အများကြီး ကြိုးစားထားပါတယ်။ အခုလည်း ပိုး ကြာဖြူခင်ဆိုတာ ပျောက်ပြီး ပရိ သတ်တွေက ဆိုင်းမိုင်လို့ ဇာတ် ကောင်နာမည်ကို ခေါ်ကြတော့ တအားလည်း ဝမ်းသာပါတယ်” လို့ ပိုးကြာဖြူခင်က ပြောပြခဲ့ပါတယ်။

သူကတော့ ‘မိုးကောင်းကင် အိပ်မက်’ ရုပ်သံဇာတ်လမ်းတွဲမှာ အ နုပညာခရီးလမ်းကို အတိုက်အခိုက် တွေကြားက မလျှော့သောဇွဲနဲ့ လေ ဆန်တိုးနေတဲ့ ဆိုင်းမိုင်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ အပြင်မှာ ကိုယ်တိုင်လျှောက်လှမ်းနေရတဲ့ အနု ပညာခရီးလမ်းအကြောင်းကိုလည်း သရုပ်ဆောင် ပိုးကြာဖြူခင်က အခု လို ပြောပြခဲ့ပါတယ်။

“မိုးကောင်းကင်အိပ်မက်ရုပ်သံ ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်က အနု ပညာလောကမှာ အောင်မြင်ဖို့ အတွက် ကြိုးစားနေတဲ့အချိန်မှာ ဒီ လောက် အတိုက်အခိုက်တွေများတာ အပြင်မှာ တကယ်ဖြစ်နိုင်ပါ့မလားလို့ ပြောကြတာတွေရှိတယ်။ ဒါတွေက အပြင်မှာ တကယ်ရှိပါတယ်။ ညီမ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရပါတယ်။ ကိုယ့်ကို တိုက်ရိုက်မကောင်းကြံတာ မျိုးတွေရှိတယ်။ Facebook ကနေ တိုက်ခိုက်ကြတာတွေရှိတယ်။ အမျိုး မျိုးတိုက်ခိုက်ကြပါတယ်။ Miss ပြိုင် ပွဲတွေဝင်ရောက်ယှဉ်ပြိုင်တုန်းကဆိုလည်း ဆက်ပြီး မယှဉ်ပြိုင်နိုင်လောက် အောင် ခြိမ်းခြောက်တာမျိုးတွေ ကြုံ ခဲ့ရပါတယ်။ ဇာတ်လမ်းထဲက ဆိုင်း မိုင်နဲ့ ညီမနဲ့ နှိုင်းယှဉ်ရင် ညီမက အတိုက်အခိုက် ခံရတာ ပိုများပါတယ်။ ဒါပေမဲ့ အဲဒါ တွေကို စိတ်ထဲမှာ သိပ်မထားတော့ ဘူး။ ကိုယ်လုပ်စရာရှိတာကို အ ကောင်းဆုံးဖြစ်အောင်ပဲ လုပ်သွား တယ်။ အဲဒါကြောင့်လည်း ညီမ ဒီ အခြေအနေထိ ရောက်လာတယ်လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မှတ်မှတ်ရရ ဖြစ်နေတဲ့ တိုက်ခိုက်မှု တစ်ခုဆိုရင် …

“၂ဝ၁၄ ခုနှစ် Miss Universe ပြိုင်တုန်းကပေါ့။ အဲဒီတုန်းကဆိုရင် ညီမဝင်ပြိုင်မှာစိုးလို့ ဘယ်လို လာ ပြောလဲဆိုရင် သူကိုယ်တိုင်လည်း ဒီ ပြိုင်ပွဲဝင်ထဲကပဲတဲ့။ ညီမ ဝင်ပြိုင်ရင် တွေ့တဲ့နေရာမှာ မျက်နှာကို အက် စစ်နဲ့ပက်မယ်ဆိုပြီး တိုက်ခိုက်တာ။ Page မှာ တင်ထားတဲ့ကိုယ့်ပုံအောက် မှာခြိမ်းခြောက်တဲ့ပုံစံမျိုး Comment လာရေးတာပါ။ Account ကတော့ အတုပုံစံမျိုးပေါ့။ ပြောပုံဆိုပုံတွေက တအား ကြောက်ဖို့ကောင်းတယ်။ အခုချိန်ဆိုရင်တောင် အဲဒီလောက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ တော် တော် ခံနိုင်ရည်ရှိခဲ့တာပဲလို့ ကိုယ့် ကိုယ်ကိုယ် တွေးမိတယ်” လို့လည်း ပိုးကြာဖြူခင်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့ ပို့ဆောင်ပေးနေသည့် မြင်ကွင်း

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊ သုံးခွကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်း ထွေလာရယ်စရာ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အခွန်စည်းကြပ်မည်

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားထံသို့ ပေးပို့သော မက်ဆေ့ချ်ပါ အခွန်နှုန်းအသစ်ကို သူ၏ Truth Social စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ဘရာဇီးလ်အနေဖြင့် ပြန်လည်လက်တုံ့ပြန်သည့် အခွန်များ တန်ပြန်စည်းကြပ်ရန် ဆုံးဖြတ်ပါက အမေရိကန်သည် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားကို ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး ဘရာဇီးလ်က သတ်မှတ်သည့် ပမာဏအတိုင်း လိုက်လံတိုးမြှင့်မည်ဖြစ်ကြောင်း ထရမ့်က...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ယခုတွေ့ဆုံမှုသည် ရူဘီယိုနှင့် လက်ဗရော့ဗ် တို့၏ ဒုတိယအကြိမ်မြောက် လူချင်းတွေ့ဆုံမှုဖြစ်မည်ဖြစ်ကာ ယူကရိန်းစစ်ပွဲအရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘဝင်မကျမှု ရေချိန်မြင့် နေချိန်တွင် တွေ့ဆုံမှုဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဆော်ဒီအာရေဗျနိုင်ငံတွင် ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြကာ ထရမ့်ပ်အစိုးရအဖွဲ့က ရုရှားနှင့် အပြန်အလှန်ဆက်ဆံရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071