Friday, April 24, 2026

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့်...

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများ၏ ဆက်သွယ်ပြောဆိုခြင်း၊ စာတို(SMS)ပေးပို့ခြင်းများပြုလုပ်နိုင်မည့် ဖုန်းနံပါတ်များကိုအသိပေးခဲ့သည်။ လုပ်ငန်းကော်မတီရုံး(နေပြည်တော်)၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများဖြစ်သည့် ရန်ကုန်တိုင်း၊ ကချင်ပြည် နယ်၊...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့်...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ...

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့်...

ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်...
HomeCelebrities' Newsအနုပညာရှင်တို့ပြောတဲ့ မူးယစ်ဆေးဝါး ...

အနုပညာရှင်တို့ပြောတဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုး

မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကတော့ မကောင်းလိုက်တာ သို့မဟုတ် ကောင်း လိုက်တာ ဆိုပြီး ဝေဖန်ကာ မေးမြန်းထားခြင်းမဟုတ်ပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ သူတို့တွေ ဘာပြောကြလဲ ဆိုတာကို စုစည်းမေးမြန်းတင်ဆက်ခြင်းပဲဖြစ်ပါတယ်။

ထွန်းထွန်း

မူးယစ်ဆေးဝါးတို့ အရက် တို့ဆိုတာ မစမ်းတာအကောင်းဆုံးပဲ။ ကိုယ့်တက်လမ်းတွေကို အင်မတန် အနှောင့်အယှက် ဖြစ်စေတဲ့အရာ တွေပါ။ ဥပမာပြောရရင် အရက် သောက်ထားရင် အရက်မူးနေတယ် ဆိုတဲ့ ဏနမျသညေူငအပ က ထိုးကျတယ်။ လူမလေးစားဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားအောင်နေမှ လူလေးစား မှာ။ အဲဒါတွေက မစမ်းတာ အကောင်းဆုံးပဲလို့ အကြံပြုချင် ပါတယ်။ ဘဝတစ်ကွေ့မှာ လူဆိုတာ အတိမ်းအစောင်းအခက်အခဲဆိုတာ ရှိမှာပဲ။ ရှိတဲ့အခါမှာ ကိုယ်ပြန်ထဖို့ပဲ လိုတာ။ မှန်ကန်တဲ့နည်းလမ်းနဲ့ ပြန်ထဖို့လိုမယ်။ ပြန်ထနိုင်ပေမယ့် အရာအားလုံး သိသွားတဲ့လူတော့ မဟုတ်ဘူး။ အဓိကပြောချင်တာ တော့ ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပဲ လိုတယ်။ ကိုယ့်စိတ်ကိုယ်မနိုင်ရင် ဘယ်အရာမှမစတာ အကောင်းဆုံး ပဲ။ အထူးသဖြင့် မူးယစ်ဆေးကတော့ အဆိုးဆုံးပေါ့။ လောင်းကစားဆို တာတောင်မှ အဲဒီနောက်မှာ ရှိမယ် လို့ ထင်တယ်။ မကောင်းတာ ကောင်းတာကတော့ ကြိုက်နှစ်သက် တဲ့လူပေါ်မှာ မူတည်တယ်။ လူတွေ ကလေ မဖြစ်မနေဆိုတဲ့ အခြေအ နေမှာမှ နောင်တတော်တော်ရ ကြတယ်၊ ပြုပြင်ကြတယ်လို့ ထင် တယ်။ ကျွန်တော်ကိုယ်တိုင်တောင် မဖြစ်မနေဆိုတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ ဒီအတိုင်း ဆက်သွားနေရင် ပြီးသွားပြီ။ မဖြစ် မနေဆိုတာ မရောက်မချင်းတော့ ပြုပြင်ပြောင်းလဲကြမယ်လို့ ကျွန်တော်မထင်ဘူး။ သိသိရက်နဲ့ မိုက်တဲ့လူတွေလည်း အများကြီး ရှိတယ်။ ကျွန်တော်ကံကောင်းတာက သိသိရက်နဲ့မိုက်တဲ့ထဲမှာ မပါခဲ့ဘူး။ ကျွန်တော့်အဖေအမေ ငယ်ငယ်က တည်းက ဆုံးမတာတွေကို ကျွန်တော် အသိရှိတယ်။ အမှန်အတိုင်းပြောရင် ကျွန်တော် တော်တော်ဆိုးတယ်။ ကျွန်တော်ဆိုးတာတွေကို ဂုဏ်ယူပြီး တော့မပြောချင်ဘူး။ အဓိကပြော ချင်တာတော့ မူးယစ်ဆေးဝါးဟာ အစလုပ်တဲ့ထဲမှာ မပါသင့်ဘူးလို့ လူငယ်တွေကို ပြောပြချင်ပါတယ်။

ဖော်ကာ

ဒါကတော့အသက်ကို ဥာဏ် စောင့်၏ပေါ့။အဲဒီလိုပြောချင်ပါ တယ်။

ကြက်ဖ

“ကျွန်တော်တို့ နိုင်ငံမှာက အရက်နဲ့ ဘီယာသောက်လို့ရှိရင် အပြစ်မရှိဘူးလို့ ယူဆနေကြတယ်။ အဲဒီဟာကို အဓိက အရင်ပြင်ရမယ်။ အဲဒါကို မပြင်နိုင်သေးဘဲနဲ့ မူးယစ် ဆေးသုံးတာ ဘာဖြစ်တယ်၊ ညာဖြစ် တယ်ဆိုပြီး သွားပြောလို့ မရနိုင် လောက်သေးဘူး။ အခုက လူတန်း စား ၃ မျိုးလောက်ရှိတယ်။ ငါတို့က အရက်သောက်တာကွ၊ ဆေးသမား မဟုတ်ဘူး။ နောက်ပြီး ငါတို့က ဆေး ပဲချတာ၊ အရက်သမားမဟုတ်ဘူး။ နောက်တစ်မျိုးလည်းရှိတယ်။ မထူး တော့ဘူးကွာ။ အရက်လည်း သုရာ မေရယပဲ။ ဆေးလည်း သုရာမေရယ ပဲ။ ၂ ခုစလုံးလုပ်မယ်ဆိုတဲ့ လူတန်း စားလည်းရှိတယ်။ တကယ်တော့ ၃ မျိုးစလုံး မှားနေတယ်။ မူးယစ်ဆေး တစ်ခုတည်းကို သွားပြောနေလို့ရှိရင် ရယ်စရာကြီး ဖြစ်နေလိမ့်မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဘာမှမထူးဘူး။ တစ်ခုက သေမင်းဆီကို သွားတယ် ဆိုလို့ရှိရင် နောက်တစ်ခုကလည်း အ တူတူပဲ။ ဒီလမ်းအတိုင်း သွားတာပဲ”

Ads Space Available


Continue reading

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးဖုန်းနံပတ်များ

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများ၏ ဆက်သွယ်ပြောဆိုခြင်း၊ စာတို(SMS)ပေးပို့ခြင်းများပြုလုပ်နိုင်မည့် ဖုန်းနံပါတ်များကိုအသိပေးခဲ့သည်။ လုပ်ငန်းကော်မတီရုံး(နေပြည်တော်)၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများဖြစ်သည့် ရန်ကုန်တိုင်း၊ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ဧရာဝတီတိုင်းတို့၏ ဖုန်းနံပါတ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းနံပါတ်များသို့ အပြုသဘောဆောင်သည့် ဆက်သွယ်လာမှုများအားလက်ခံ၍ ဆက်လက်ဆောင်ရွက်ရမည်များကိုရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာကော်မတီ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးသွားမည်ဟုလည်း အသိပေးခဲ့သည်။ ထို့ပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အတွက်...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာ

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ် ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က)အရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်မှ မြို့နယ်(၅)မြို့နယ်၊ ကယားပြည်နယ်မှ မြို့နယ်(၃)မြို့နယ်၊ ကရင်ပြည်နယ်မှ မြို့နယ်(၂)မြို့ နယ်၊ ချင်းပြည်နယ်မှ မြို့နယ်(၇)မြို့နယ်၊ စစ်ကိုင်း တိုင်းမှ မြို့နယ်(၈)မြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071