Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomePopular Academy2016 Academyအနုပညာရှင်တို့ရဲ့ ၂ဝ၁၆ ခုနှစ်...

အနုပညာရှင်တို့ရဲ့ ၂ဝ၁၆ ခုနှစ် အကယ်ဒမီ ရင်ခုန်သံ

nt

လာမယ့် မတ်လ၁၈ရက်နေ့မှာ ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲကဆိုရင် ပြည်သူလူထုကနေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရသစ် လက်ထက်မှာ ကနဦး ကျင်းပ ပြုလုပ်တာဖြစ်တာမို့ မြန်မာ့ရုပ်ရှင်သမိုင်းမှတ်တမ်းဝင် မယ့် ထူးခြားတဲ့ အကယ်ဒမီဆုပေးပွဲကြီးပဲ ဖြစ်ပါတယ်။ အကယ်ဒမီ ဆုချီးမြှင့်ပေးအပ်ပွဲကြီး ကျင်းပရက် နီးကပ်လာလေလေ အကယ်ဒမီဆု စာရင်းဝင်ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တိုင်းလိုလို အကယ်ဒမီအကြို ရင်ခုန်သံတွေ ကိုယ်စီရှိ နေကြမှာဖြစ်သလို အကယ်ဒမီဆုပေးပွဲ တက်ရောက်ကြမယ့် အနုပညာရှင်များကလည်း အကယ်ဒမီအကြိုရင်ခုန်သံတွေ ကိုယ်စီရှိနေကြတာမို့ သူတို့ရဲ့ ၂ဝ၁၆ခုနှစ် အကယ်ဒမီ အကြိုရင်ခုန်သံစကားများ စုစည်းဖော်ပြလိုက်ရပါတယ်။

နေတိုး

ဒီနှစ်ကတော့ ရင်ခုန်စရာ ဇာတ်လမ်းမရှိပါဘူး။ ကျွန်တော့်အတွက် ရင်ခုန်စရာဇာတ်ကောင်လည်း မပါဘူး။ ဒါကြောင့်မို့ ကျွန်တော့်ပရိသတ်လည်း ရင်ခုန်သံမရှိသလို ကျွန်တော်လည်း ရင်ခုန်သံ ငြိမ်နေ ပါတယ်။ အခုခေတ်က အကယ်ဒမီနီးပြီဆိုရင် ခေတ်ကလည်း ဖေ့စ်ဘုတ်ခေတ်ဆိုတော့ ဖေ့စ်ဘုတ်မှာ Comment တွေ၊ Like တွေပေးကြတဲ့ သရုပ်ဆောင်တွေ အဲဒီအထဲကမှ ပရိသတ်အများဆုံးပေးတဲ့ သရုပ်ဆောင်တွေ ရကြပါစေလို့ ဆုတောင်းပါတယ်။

shwethamee

ရွှေသမီး

အကယ်ဒမီကိုတော့ ညီမတို့ အားလုံး ရင်ခုန်ပါတယ်။ အကယ်ဒမီပွဲရောက်ပြီဆိုရင်လည်း ညီမတို့က ဘယ်သူရမယ်၊ ဘယ်သူ ရမယ်နဲ့ တွေးပြီးရင်ခုန်နေတာ။ ဆုကြေညာ မယ့်အချိန်ဆိုလည်း ရမယ့်သူ ဘယ်လောက် ရင်ခုန်နေမလဲ တွေးမိတယ်။ ဒီနှစ်လည်း အကယ်ဒမီပွဲတက်ဖြစ်ပါမယ်။ ရမယ့် အစ်ကို တွေ၊ အစ်မတွေကို လက်ခုပ်တီးပေးဖို့ပါ။ အားလုံးကလည်း ကောင်းတဲ့သူတွေပဲ ဆိုတော့ အားလုံးကို ရစေချင်ပါတယ်။ ဒီဆုက အနုပညာရှင်တိုင်းအတွက် အနုပညာ လမ်းခရီးတစ်လျှောက်မှာ ပန်းတိုင်တစ်ခုလို့ ထင်တယ်။အကယ်ဒမီဆိုတာက ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ ဆုပေါ့။ ညီမတို့ကိုယ်တိုင်လည်း အခါအခွင့်သင့်လို့ ကြိုး စားခွင့်ရခဲ့မယ်ဆိုရင်တော့ လိုချင်ပါတယ်။

11

မြင့်မြတ်

အကယ်ဒမီပွဲကတော့ ကျွန်တော်တို့ သွားကြမှာပါ။ ဘယ်သူတွေရမလဲဆိုတာတော့ ပွဲပြီးမှပဲသိရမှာပေါ့။ ကျွန်တော့်ဇာတ်ကားပါတဲ့အတွက်လည်း ကျွန်တော့်ကိုရစေချင်တဲ့ပရိသတ်က ရစေ ချင်တာပေါ့။ ရတာ၊ မရတာတော့ ကံတရားပါပဲ။

ayl

အောင်ရဲလင်း

ကျွန်တော့်ထက်စာရင် ကိုဇော်ကို ရစေချင်တယ်။ ကျွန်တော်က ကံပဲပေါ့။ ရတဲ့ကံပါရင် ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ထက် ကိုဇော်ကို ပို ရစေချင်တယ်။ ကြည့်တဲ့သူတွေလည်း သိမှာပါ။ ကျွန်တော်အလုပ်တစ်ခုလုပ်ရင် ကောင်းအောင်ပဲ ကြိုးစားတယ်။ မျှော်လင့်ချက် သိပ်မထားဘူး။ အကယ်ဒမီမှ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို ကိုယ်ထင်ထားတာနဲ့ ထပ်တူမညီတာတွေရှိတယ်။ မျှော်လင့်တာတစ်ခုက ပရိသတ်ကြိုက်ရင် ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်ဇာတ်ကားတွေ ပရိသတ်ကြိုက်ရင် ကျွန်တော်အကယ်ဒမီရတာထက်တောင် ပျော်တယ်။

ထွန်းထွန်း

အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ပတ်သက်ပြီး ကျွန်တော့်ခံစားချက်ကတော့ ပရိသတ်ရဲ့ အဆုံးအဖြတ်ပါပဲ။ ပရိသတ်က ရစေချင်တဲ့ သူရသွားတဲ့ အခါမှာပျော်ရတာပေါ့။ အဲဒီမှာ ကျွန်တော်လည်း အကယ်ဒမီရခဲ့ရင် အတိုင်းထက်အလွန် အပျော် ဆုံးဖြစ်မှာပါ။

ddo

ဒိန်းဒေါင်

ပရိသတ်တွေ အခုလို အကယ်ဒမီပေးတာနဲ့ တင်ဝမ်းသာနေပါပြီ။ ကျွန်တော့်ဇာတ်ကားက သဘာဝဇာတ်ကားလေ။ ဆင်းရဲသားတွေရဲ့ဘဝကို လူရွှင်တော်တစ်ယောက်ကနေ ဒရာမာရိုက်ကူးတာ ပေါ့နော်။ ဒီဇာတ်ကားလေးကို ပရိသတ်တွေလည်း ခန့်မှန်းခြေပေးတယ်။ လူကြီးတွေလည်း ခန့်မှန်းခြေ ပေးထားတော့ ဝမ်းသာနေပါပြီ။ ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ ဘယ်သူ့ရယ်လို့ အကယ်ဒမီရစေချင် တာ မဟုတ်ပါဘူး။ ဒိန်းဒေါင်ရိုက်ကူး တဲ့ဇာတ်ကား က အကယ်ဒမီ ဘယ်သူရသွားတယ်ဆိုရင်တောင် ပျော်မိမှာပါ။ ဘယ်သူရရပေါ့နော်။ ဘယ်သူရရဆိုတာ ဥပမာ- ဇာတ်ညွှန်းရှိမယ်၊ ဇာတ်ပို့ရှိမယ်၊ ဇာတ်ဆောင်ရှိမယ်။ အကုန်လုံးရစေချင်ပါတယ်။ အဓိကကတော့ ကံကောင်းတဲ့သူရမှာပေါ့နော်။ ကျွန်တော့်အနေနဲ့ ဒါရိုက်တာဆု ရခဲ့ရင်တော့လည်း ပျော်မှာပေါ့နော်။ ကျွန်တော်ကတော့ နှစ်ခါ မသေချင်ဘူး။ တအားကြီးမျှော်လင့်လို့ရှိရင် နှစ်ခါစိတ်ညစ်ရမှာလေ။ အဲဒီတော့ ဒီအတိုင်းလေးပဲ လွှတ်ထားလိုက်တယ်။ အခု ကျွန်တော့်ကို “မင်းလည်း ဘိုကေ ငါလည်းဘိုကေ” ဇာတ်ကားနဲ့ ဇာတ်ပို့လေးမှန်းပေးကြတဲ့ သူတွေရှိကြတယ်။ အဲဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်သက် နဲ့တစ်ကိုယ် တစ်ခါမှ အမှန်းမခံရလို့ ဒီနှစ်အမှန်းခံရတာနဲ့တင် ကျေနပ်ပါတယ်။

ပေါ်ပြူလာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071