Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeCelebrities' Newsအမြွှာအစ်မ တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အတွက်...

အမြွှာအစ်မ တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူများတွေထက် တစ်ပန်းသာတယ်လို့ ခံစားရကြောင်း ခိုင်သဇင်ငုဝါ ပြော

ခိုင်သဇင်ငုဝါဆိုတဲ့ အမြွှာညီအစ်မ ၂ဦးကို ပရိသတ်တွေ သတိထားမိကြလိမ့်မယ်ထင်ပါတယ်။ အခုခိုင် သဇင်ငုဝါဆိုတဲ့အငယ်မလေးကိုတွေ့တုန်းသူ့အစ်မနဲ့ ကြားထဲက အကြောင်းလေးတွေ၊ ဖြတ်သန်းခဲ့ရတာလေးတွေကို မေးဖြစ်ခဲ့ပါ တယ်။ခိုင်သဇင်ယုဝါနဲ့ကျတော့ အမြွှာဆိုပေမယ့် သူက ကိုယ့်ထက် ၂နှစ်၊ ၃နှစ်လောက်ကြီးတဲ့ အစ်မတစ်ယောက်လို အရာရာကို နားလည်ပေးတယ်။ ချစ်ပေးတယ်။ အရာရာတိုင်း ဆုံးမ စရာရှိတာ ဆုံးမတယ်။ ဘယ်တော့မှ ကြမ်းကြမ်း တမ်းတမ်း မပြောဘူး။ သူနားလည် အောင်ပြောတယ်။ အမြွှာဆိုပေမယ့် သူများညီအစ်မတွေထက် သံယောဇဉ်ကပိုများတယ် ပေါ့ နော်။ တစ်ခုခုဆိုရင်လည်းတိုင်ပင်လို့ရတယ်။ အရင် ကတည်းကအနုပညာအလုပ်တွေ အတူတူလုပ်လာတာ ဖြစ်တဲ့အတွက် ညီအစ်မ ၂ ယောက်ဆိုတော့ အဖော်ရ တယ်။ ညီအစ်မ ၂ ယောက်ရှိတာကိုယ့်အတွက် တစ်ပန်းသာတယ်လို့ ခံစားရတယ်” လို့ ခိုင်သဇင် ငုဝါကပြောပါတယ်။ ယုဝါနဲ့ငုဝါဆိုရင် ဘယ်သူ ကဗိုလ်ကျလဲ၊ ဘယ်သူ က အလျှော့ ပေးရ လဲလို့ မေးတဲ့အခါ…

“ညီမကတော့ ဗိုလ်ကျတယ်။ ဒါပေမဲ့ နိုင်ရင် သူပဲနိုင်တယ်။ ဗိုလ် ကျတာကတော့ ညီမပဲ။ ဒါပေမဲ့အလျှော့ပေးလိုက်ရရင်လည်း ညီမပဲ။ ကိုယ့်ထက်ကြီးတဲ့ အစ်မဆိုတဲ့ စိတ်က ကိုယ့် မှာရှိနေတော့ကိုယ့်အစ်မကိုကိုယ်ချစ်တယ်။ အလျှော့ ပေးတယ်။ သူလည်းအလျှော့ပေးတာတွေ ရှိပါတယ်” လို့ သူမ ကပြောပြပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ခုနှစ်ထဲမှာ ပြန် သုံးသပ် ကြည့်လိုက်ရင် ကိုယ့်အတွက် ဘာတွေကို အားရပြီး၊ ဘာတွေ ကို အားမရဘူးလဲ၊ ၂ဝ၁၈ခုနှစ်မှာ ဘယ်လိုဖြတ် သန်းသွား ဖြစ်မလဲလို့ မေးတဲ့အခါ…

‘ငုဝါကတော့ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံနေတယ်၊ အောင်မြင်နေ တယ်လို့ မထင်ဘူး။ အများကြီး ကြိုး စားဖို့လိုအပ်တယ်။ ၂ဝ၁၇ခုနှစ်မှာ လိုအပ်တဲ့အရာ တွေကို ၂ဝ၁၈ခုနှစ် မှာ အများကြီး ဘယ်လိုပြုပြင် သင့်တယ်၊ ဘယ်အရာတွေကို ငုဝါလုပ် သင့်သလဲဆို တာတွေကိုအကောင်းဆုံးစဉ်းစားပြီးတော့ ငုဝါ ကြိုးစားသွားမှာပါ။ ငုဝါမနှစ်က ဖေဖော် ဝါရီလ တုန်းကဆိုလို့ရှိရင် အောင်ရဲ ထိုက်နဲ့ ငုဝါနဲ့ဆိုထားတဲ့ သီချင်းလေးကို ဗယ်လင်တိုင်း လက်ဆောင် အနေ နဲ့ ပရိသတ်တွေကိုပေးခဲ့တယ်။ ငုဝါက သီချင်း ဆိုရတာ ဝါသနာပါတဲ့အတွက်ဒီနှစ်မှာလည်း လက်ဆောင်အနေနဲ့လုပ်ပေးဖို့ရှိတယ်” လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071