Monday, June 1, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က...

နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေ...

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ –...

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့...

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt...

ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။ ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊...
HomeMoviesအွန်လိုင်း လိမ်လည်မှုများကို နားလည်‌ရှောင်ရှားနိုင်ရန်...

အွန်လိုင်း လိမ်လည်မှုများကို နားလည်‌ရှောင်ရှားနိုင်ရန် လူငယ်များအတွက် “Freedom 250” လူငယ်ပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများ (Digital Fraud) ကို နားလည်ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအကြား မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစွမ်းရည် (Media Literacy) မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည့် “Freedom 250: မြန်မာနိုင်ငံတွင်း အွန်လိုင်း လိမ်လည်မှုများအား တိုက်ဖျက်ခြင်း” အပြန်အလှန်သင်ယူမှုပွဲတော် (Interactive Learning Festival) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဇွန်လ ၄ ရက်မှ ၆ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း အဆိုပါပွဲကို ဦးဆောင်ကျင်းပသည့် အမေရိကန်စင်တာ (American Center Yangon) က အသိပေးထားသည်။

ဒစ်ဂျစ်တယ်ကမ္ဘာတွင် ဘေးကင်းပြီး စမတ်ကျသည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်ကာ စိတ်လှုပ်ရှားစရာ အပြန်အလှန်ဆွေးနွေးမှုပုံစံ (Interactive Sessions) များဖြင့် အခမဲ့ စီစဉ်ပေးထားခြင်း ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတွင် လူကိုယ်တိုင် (In-person) သော်လည်းကောင်း၊ အွန်လိုင်း (Virtual) မှသော်လည်းကောင်း ရွေးချယ်တက်ရောက်နိုင်ရန် စီစဉ်ထားသည်။

အဆိုပါ ၃ ရက်အတွင်း သတင်းမီဒီယာကဏ္ဍ နားလည်ကျွမ်းကျင်မှု အခြေခံ (Media Literacy): မီဒီယာ၏ သဘောသဘာဝနှင့် လူသားတို့၏ အတွေးအမြင်၊ ဆုံးဖြတ်ချက်များအပေါ် မီဒီယာ၏ လွှမ်းမိုးသက်ရောက်မှုများကို အခြေခံကစ၍ လေ့လာခြင်းများ ပါဝင်ကြောင်း သိရသည်။

ထိုပြင် လူမှုအဖွဲ့အစည်းနှင့် သတင်းမီဒီယာ ဆက်နွယ်မှု (Social Influence & Trends): လူမှုအသိုင်းအဝိုင်းအပေါ် မီဒီယာ၏ သက်ရောက်မှု၊ ခေတ်ရေစီးကြောင်းများ၊ အများပြည်သူအမြင်နှင့် လူမှုရေးရာလွှမ်းမိုးမှုများ ပုံဖော်လာပုံကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထိုအတူ တာဝန်သိ နိုင်ငံသားများ ဖြစ်လာခြင်း (Ethical & Responsible Digital Engagement): ဒစ်ဂျစ်တယ်နယ်ပယ်အတွင်း အကြောင်းအရာများ ဖန်တီးမျှဝေရာတွင် ကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်နှင့် တာဝန်ယူမှုရှိစွာ ပါဝင်ပတ်သက်ရန် လိုအပ်ချက်များကို လေ့လာခြင်းများ လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်စပေ့စ် (Digital Space) အတွင်း တာဝန်သိစိတ်ဖြင့် အပြုသဘောဆောင် ပါဝင်လိုသည့် လူငယ်တိုင်းအတွက် မဖြစ်မနေတက်ရောက်သင့်သည့် ပွဲတစ်ခုဖြစ်ပြီး လက်ရှိတွင် အခမဲ့ စာရင်းပေးသွင်းခြင်း (Free Register) လုပ်ဆောင်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ

နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေ ၃၁ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်အတူ...

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ – တွံတေးကို ပြေးဆွဲပေးမည်

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယင်းယာဉ်လိုင်းကို YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်သည်။ ပြေးဆွဲပေးမည့် ဂိတ်ရင်းသည် တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီးဒလ (ချယ်ရီသင်္ဘောဆိပ်) ထိ ဖြစ်ကာ စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည် ဖြစ်သည်။ ကားခအနေဖြင့် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ ထို့ပြင်—ရဟန်းသံဃာတော်များအားအခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကာ...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဖိတ်ကြားချက်အရ မေ ၂၅ ရက်မှ ၃၀ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း လည်း သိရသည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071