Tuesday, April 22, 2025

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X...

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား...

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...
HomeNewsLocal Newsအွန်လိုင်းလောင်းကစား လုပ်ငန်းများတွင်ပတ်သက်လုပ်ကိုင်နေသူများနှင့် မှတ်ပုံတင်...

အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင်ပတ်သက်လုပ်ကိုင်နေသူများနှင့် မှတ်ပုံတင် ငှားရမ်းသူများကိုပါ ဖော်ထုတ်အရေးယူမည်ဟုဆို

ယခုနှစ်များတွင် ခေတ်စားလာသည့် အွန်လိုင်းဂိမ်းများနှင့် တရားမဝင်ငွေချေးလုပ်ငန်းများကို ဖော်ထုတ်အရေးယူလျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် Kpay ,Wave စသည့်အကောင့်များဖွင့်လှစ်နိုင်ရန် အခကြေးငွေရယူကာ မှတ်ပုံတင် ငှားရမ်းသူများကိုပါ အရေးယူသွားမည်ဖြစ်ကြောင်း နစက ကသတင်းထုတ်ပြန်သည်။

ယင်းအွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူများနှင့် ငွေချေးလုပ်ငန်းလုပ်ကိုင်သူများသည် မှတ်ပုံတင်တစ်ခုလျင် ကျပ်ငွေ (၁၀၀၀၀) ဖြင့် ငှားရမ်းကာ KBZpay နှင့် Wave pay အကောင့်များ ဖွင့်လှစ်ပြီး အများပြည်သူထံမှ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် အဆိုပါ မှတ်ပုံတင်ငှားရမ်းသူများအနေဖြင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းလည်း နစက က သတိပေးထားသည်။

လတ်တလောတွင် မြန်မာနိုင်ငံအတွင်းရှိ အနုပညာရှင်အချို့နှင့် ဟာသလူရွှင်တော်အချို့အပါအဝင် Social Influencer အချို့သည်ပင် အဆိုပါ အွန်လိုင်းဂိမ်းများအား အခကြေးငွေရယူကာ ၎င်းတို့၏ ပရိသတ်များနှင့် အားပေးသူများအား ဆွဲဆောင်ကြော်ငြာမှုများ ပေါ်တင်လုပ်ဆောင်နေပြီး အစိုးရက အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ပြစ်တင်ဝေဖန်မှုများလည်း ရှိနေသည်။

အွန်လိုင်းဂိမ်းများနှင့် ငွေချေးလုပ်ငန်းအယောင်ပြ၍ ငွေကြေးလိမ်လည်မှုများမှာ မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် နောက်ပိုင်း ပိုမိုခေတ်စားလာပြီး ပြည်သူအချို့မှာ သိန်းရာနှင့်ချီကာ ဆုံးရှုံးနစ်နာမှုများ ရှိနေခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လူပုဂ္ဂိုလ် (၇၁) ဦးကို ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း (၅၀၀၀) နီးပါးရှိသည့် ‌KBZ pay နှင့် Wave pay အကောင့်အချို့ကို ယာယီပိတ်သိမ်းခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

နစက၏ သတိပေးစာတွင် ဖော်ပြထားသည့် ဖော်ပြချက်များအရ အဆိုပါ အွန်လိုင်းလောင်းကစား လုပ်ငန်းများ ၊ ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့်တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်သူများအား ဆက်လက်ဖော်ထုတ်အရေးယူမည်ဖြစ်ပြီး ပါဝင်လုပ်ကိုင်သူများကိုပါ အရေးယူမည်။ ယင်းလုပ်ငန်းများ လုပ်ကိုင်ရာမှရရှိလာသည့် ငွေကြေးအကျိုးအမြတ်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် TTbet Online Game လောင်းကစားလုပ်ငန်း၊ Golden Gift Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း၊ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application နှင့် U Loan Application စသည့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းများကို ဖော်ထုတ်အရေးယူထားပြီး လူပုဂ္ဂိုလ် (၇၁) ဦးနှင့် ငွေကျပ် သိန်း (၅၀၀၀) ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းအရေးယူထားကြောင်းသိရသည်။

ပုံစာ -Online မှတရားမဝင်လုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား ဖမ်းဆီးရမိသည့် သတင်းဓါတ်ပုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X ပလက်ဖောင်းမှတစ်ဆင့် အီလွန်မက်စ် စုဆောင်းနေ

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား သူနှင့် သားသမီးရယူရန် အဆိုပြုခဲ့ကြောင်း ဝေါစထရိဂျာနယ်(WSJ) က မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။ အမေရိကန်မှ ဆယ်လီ ကလောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ အက်ရှ်လေစိန့်ကလဲယား(အသက် ၂၉)သည် X လူမှုကွန်ရက်တွင် အီလွန်မက်စ်နှင့် စတင်ဆက်သွယ်မိခဲ့ပြီး၊ သူတို့၏ အွန်လိုင်းစကားပြောဆိုများမှတစ်ဆင့် ရင်းနှီးသောအဆင့်သို့ ရောက်ရှိခဲ့သည်။ စိန့်ကလဲယားသည် နောက်ပိုင်းတွင် မက်စ်၏ ကုမ္ပဏီဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ ၂၀၂၃...

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071