Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeNewsLocal Newsအွန်လိုင်းလောင်းကစား လုပ်ငန်းများတွင်ပတ်သက်လုပ်ကိုင်နေသူများနှင့် မှတ်ပုံတင်...

အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင်ပတ်သက်လုပ်ကိုင်နေသူများနှင့် မှတ်ပုံတင် ငှားရမ်းသူများကိုပါ ဖော်ထုတ်အရေးယူမည်ဟုဆို

ယခုနှစ်များတွင် ခေတ်စားလာသည့် အွန်လိုင်းဂိမ်းများနှင့် တရားမဝင်ငွေချေးလုပ်ငန်းများကို ဖော်ထုတ်အရေးယူလျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် Kpay ,Wave စသည့်အကောင့်များဖွင့်လှစ်နိုင်ရန် အခကြေးငွေရယူကာ မှတ်ပုံတင် ငှားရမ်းသူများကိုပါ အရေးယူသွားမည်ဖြစ်ကြောင်း နစက ကသတင်းထုတ်ပြန်သည်။

ယင်းအွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူများနှင့် ငွေချေးလုပ်ငန်းလုပ်ကိုင်သူများသည် မှတ်ပုံတင်တစ်ခုလျင် ကျပ်ငွေ (၁၀၀၀၀) ဖြင့် ငှားရမ်းကာ KBZpay နှင့် Wave pay အကောင့်များ ဖွင့်လှစ်ပြီး အများပြည်သူထံမှ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် အဆိုပါ မှတ်ပုံတင်ငှားရမ်းသူများအနေဖြင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းလည်း နစက က သတိပေးထားသည်။

လတ်တလောတွင် မြန်မာနိုင်ငံအတွင်းရှိ အနုပညာရှင်အချို့နှင့် ဟာသလူရွှင်တော်အချို့အပါအဝင် Social Influencer အချို့သည်ပင် အဆိုပါ အွန်လိုင်းဂိမ်းများအား အခကြေးငွေရယူကာ ၎င်းတို့၏ ပရိသတ်များနှင့် အားပေးသူများအား ဆွဲဆောင်ကြော်ငြာမှုများ ပေါ်တင်လုပ်ဆောင်နေပြီး အစိုးရက အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ပြစ်တင်ဝေဖန်မှုများလည်း ရှိနေသည်။

အွန်လိုင်းဂိမ်းများနှင့် ငွေချေးလုပ်ငန်းအယောင်ပြ၍ ငွေကြေးလိမ်လည်မှုများမှာ မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် နောက်ပိုင်း ပိုမိုခေတ်စားလာပြီး ပြည်သူအချို့မှာ သိန်းရာနှင့်ချီကာ ဆုံးရှုံးနစ်နာမှုများ ရှိနေခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လူပုဂ္ဂိုလ် (၇၁) ဦးကို ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း (၅၀၀၀) နီးပါးရှိသည့် ‌KBZ pay နှင့် Wave pay အကောင့်အချို့ကို ယာယီပိတ်သိမ်းခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

နစက၏ သတိပေးစာတွင် ဖော်ပြထားသည့် ဖော်ပြချက်များအရ အဆိုပါ အွန်လိုင်းလောင်းကစား လုပ်ငန်းများ ၊ ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့်တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်သူများအား ဆက်လက်ဖော်ထုတ်အရေးယူမည်ဖြစ်ပြီး ပါဝင်လုပ်ကိုင်သူများကိုပါ အရေးယူမည်။ ယင်းလုပ်ငန်းများ လုပ်ကိုင်ရာမှရရှိလာသည့် ငွေကြေးအကျိုးအမြတ်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် TTbet Online Game လောင်းကစားလုပ်ငန်း၊ Golden Gift Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း၊ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application နှင့် U Loan Application စသည့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းများကို ဖော်ထုတ်အရေးယူထားပြီး လူပုဂ္ဂိုလ် (၇၁) ဦးနှင့် ငွေကျပ် သိန်း (၅၀၀၀) ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းအရေးယူထားကြောင်းသိရသည်။

ပုံစာ -Online မှတရားမဝင်လုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား ဖမ်းဆီးရမိသည့် သတင်းဓါတ်ပုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071