Saturday, January 31, 2026

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...
HomeCelebrities' Newsအမြန်လမ်းမှာ ခရီးသွား ပြည်သူတွေ...

အမြန်လမ်းမှာ ခရီးသွား ပြည်သူတွေ ဖူးမြော်နိုင်ဖို့ စေတီတည်နေတဲ့ ဖူးစုံ

ဘုရားတည် ကျောင်းဆောက် အလှူအတန်း ကုသိုလ်ဒါနတွေကို အမြဲမပြတ် လုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် ဖူးစုံက အနုပညာရှင် များနဲ့ အတူ အမြန်လမ်း မိုင်၁၁ဝမှာ ခရီးသွား မိဘ ပြည်သူများ ဖူးမြော် နိုင်ဖို့ အတွက် စေတီတည်ထား လှူ ဒါန်းခဲ့ကြောင်း သိရပါတယ်။ ဘုရားထီးတင်ချိန်တိုင်း ကြည် နူးဝမ်းနည်းမှု ဖြစ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ဖူးစုံက….

 

“၃ရက်နေ့ကျရင် မိုင် ၁၁ဝမှာ ထီးတင်မယ်။ တခြား ရုပ်ရှင်မင်းသား မင်းသမီးတွေလည်း ပါတယ်။ စေတီ လေးတွေ အမြန်လမ်း မိုင်၁၁ဝမှာ တည်ကြတာ။ ၃ရက်နေ့ကို အကုန် လုံး ထီးတင်ကြမှာပါ။ ပြီးခဲ့တုန်းက လည်း ရွှေဘိုဘက်က ဘုရားတစ်ဆူ ကိုလည်း ထီးတင်တယ်။ ခုနစ်ရက် သားသမီးတွေလည်း ပါပါတယ်။ ထီး တင်တဲ့ အချိန်တိုင်းတော့လည်း ကိုယ်က ကြည်နူးပြီး ဝမ်းနည်းရတယ်။ ကြည်နူးတာလည်း ပါတယ်။ ဝမ်း နည်းတာလည်း ပါတယ်။ ဘာဖြစ်လို့ လဲ မသိဘူး။ အဲဒါတော့ တစ်ပြိုင်နက် တည်းခံစားရပါတယ်”  လို့ပြောပါတယ်။  ဖူးစုံက ဘာသာရေးကိုလည်း အမြဲမ ပြတ် လုပ်ဖြစ်ကာ အဓိဌာန် ဝင်တတ် သလို အလှူအတန်းတွေလည်း တောက်လျှောက်လုပ်ဖြစ်ပြီး ပြင်ဦး လွင်မြို့ပျဉ်ဇာမှာလည်း ယောဂီတွေ အတွက် ကျောင်းဆောက်လုပ် လှူ ဒါန်းထားတယ်လို့ သိရပါတယ်။ “ကျောင်းဆောက်တယ် ဆို လည်း လာမယ့် ယောဂီတွေ တရား ထိုင်နိုင်ဖို့။ နေလေမိုး လုံနိုင်ဖို့။ လာ ပြီး ကိလေသာတွေ ပယ်ဖျက်နေတဲ့ ယောဂီတွေ အားလုံး အေးချမ်းစွာ တရားအားထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ကျောင်းဆောင်ဆောက်တယ်။ အခု စေတီ တည်တယ်ဆိုရင်လည်း အမြန်လမ်းကသွားတဲ့ ခရီး သည်တွေ ဖူးမြော်နိုင် ဖို့အ တွက် ရည်ရွယ်ပြီး တည်ဖြစ် တာပါ”လို့ ဖူးစုံက ပြောပါ တယ်။  လတ်တလောမှာ ဖူးစုံက ဒါရိုက်တာ ဦးဇော်မင့်ဦးနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး ဒီဇင်ဘာ ၃ဝရက်နေ့မှာ ဖျော်ဖြေမယ့် တော်ဝင်နှင်းဆီ အငြိမ့်မှာလည်း မင်း သမီး တစ်ဦးအနေနဲ့ ပါဝင်ကပြသွား မှာ ဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင် 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071