Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsအောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ စိန်ခေါ်ပွဲ...

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ စိန်ခေါ်ပွဲ မနက်ဖြန် စတင်ထိုးသတ်မည်

(Unicode)

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ စိန်ခေါ်ပွဲ မနက်ဖြန် စတင်ထိုးသတ်မည်

MMA မြန်မာဖိုက်တာ အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ နှစ်ဦး၏ စိန်ခေါ်ပွဲကို မနက်ဖြန်(ဖေဖော်ဝါရီ ၂၅ )ရက်တွင် စင်ကာပူနိုင်ငံ၌ စတင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲကို One Championship က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး၊ ယှဉ်ပြိုင်ထိုးသတ်မည့် အာကစားမားနှစ်ဦး၏ တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသတ်ပွဲတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ကာ ယင်းအနက် ကမ္ဘာ့ချန်ပီယံလုပွဲ နှစ်ပွဲနှင့် စိန်ခေါ်ပွဲ ၁၀ ပွဲထည့်သွင်းထားပြီး၊ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအတွက် လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသားအဘာဆော့ဗ်တို့ ယှဉ်ထိုးသတ် မည်ဖြစ်သည်။

လိုက်ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆာ ကမ္ဘာ့ချန်ပီယံလုပွဲအတွက် လက်ရှိချန်ပီယံ ယူကရိန်းနိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့က ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည်။

အခြားစိန်ခေါ်ပွဲများအဖြစ် အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ် တို့ တွဲဆိုင်းအပါအဝင် ရာဟူ(အိန္ဒိယ)နှင့်ဇမ်ဘိုရီဂါ(ဖိလစ်ပိုင်)၊ ယီဘို (တရုတ်)နှင့် ပါအူးတေးစ်(စပိန်)၊ ဆီမို့စ် (ဘရာဇီး)နှင့် ဒန်နီရာယ်လ်(ရုရှား)၊ မာတင်(သြသတြေးလျ)နှင့် ဆန်ဒေးလ်(ဆွီဒင်)၊ ခရစ္စရှော(စကော့တလန်)နှင့် ဗယ်လယ်ဒီမာ(ရုရှား)၊ ဒါဆေးလ်ဗား (ဘရာဇီး)နှင့် ဇီဘာစတန်(ဆွီဒင်)၊ ဖေဘီစီယို(ဘရာဇီး)နှင့် ဂျေမီရီ(ဖိလစ်ပိုင်)၊ ဂူတို(ဘရာဇီး)နှင့် ဘရူနို (ပေါ်တူဂီ) အန်ရီကို(ဂျာမနီ)နှင့် အိုဇီချန်(တူရဂီ)တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ နှစ်ဦးသည် ၂၀၁၇ ခုနှစ်ဇန်နဝါရီလက ပထမအကြိမ်ထိုးသတ်ခဲ့ရာတွင် ဘစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ရကာချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ယင်းနှစ် ဇွန်လတွင် ဒုတိယအကြိမ် ထပ်မံထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က အမှတ်ဖြင့် ပြန်လည်အနိုင်ရရှိပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

ယခု ထိုးသတ်မည့် ပွဲသည် ငါးနှစ်အကြာမှ ၄င်းတို့နှစ်ဦး ပြန်လည် ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

(Zawgyi)

ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္တို႔ စိန္ေခၚပြဲ မနက္ျဖန္ စတင္ထိုးသတ္မည္

MMA ျမန္မာဖိုက္တာ ေအာင္လအန္ဆန္ႏွင့္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဗစ္ဒက္ရွ္တို႔ ႏွစ္ဦး၏ စိန္ေခၚပြဲကို မနက္ျဖန္(ေဖေဖာ္ဝါရီ ၂၅ )ရက္တြင္ စင္ကာပူႏိုင္ငံ၌ စတင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲကို One Championship က စီစဥ္ျပဳလုပ္ျခင္းျဖစ္ၿပီး၊ ယွဥ္ၿပိဳင္ထိုးသတ္မည့္ အာကစားမားႏွစ္ဦး၏ တတိယအႀကိမ္ေျမာက္ စိန္ေခၚထိုးသတ္ပြဲတစ္ခုလည္း ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ယွဥ္ၿပိဳင္ထိုးသတ္မည့္ တြဲဆိုင္း ၁၂ ပြဲ ပါဝင္မည္ျဖစ္ကာ ယင္းအနက္ ကမာၻ႔ခ်န္ပီယံလုပြဲ ႏွစ္ပြဲႏွင့္ စိန္ေခၚပြဲ ၁၀ ပြဲထည့္သြင္းထားၿပီး၊ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ လုပြဲအတြက္ လက္ရွိခ်န္ပီယံ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါႏွင့္ စိန္ေခၚသူ ကာဂ်စၥတန္ ႏိုင္ငံသားအဘာေဆာ့ဗ္တို႔ ယွဥ္ထိုးသတ္ မည္ျဖစ္သည္။

လိုက္ဟဲဗီးဝိတ္တန္း ကစ္ေဘာက္ဆာ ကမာၻ႔ခ်န္ပီယံလုပြဲအတြက္ လက္ရွိခ်န္ပီယံ ယူကရိန္းႏိုင္ငံသား ႐ိုမန္ႏွင့္ စိန္ေခၚသူ နယ္သာလန္ႏိုင္ငံသား မူရတ္တို႔က ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အျခားစိန္ေခၚပြဲမ်ားအျဖစ္ ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္ တို႔ တြဲဆိုင္းအပါအဝင္ ရာဟူ(အိႏၵိယ)ႏွင့္ဇမ္ဘိုရီဂါ(ဖိလစ္ပိုင္)၊ ယီဘို (တ႐ုတ္)ႏွင့္ ပါအူးေတးစ္(စပိန္)၊ ဆီမို႔စ္ (ဘရာဇီး)ႏွင့္ ဒန္နီရာယ္လ္(႐ုရွား)၊ မာတင္(ၾသသေၾတးလ်)ႏွင့္ ဆန္ေဒးလ္(ဆြီဒင္)၊ ခရစၥေရွာ(စေကာ့တလန္)ႏွင့္ ဗယ္လယ္ဒီမာ(႐ုရွား)၊ ဒါေဆးလ္ဗား (ဘရာဇီး)ႏွင့္ ဇီဘာစတန္(ဆြီဒင္)၊ ေဖဘီစီယို(ဘရာဇီး)ႏွင့္ ေဂ်မီရီ(ဖိလစ္ပိုင္)၊ ဂူတို(ဘရာဇီး)ႏွင့္ ဘ႐ူႏို (ေပၚတူဂီ) အန္ရီကို(ဂ်ာမနီ)ႏွင့္ အိုဇီခ်န္(တူရဂီ)တို႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္တို႔ ႏွစ္ဦးသည္ ၂၀၁၇ ခုႏွစ္ဇန္နဝါရီလက ပထမအႀကိမ္ထိုးသတ္ခဲ့ရာတြင္ ဘစ္ဒက္ရွ္က အမွတ္ျဖင့္ အႏိုင္ရကာခ်န္ပီယံဆု ကာကြယ္ႏိုင္ခဲ့ေသာ္လည္း ယင္းႏွစ္ ဇြန္လတြင္ ဒုတိယအႀကိမ္ ထပ္မံထိုးသတ္ခဲ့ရာ ေအာင္လအန္ဆန္က အမွတ္ျဖင့္ ျပန္လည္အႏိုင္ရရွိၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု ကို ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။

ယခု ထိုးသတ္မည့္ ပြဲသည္ ငါးႏွစ္အၾကာမွ ၄င္းတို႔ႏွစ္ဦး ျပန္လည္ ယွဥ္ၿပိဳင္ထိုးသတ္မည့္ ပြဲတစ္ပြဲလည္း ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071