(Unicode)
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းပေါက်ကွဲမှုများဖြစ်
ရန်ကုန် အောက်တိုဘာ ၂၅
ယမန်နေ့ နေ့လည် ၂နာရီကျော်အချိန်က အောင် မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
၂နာရီ ၅မိနစ်အချိန်က တနင်္သာရီလမ်း အမှတ် (၁)ရေချိုးသန့်စင်ခန်းအနီးက အမှိုက်ပုံးအတွင်းတွင်လည်းကောင်း၊ နေ့လည် ၂ နာရီ ၁၀ မိနစ်အချိန်က တောင်ကြီးလမ်း၊ စခန်းတာဝန်ခံရုံးထောင့်ရှိအမှိုက်ပုံးအတွင်းတွင်လည်းကောင်းပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပဲ အမှိုက်ပုံး ၂လုံး ပျက်စီးခဲ့ကြောင်း သိရပါတယ်။
(Zawgyi)
ရန်ကုန် အောက်တိုဘာ ၂၅