ဟာသသရုပ်ဆောင် မွန်လေးဟာ အရည်ပြန်ဖြည့်စရာမလို၊ တန်းစီစရာမလိုတဲ့ အောက်ဆီဂျင်စက်တစ်လုံးကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အဲဒီစက်ဟာတန်ဖိုးအားဖြင့် ၃၆သိန်းရှိပြီးတော့ ၂၄နာရီ အသုံးပြုနိုင်ပါတယ်။
မရှိဆင်းရဲသားတွေ၊ အခက်အခဲဖြစ်နေသူတွေ အတွက် အဓိကရည်ရွယ် လှူဒါန်းတာဖြစ်ပြီး လိုအပ်နေတဲ့အချိန်မှာ ငှားရမ်းအသုံးပြုနိုင် တယ်လို့သိရပါတယ်။
လိုအပ်နေတဲ့သူတွေကို အိမ်တိုင်ရာရောက်လိုက်လံ ပို့ဆောင်ချင်ပေမယ့်လည်း မွန်လေး အနေနဲ့က လက်ရှိအချိန်မှာ Covid positive ဖြစ်နေတဲ့အတွက် သီးသန့်ခွဲခြားနေထိုင်နေရပြီး အနံ့ပျောက်တာ နဲ့အဖျားတက်တာတွေဖြစ်နေတယ် လို့သိရပါတယ်။
ပေါ်ပြူလာက ဆက်သွယ်မေးမြန်းရာ မွန်လေးက “ဒီစက်ကို အိမ်တိုင်ရာရောက် လိုက်ပေးချင်ပေမယ့် ဂရုစိုက်နေတဲ့ကြားက ကိုဗစ်ဖြစ် သွားတော့ အိမ်ထဲမှာပဲနေနေရတာပေါ့၊ ပြန်ကောင်းရင်တော့ အိမ်တိုင်ရာရောက်လိုက်ပိုပေးမှာပါ၊ အောက်ဆီဂျင်တန်းစီနေရသူတွေ ကို လည်း ထမင်းဗူးနဲ့ ကျန်းမာရေးဆက်စပ်ပစ္စည်းတွေ လှူဖိုပြင်ဆင်ထားတယ်” လို ဖြေကြားခဲ့ပါတယ်။