Friday, August 14, 2026

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်...

နေပြည်တော်၊ ဩဂုတ် - ၁၄ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း...

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး...

ရန်ကုန်၊ ဩဂုတ် - ၁၄ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်...

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN...

ရန်ကုန်၊ ဩဂုတ် - ၁၄ မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont...

ဝန်ကြီးချုပ် အနုတင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အမှတ်...

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နာခွန်ရာချာစီမာရှိ လေတပ်စခန်း အမှတ် (၁) သို့ ရောက်ရှိလာခဲ့ပြီး၊ အရေးကြီးပုဂ္ဂိုလ် (VIP)...
HomeInternationalအီရန် New Development...

အီရန် New Development Bank သို့ မကြာမီ ဝင်ရောက်မည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

အီရန်နိုင်ငံသည် BRICS အဖွဲ့က တည်ထောင်ထားသည့် New Development Bank (NDB) သို့ မကြာမီ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ အဗ္ဗဒူလ်နာဆာ ဟမ်မာတီက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်နေသည့် ဟမ်မာတီက BRICS ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် ရလဒ်တစ်ခုမှာ NDB တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရန်အနေဖြင့် မကြာမီ ဘဏ်၏အဖွဲ့ဝင်ဖြစ်လာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အီရန်၏ NDB အဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း NDB ၏ ကော်ပိုရိတ်ဆက်သွယ်ရေးဌာနက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။

အီရန်သည် ၂၀၂၄ ခုနှစ်တွင် BRICS အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးနောက် NDB ၏ အဖွဲ့ဝင်နှင့် ရှယ်ယာရှင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

NDB ကို အခြေခံအဆောက်အအုံနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ပေးရန် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအကြား အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချပြီး သက်ဆိုင်ရာနိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်မှုနှင့် ငွေကြေးလွှဲပြောင်းမှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ အီရန်အနေဖြင့်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံ၊ သုံးနိုင်ငံအလိုက် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း ဟမ်မာတီက ပြောကြားခဲ့သည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့် သတ်မှတ်ထား

နေပြည်တော်၊ ဩဂုတ် - ၁၄ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မိုးဇလ၏ ယနေ့ မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်သည်...

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး FIFA၊ AFC တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေ

ရန်ကုန်၊ ဩဂုတ် - ၁၄ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း လိဂ်အကြိုအစည်းအဝေးမှ သိရသည်။ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များကို ဩဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၄...

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN Muangnont နှင့် ခြေစမ်းပွဲယှဉ်ပြိုင်

ရန်ကုန်၊ ဩဂုတ် - ၁၄ မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont အသင်းနှင့် သတ္တမမြောက် ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါ ခြေစမ်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းနှစ်သင်းအကြား သဘောတူညီချက်အရ မိနစ် ၃၀ စီဖြင့် လေးပိုင်းခွဲကာ စုစုပေါင်း မိနစ် ၁၂၀ ကြာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းသို့ ယှဉ်ပြိုင်ရာတွင် ရန်ကုန်စီးတီးအသင်းက နှစ်ပိုင်းအနိုင်ရရှိခဲ့ပြီး တစ်ပိုင်းသရေကျခဲ့ကာ VRN Muangnont...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071