သရုပ်ဆောင် ပတ်ထရစ်ရှာက အခုလတ်တလောမှာတော့ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးတဲ့ Night light In Yangon (ရန်ကုန်မြို့ရဲ့ည) ရုပ်ရှင် ဇာတ်ကားမှာ အောင်ရဲလင်းနဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ် ကားထဲမှာ သူ့ရဲ့ကာရိုက်တာက မိသားစု အဆင်မပြေလို့ ကလပ်မှာ အလုပ် လုပ်ရင်းနဲ့ စပွန်ဆာရှာတဲ့ ကောင်မလေးတစ်ယောက် နေရာကနေ ပါဝင် သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကာရိုက်တာက သူတစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာ တစ်ခုဖြစ်ကြောင်းကို ပတ်ထရစ်ရှာက
“တစ်ခါမှ မရိုက်ဖူးသေးဘူး။ ရိုက်လည်း ရိုက်ကြည့်ချင်တဲ့ ဇာတ်ကား ကလေး။ နောက်ပြီးတော့ ကိုယ်ဇာတ်နာရမယ့် ဇာတ်မျိုးလေး။ ဒရာမာဘက်ကို လည်း သွားတယ်။ ကိုယ်လုပ်ဆောင်ရမယ့် ဇာတ်မျိုးလေးပါ။ အဲဒီလိုမျိုးလေး လုပ်ရတာကြိုက်တယ်။ ဒီဇာတ်အတွက် ရင်ခုန်မှုလည်း ရှိတယ်။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေ အတွက်ကလည်း တာဝန် တအားကြီးတယ်လို့ ခံစားရပါ တယ်။ ဒီကာရိုက်တာအတွက် ပြင်ဆင်ထားတာတွေ ကတော့ အများကြီးပဲ။ ကလပ်မှာ ညဘက် အလုပ်လုပ်ရတဲ့ ကောင်မလေးပုံစံဆိုတော့ အဝတ်စားဒီဇိုင်း ဟော့ရှော့ဖြစ်နေအောင်လည်း စီစဉ်ထားတယ်။ မိတ်ကပ်ပိုင်းတွေလည်း ပြင် ဆင်ထားတယ်။အဝတ်စားတွေလည်း ဝယ်ထားတာ အများကြီးပဲ။ အဲဒီထဲကမှ သေချာပြန်ရွေးရမယ်။ ကိုယ်လုပ်ရမယ့်အိုက်တင်အတွက် စဉ်းစားရတာလည်း ခေါင်းတွေတောင် ပူနေပါပြီ။ ခေါင်းဆောင်မင်းသမီးပေါ့နော်။ ကိုယ်လုပ်ရတဲ့ ဇာတ်ကလေး ဆိုရင် ဒါက ပထမဆုံးရုပ်ရှင် ဇာတ်ကားကြီး အနေနဲ့ ကမ်းလှမ်း ခြင်းခံရတာဆိုတော့ ညီမမှာ တာဝန်အများကြီး ရှိတယ်” လို့ ပြောပါတယ်။
ဇာတ်လမ်းဇာတ်ကွက် ကာရိုက်တာကို သေချာ စီစစ်ရိုက်ကူးလေ့ရှိပြီး သူသဘောကျ နှစ်သက်တဲ့ ဇာတ်ကားမျိုးကိုသာ ဦးစားပေး ရိုက်ကူးတက်တဲ့ အတွက် ကိုယ့်စိတ်ကြိုက်ဇာတ်ကားတွေကို ကိုယ်ကိုယ်တိုင်ထုတ်လုပ်ရေး လုပ်ပြီး ရိုက်ကူးသွားဖို့ရှိမလားဆိုတော့ ပတ်ထရစ်ရှာက…
“တစ်နေ့ပေါ့နော်။ ညီမချစ်တဲ့ အားကျရတဲ့ မအူဝဲ၊ မမိုးဟေကို တို့လိုမျိုး စီနီယာဘက် ရောက်သွားရင်တော့ အဲဒီလိုမျိုး အတွက် စဉ်းစားထားပါတယ်။ အခုတော့ မစဉ်းစားသေးပါဘူး။ ညီမက တအားငယ်သေးတယ်။ ညီမအား ကျရတဲ့ လေးစားရတဲ့ စီနီယာကြီးတွေ သူတို့လိုနေရာမျိုးရောက်ဖို့ ဆိုတာကလည်း တအား လိုပါသေးတယ်။ အများကြီး ကြိုးစားရအုံးမယ်။ ပြောရမယ်ဆိုရင် သူ တို့ ခြေဖျားတောင် မမီပါသေးဘူး။သရုပ်ဆောင်တာရော စကားပြော တာ ဆိုတာတွေရော သူတို့ဆီက အများကြီး သင်ယူရအုံးမှာပါ။ သူတို့ကို တအား အားကျရပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်