Saturday, May 23, 2026

နေပြည်တော်စည်ပင်က လျှပ်စစ်အမှိုက်သိမ်းယာဥ်(၃) စီးဝယ်ယူမည်

နေပြည်တော်စည်ပင်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအား တို-က်ရို-က်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာအား...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂...

ဖလမ်းမြို့သို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများ ပြန်လည်ဝင်ရောက်မြို့သန့်ရှင်းရေးလုပ်ငန်းများလည်း...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများသည် ဖလမ်းမြို့အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်သဖြင့် ယနေ့...
HomeInternationalအိုက်စလန်မှာ ပထမဆုံး အကြိမ်...

အိုက်စလန်မှာ ပထမဆုံး အကြိမ် ခြင်တွေ့

အန္တာတိကတိုက်နှင့်အတူ အိုက်စလန်ကျွန်းနိုင်ငံ သည် သွေးစုပ်ပိုးမွှားများ ကင်းစင်သော ကမ္ဘာ့ နေရာအနည်းငယ်တွင် ကာလကြာရှည်စွာ ပါဝင်ခဲ့သည်။

ကမ္ဘာပေါ်တွင် ကာလကြာရှည်စွာ ခြင်ကင်းစင်သော နေရာတစ်ခုဖြစ်သည့် အိုက်စလန်ကျွန်းနိုင်ငံတွင် ပထမဆုံးသော ခြင်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သုတေသီတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ သည်ဟု သိရသည်။ ကူလီစီတာ အန်နူလာတာ ခြင် ၃ ကောင်၊ ခြင်အမ ၂ ကောင် နှင့် အထီး ၁ ကောင်တို့ကို မြို့တော် ရေကယာဗစ် မြောက်ဘက် ကီလိုမီတာ ၃၀ (မိုင် ၂၀) အကွာတွင် မြင်တွေ့ခဲ့ရကြောင်း အိုက်စလန် သဘာဝသိပ္ပံ အင်စတီကျုမှ ပညာရှင် မက်သီးယပ်စ် အဲဖရက်ဆင် က ပြောကြားခဲ့ကြောင်း သိရသည်။

ပိုးမွှားတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ပြီး ဝိုင်ကြိုးတွေကနေ စုဆောင်းခဲ့တာပါ” လို့ သုတေသီက ဝိုင်အပူထဲကို သကြားထည့်ဖျော် အဲဒီအရည်ထဲကို ချည်မျှင်ကြိုးနှစ်ပြီး စိမ်တဲ့နည်းကို ရည်ညွန်းကာ အင်းဆက်ပိုးမွှားတွေကို အချိုအရ သာနဲ့ဆွဲ ဆောင်ဖို့အတွက် အဲဒီအပူပေး ထားတဲ့ဝိုင် ထဲ သကြားထဲ့ဖျော်ထားတဲ့ ဝိုင်အချိုရည်ထဲနှစ် ပြီး စိမ်ထားတဲ့ ချည်မျှင်ကြိုးကို ချိတ်ဆွဲထား တဲ့ နည်းနဲ့ ခြင်တွေကို ဖမ်းယူပါတယ် လို့ သုတေသီ က ပြောပြကြောင်း သိရသည်။

“ဒါဟာ အိုက်စလန်ရဲ့ သဘာဝပတ်ဝန်း ကျင်မှာ ပေါက်ပွားတဲ့ ခြင်တွေရဲ့ ပထမဆုံး မှတ်တမ်းပါပဲ။ အေးဒီးစ် နီဂရိပီးစ် (အာတိတ်ခြင်မျိုးစိတ်) ကို ကက်ဖလာဗစ် လေဆိပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက လေယာဉ်တစ်စင်းပေါ်ကနေ စုဆောင်းခဲ့ ပါတယ်” လို့ အယ်လ်ဖရက်ဆင် က ပြောကြားပြီး “ကံမကောင်းစွာနဲ့ အဲဒီမျိုးစိတ်က ပျောက်ဆုံးသွားပါတယ်” ဟု အယ်လ်ဖရက်ဆင် က ပြောကြားခဲ့သည်။

Ref: အေအက်ဖ်ပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်စည်ပင်က လျှပ်စစ်အမှိုက်သိမ်းယာဥ်(၃) စီးဝယ်ယူမည်

နေပြည်တော်စည်ပင်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအား တို-က်ရို-က်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာအား ယနေ့ မေ ၂၂ ရက်ကဖွင့်ဖောက်စစ်ဆေးခဲ့သည်။ အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီမှရောင်းချမည့် Dongfeng Leaf Collector Vehicle နှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာအချက်အလက်များနှင့် အသုံးပြုမှုတို့ကိုရှင်းလင်းတင်ပြပြီးနောက် တင်သွင်းသည့် လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအတွက် ဈေးနှုန်းအဆိုပြုလွှာကို ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့သည်။

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊ ဂေါဝိန်ဆိပ် အဓိကကုန်စည်ဂိတ်ဖြစ်လာ

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို မန္တလေးမြို့သို့ သယ်ယူရာတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် အခွန်လွတ်ဈေးများမှ ကုန်စိမ်း၊ သားငါးနှင့် စားသောက်ကုန်များကို စစ်ကိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင်လည်းကောင်း ယခင်ကဲ့သို့ ကားလမ်းမှ တိုက်ရိုက်သယ်ယူခြင်း မပြုတော့ဘဲ ဧရာဝတီမြစ်ကို ဖြတ်ကျော်သည့် ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုအတွက် စစ်ကိုင်းတံတားသစ် (ရတနာပုံတံတား) ကို အဓိကအသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင်...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၃၃) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၂၇)ဦးကိုလည်း လုပ် ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071